Saturday, March 4, 2017
နာဂဒေသမှာ ချောင်းဆိုးပြီး လူ ၁၄ ဦးသေဆုံး
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသအတွင်း ရွာတရွာမှာ အပြင်းအထန်ချောင်းဆိုးရောဂါကြောင့် ကလေးတစ်ဦးအပါအ၀င် လူ ၁၄ ဦးသေဆုံးသွားပါတယ်။
သေဆုံးသူအများစုမှာ သက်ကြီးပိုင်းတွေဖြစ်ကြပြီး ဘာကြောင့်ဖြစ်တယ် ဆိုတာတော့ကျမ်းမာရေးဝန်ထမ်းတွေ မသွားနိုင်သေးတာကြောင့် အတိအကျမသိရသေးဘူးလို့နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဥက္ကဌ ဦးကေစိုင်းက ပြောပါတယ်။
ရောဂါဖြစ်ပွားတဲ့ ရွာဟာ တွေးထွေနောက်ကုန်းအုပ်စုလောနောကုန်းကုန်းရွာမှာဖြစ်ပြီး ဖေဖော်ဝါရီိလကုန်ပိုင်းနဲ့ မတ်လဆန်းပိုင်းတွေမှာသေဆုံးခဲ့တာလို့ ဥက္ကဌ ဦးကေစိုင်းက ပြောပါတယ်။
"အရင်ကတော့မဖြစ်ဘူးဗျ၊ ကပ်ရောဂါသဘောမျိုးလည်းမဟုတ်ဘူး၊ ပုံမှန်ဖြစ်တဲ့အနေအထားပဲထင်တယ်၊ ပြောပုံအရတော့ ချောင်းဆိုးတယ်၊ ရင်ကြပ်တယ်အဲ့ပုံစံမျိုး၊ နောက်လေပြွန်ရောင်တဲ့ရောဂါပုံစံမျိုးပေါ့၊ လူကြီးပိုင်းတွေများပါတယ်၊ ကလေးက ၂ နှစ်ကျော်ကျော် တစ်ယောက်ပါပါတယ်"
ခုလိုရောဂါဖြစ်ပွားတာကို မတ်လ၂ ရက်နေ့ကမှ သတင်းရရှိတာဖြစ်ပြီးရှေ့ပြေးအဖွဲ့တဖွဲ့ စေလွတ်ထားတယ်လို့ ဆိုပါတယ်။ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာကျန်းမာရေးဌာနက ဆရာဝန်ဆရာမများသွားရောက်ဖို့ရှိပါတယ်။ ခုလိုရောဂါဖြစ်ပွားမူကိုအနီးအနားရွာတွေမှာ သတင်းမကြားရသေးဘူးလို့ ဆိုပါတယ်။
လောနေကုန်းကုန်းရွာဟာ လဟယ်မြို့က နေ မိုင် ၅၀ ခန့်ဝေးပြီး မော်တော်ဆိုင်ကယ်နဲ့သွားလာနိုင်တယ်လို့ ဥက္ကဌ ဦးကေစိုင်းကပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
နာဂဒေသမှာ ချောင်းဆိုးပြီး လူ ၁၄ ဦးသေဆုံး
Reviewed by timeayeyar
on
2:59 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment