ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုမပြီးမချင်း ဒီမိုကရေစီတိုက်ပွဲ မပြီးဆုံးသေးကြောင်း ဦးဖြိုးမင်းသိန်းပြော
၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်မှု မပြီးမချင်း ဒီမို ကရေစီတိုက်ပွဲ မပြီးဆုံးသေး ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဖေဖော်ဝါရီ ၂၈ ရက်က ရန် ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီခန်းမတွင် ကျင်းပသည့် ကျောင်းသား သမဂ္ဂအဆောက်အ အုံ ပြန်လည် တည်ဆောက်ရေးအ တွက် ဖြစ်မြောက်ရေးကော်မတီ ဖွဲ့စည်းခြင်းဆွေးနွေးပွဲ၌ ပြော ကြားခဲ့သည်။ ၀န်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ဒီမိုကရေစီအရေး စ တင်လုပ်ဆောင်မှုသည် ကျောင်း သားများဖြစ်ပြီး ကျောင်းသားအာ ဇာနည်များ၏ ယုံကြည်မှုဖြစ် သည့် ကျောင်းသားသမဂ္ဂအ ဆောက်အအုံကို မဖြစ်မနေပြန် လည်တည်ဆောက်ရမည်ဟု လည်းပြောကြားသည်။
‘‘အားလုံးသိတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်လို့မပြီးမချင်း ဒီမိုက ရေစီတိုက်ပွဲမပြီးသေးပါဘူး။ အ ရပ်ဘက်က ဦးဆောင်နိုင်မယ့်အ ထိ ဖွဲ့စည်းနိုင်ဖို့ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးကို ကြိုးပမ်း ကြဦးမှာဖြစ်ပါတယ်။ ဒီကြိုးပမ်းမှု မှာ အဆက်ဆက်သော မျိုးဆက် တွေနဲ့ ဒီမိုကရေစီယုံကြည်တဲ့ သူ တွေ ဆက်လက်လုပ်ဆောင်သွား ရမှာပါ။ ဒီယုံကြည်မှုကို အစ တည်ပေးခဲ့တဲ့ အဆောက်အအုံ က ကျောင်းသားသမဂ္ဂအဆောက် အအုံပဲဖြစ်ပါတယ်’’ဟု ဦးဖြိုးမင်း သိန်းကပြောသည်။
လူထုက ရွေးချယ်တင် မြှောက်ထားသည့် လူထုအစိုးရ တစ်ရပ်အနေဖြင့် လူထုက ယုံ ကြည်စွာ အပ်နှင်းထားသည့် ယုံ ကြည်မှုကို ဘယ်သောအခါမျှ သစ္စာဖောက်မည်မဟုတ်ကြောင်း ၀န်ကြီးချုပ်ကဆိုသည်။
‘‘လူထုရဲ့ ယုံကြည်အပ်နှင်း ထားတဲ့ ယုံကြည်မှုကို ဘယ်တော့ မှ သစ္စာဖောက်မှာမဟုတ်ပါဘူး။ အခုဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေ အနေကို အားလုံးသိဖို့လိုပါတယ်။ ကျွန်တော်တို့ ရုန်းကန်နေရတယ်။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံ ကို ဟန်ပြထူထောင်နေတဲ့အရပ် သားအစိုးရမဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်’’ဟု ဦးဖြိုးမင်း သိန်းကပြောသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦး ၀င်းမြင့်က ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေးကို လက်ရှိ လွှတ် တော်သက်တမ်းအတွင်း ဆောင် ရွက်မည်ဖြစ်သော်လည်း အမျိုး သား ပြန်လည်သင့်မြတ်ရေးကို ဦး စွာဆောင်ရွက်ပြီးမှ အခြေခံ ဥပ ဒေပြင်ဆင်ရေးကို အောင်မြင် အောင် ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ပြောကြားထားသည်။
7Day
Wednesday, March 1, 2017
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုမပြီးမချင်း ဒီမိုကရေစီတိုက်ပွဲ မပြီးဆုံးသေးကြောင်း ဦးဖြိုးမင်းသိန်းပြော
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှုမပြီးမချင်း ဒီမိုကရေစီတိုက်ပွဲ မပြီးဆုံးသေးကြောင်း ဦးဖြိုးမင်းသိန်းပြော
Reviewed by Ar Ti
on
3:42 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment