မြို့ တော်ကာရာကတ်စ် တိရိစ္ဆာန်ရုံက ပိန်ခြုံးပြီး အစာရေစာငတ်မွတ်ပြီးသေဆုံးရတော့မယ့် ဆင်မကြီးဟာ တခါကကြွယ်ဝချမ်းသာခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံရင်ဆိုင်နေရတဲ့ စီးပွားရေးအကြပ်အတည်းကိုဖော်ပြတဲ့
သင်္ကေတပုံရိပ်ဖြစ်လာပါတယ်။
တကယ်တော့ ရူပီတာလို့အမည်ရတဲ့ဆင်မကြီးဟာ သူ့သက်တမ်းအရဆိုရင် နောက်ထပ် နှစ် ၂၀ ဆယ်
လောက်နေဖို့ကျန်ပါဦးမယ်။ ဒါပေမယ့် ၄၆ နှစ်ရှိပြီဖြစ်တဲ့ ဆင်မကြီးဟာ သေမင်းရဲ့တံခါးဝကိုရောက်နေသလိုပိန်ချုံးချိနဲ့နေပါပြီ။
တိရိစ္ဆာန်ရုံက ဆင်တွေကို ဖရုံသီးနဲ့ သင်္ဘောသီးတွေသာကျွေးမွေးနိုင်တာကြောင့် ဆင်တွေ
တကယ်လိုအပ်တဲ့အဟာရကို မပေးနိုင်ပါဘူး။ ဗင်နီဇွဲလားရဲ့မြိုတော်ကာရာကတ်စ် တိရိစ္ဆာန်ရုံက
အစာငတ်မွတ်ပိန်ချုံးနေတဲ့ဆင်မကြီးရဲ့ဓာတ်ပုံဟာ အင်တာနက်ပေါ်မှာပျံ့နှံ့ သွားခဲ့တဲ့နောက်
ဆင်မကြီးအတွက် အစာရေစာတွေကျွေးဖို့ စိတ်စေတနာရှိသူတွေက အပြေးသွားခဲ့ကြပေမယ့် တိရိစ္ဆာန်ရုံ တာဝန်ရှိသူတွေက လက်မခံခဲ့ပါဘူး။
အကြောင်းပြချက်ကတော့ စိတ်မချရတဲ့အစားအသောက်တွေဖြစ်မှာစိုးရိမ်တာကြောင့်၊ အဆိပ်သင့်နိုင်တဲ့
ပစ္စည်းတွေပါဝင်မှာစိုးရိမ်တဲ့အတွက်ကြောင့် လို့အကြောင်းပြပါတယ်။
တိရိစ္ဆာန်ရုံရဲ့ ထုတ်ပြန်ကြော်ငြာချက်မှာ အလုပ်သမားတွေဟာ လှူဒါန်းမှုတွေကိုလက်ခံခွင့်မရှိ။
ဘာကြောင့်လဲဆိုတော့ စိတ်ထားကောင်းတဲ့လူတွေရှိသလို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လူတွေလည်း
ရှိတဲ့အတွက်ကြောင့် ဒီလှူဒါန်းမှုတွေကိုလက်မခံပါလို့ရေးသားထားပါတယ်။
အာဏာပိုင်တွေက အစာရေစာလှူဒါန်းမှုတွေလက်မခံခဲ့ပေမယ့် ကာရာကတ်စ်တိရိစ္ဆာန်ရုံမှာ
ငတ်မွတ်သေဆုံးတဲ့တိရိစ္ဆာန်ကောင်ရေ ၅၀ ရှိပြီဖြစ်ပါတယ်။
ref: Dailymail
SZ(Time Ayeyar_တိုင်းဧရာ) ဘာသာပြန်သည်။
No comments:
Post a Comment