Latest News

Thursday, March 2, 2017

ပြသနာအဟောင်း သို့သော် စိန်ခေါ်မှုအသစ်

 ပြသနာအဟောင်း သို့သော် စိန်ခေါ်မှုအသစ် via Karlu Soe
ပြဿနာအဟောင်း သို့သော် စိန်ခေါ်မှူ အသစ်
*********************************************
မင်းမင်းအောင်၊ မောင်မျိုးထက်
မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှူန်းခန့်သည် အစိုးသစ် လက်ထက်တွင် ဖြစ်ပေါ်လာမည် ဟု တူညီသော မျှော်လင့် ချက်တစ်ခု ရှိသည်။ နိုင် ငံ၏
အဓိက အသက်သွေး ကြောဖြစ်သည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း လုပ်
ကိုင်ကြ သူ ထိုသူတို့က အစိုးရသစ် လက်ထက်တွင် ဆီကိုရေချိုး ဆေးရိုး
မီးလှုံ စပါး တောင်လိုပုံ ပမာ ဖြစ်လာမည် ဟု မျှော်လင့်ကြသည်။
သို့သော်ရာသီဥတု ဖေါက်ပြန်မှူများ နိုင်ငံအနှံ့ ရေလွှမ်းမိုးမှူများ ဖြစ်နေခြင်း နယ်စပ်မှ နှစ်စဉ် ပမာဏ အများအပြား ၀ယ်ယူရာမှ ရပ်ဆိုင်းလိုက် ခြင်း တို့ကြောင့် ဈေးနှူန်းကျဆင်းခြင်း တို့ကိုသာ သူတို့ တွေ့ကြုံ နေဆဲဖြစ်သည်။
နိုင်ငံတွင် အများစု လယ်သမားများသည် ယခုနှစ်တွင်လည်း အကြွေး သံ
သရာ ကနေ ရုန်းမထွက် နိုင်ကြသေးပါ ။
“အရင်နှစ်ကလည်း မမြတ်ပါဘူး၊ ဒီနှစ်လည်း ရှုံးဦးမှာပဲ၊ နောက်နှစ်တော့ ဈေးလေး ကောင်းလာမလား မသိဘူး ၊ကျွန်တော်အသက် က ၆၅ နှစ် နားကပ်နေပြီ၊ ဒီလိုပဲ နှစ်တိုင်းမျှော် နေရတယ်၊ နှစ်ပေါင်းများ ပါပြီ”ဟု
ဖျာပုံမြို့က လယ်သမား တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ တွင် စိုက်ပျိုးဧက ၁၇ သန်းခွဲ ရှိပြီး မိုးစပါး စိုက်ဧက ၁၄
သန်းကျော် နှင့် နွေစပါးစိုက် ဧက နှစ်သန်းခွဲ စိုက်ပျိုးကြပြီး အစိုးသစ်
လက် ထက် တစ်ခုတည်းသော လုပ်ဆောင်ပေးမှူ မှာ စိုက်ပျိုးစရိတ်
ချေးငွေ တစ်ဧက တစ်သိန်းမှ တစ်သိန်းခွဲ အထိ တိုးမြင့် ပေးလိုက်ခြင်း ဖြစ်သည် ဟုလည်း လယ်သမားတို့က ပြောဆိုကြသည်။
“အများကြီး ထူးထူးခြားခြား ပြောင်းလဲလာတာ တော့မတွေ့ ရသေးပါဘူး ၊စပါးဈေးကျတယ် ဒီတော့ လာမယ့်နှစ် ဟာလည်း စပါးစိုက်သူ တိုး လာဖို့ မမြင်ပါဘူး “ ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒု ဥက္ကဌ ဒေါက်တာ
စိုးထွန်း ကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်း နိုင်ငံပိုင် သတင်းစာများက ထုတ်ပြန်ရာတွင် အစိုးရ အနေနှင့် လယ်သမားများ အတွက် ကျပ် ၁၄၀၀ ဘီလီယံ ထုတ်ချေးခဲ့ သော်လည်း ပြန်ရငွေမှာ ကျပ် သိန်း၂၀၀ သာရှိသေးကြောင်း မြန်မာနိုင်ငံ ဆန်းစပါး အသင်းချုပ် ဒု ဥက္ကဌ ဒေါက်တာ စိုးထွန်း က တရားဝင် ထုတ်ပြန်
ချက် များကို ကိုးကားပြောကြားသည်။
လက်မှူလယ်ယာ မှ စက်မှူလယ်ယာ သို့ ကူးပြောင်း လာမှူကြောင့် တောင်
သူ အများ၏ ခိုင်းနွားများမှာ အသုံးမ၀င်တော့ သဖြင့် တောင်သူအများ စုက ကျွဲနွားများကို ရောင်းချခဲ့ရသည်၊ခိုင်း နွားတစ်ကောင် လျှင် ယခင်က ရှစ်သိန်း
ခန့် ရှိသော်လည်း ယခုနှစ်တွင် တစ်ကောင်ကို လေးသိန်း ခန့်အထိ ကျဆင်း သွားသည်။
ထို့အပြင် စပါးစိုက်ပျိုး ရာ၌ ရာသီဥတု မမှန်ခြင်း စပါးအထွက်နဲခြင်း စပါးဈေး ကျခြင်း တို့ကြောင့် အကြွေး နွံနစ်မှူ တို့မှာ တောင်သူများ ဘ၀ကို တစ်နှစ်ထက် တစ်နှစ် နှစ်နေနိုင် ဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီ တိုက်ကြီး မြို့နယ် ဥက္ကဌ ဦးနေဇာလင်း ပြောကြားသည်။
“လယ်သမားတွေရဲ့ ဘ၀ ကလယ်ပြီး ရင်လည်နေ နေဦးမှာပဲ” ဟု ၄င်းကပြော ဆိုသည်။
လယ်တစ်ဧက ကို စပါးစိုက်ပျိုးပါက အရင်း နှစ်သိန်း သုံးသောင်းကျော် ရှိပြီး တစ်ဧကလျှင် စပါးတင်း ၇၀ ခန့် ထွက်ကြောင်း လယ်သမားများ အနေဖြင့် စပါးဈေး လေးသိန်းရရှိ ပါက အရှုံး နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ၊ လေးသိန်း ငါးသောင်း ဈေးဆိုပါက အရင်းရရှိမည် ဖြစ်သော် လည်း စပါးအထွက်နှူန်း ပေါ်မူတည်လျှက် ရှိသည်။
တောင်သူများက စပါးစိုက်ပျိုးရန် အတွက် စိုက်ပျိုးစရိတ် ချေးငွေကို မြန်မာ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးယူလုပ်ကိုင်ပြီး လယ်လုပ်ငန်းများ အဆင်
မပြေ သဖြင့် အပြင်က အတိုးကြီးကြီး ချေးယူကာ မြန်မာလယ်ယာ ဖွံ့ဖြိုးရေး ဘဏ် သို့ပြန်လည် ပေးဆပ်ရ ကြောင်း၊ လယ်သမားများ မှာအကြွေးပတ်
လည် ၀ိုင်းလျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့နယ်မှ လယ်ယာ လုပ်ငန်းကို အနှစ် ၂၀လုပ်ကိုင် နေသော တောင်သူ တစ်ဦးက ပြောကြား
သည်။
“ကျေးဇူး ရှင်တောင်သူ ဦးကြီး များ”ဟု အစိုးရ အဆက်ဆက် တို့ က ခေါ်ဝေါ်ကြသည်၊ထိုသူတို့သည် မြန်မာပြည်၏ ၀မ်းစာ ရိက္ခာ အတွက် လုပ်ဆောင်နေကြ သည့် ဧရာဝတီတိုင်း ဒေသကြီး နှင့် မြန်မာပြည်
လူဦးရေ၏ ၇၀ ရာခိုင်နှူန်း ၀န်းကျင်ရှိသော အင်အားစုကြီးဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေး လှူပ်ရှားမှူ ခေတ်တစ် တစ် လျှောက် နှင့့်
လွတ်လပ် ပြီးစ ခေတ်အတွင်း ထိုအင်အားစုကြီး ၏ ဘ၀ ကို မြန်မာ စာရေးဆရာကြီး မောင်ထင် က “ငဘ “ ၀တ္ထု ဖြင့် ချယ်မှူန်း ခဲ့သည်။
“ကျေးဇူးရှင် တောင်သူ ဦးကြီး လို့  ခေါ်လိုက်တာနဲ့  ကျွန်တော် တို့ လယ်သမား မျိုးဆက်တွေ ကြောက်ရွံ့နေကြပါ ပြီ ။အခေါ် အပြော နားဝင်ချိုလှပေမဲ့ တကယ်တော့” ငဘ” ၀တ္ထု နဲ့ ” ငဘ” ရုပ်ရှင် ထဲက
လိုပါ ပဲ တကယ်တန်း တော့ ခေတ်အဆက်ဆက် မှာ တောင်သူတွေရဲ့
ဘ၀ က ဒုက္ခပင်လယ် ဝေခဲ့ကြပါတယ်” ဟု ပုသိမ်မြို့ မှ အသက် ၇၀
ခန့်ရှိ တောင်သူ ဦးသန်းညွှန့်  က ခေတ်အဆက်ဆက် တောင်သူ လယ်
သမား များဘ၀ ကိုမှတ်ချက်ပြုသည်။
ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့ ကြသော အစိုးရများ အနေဖြင့် တောင်သူ
တို့၏ လယ်ယာ စိုက်ပျိုး စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးရေး အတွက် ဆောင်၇ွက် ကြရာတွင် ကောင်းမွန်သော အချက်များ ရှိသကဲ့သို့ ခါးတောင်းကျိုက်
တစ်ခြား အ၀ှာ တစ်ခြား ဖြစ်နေသည်များ လည်းရှိသည် တောင်သူ တို့ အမှန်တကယ် လိုအပ်သည့် အကူအညီ အထောက် အပံ့များ နှင့် ရရှိသည့် အကူအညီ အထောက်အပံ့များကား ရေသာများ ငါးမရ ဖြစ်ခဲ့ကြသည်၊။
၂၀၁၀ မတိုင်ခင် ကာလ က ဘိုရှီကာ နှင့် ရွှေမေတ္တာ မြေသြဇာ များ မယူ မနေရ အတင်းအဓမ္မ ရောင်းချမှူ ကြောင့် တောင်သူတို့  လယ်၇ှူံး ကြွေတင် မြေယာမဲ့ များ ဖြစ်ခဲ့ကြရ သလို စီမံကိန်း အသီးသီး ကြောင့် လည်းကောင်း ရာသီဥတု သီးနှံဖျက်ပိုး တို့ကြောင့် လည်းကောင်း မြေယာများ လက်လွတ် ဆုံးရှူံး ခဲ့ကြရ ကြောင်း ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရှိ တောင်သူများ
ကဆို သည်။
စားကျက်မြေ နှင့် မြေရိုင်း များတွင် လယ်ယာမဲံ့များ ခွဲဝေ ရရှိရေး၊ လယ်ယာ လုပ်ခွင့် လက်မှတ် ပုံစံ ၇ ရရှိရေး တို့အတွက် တည်ဆဲ ဥပဒေ များ လုပ်ထုံး လုပ်နည်း နှင့် အညီ လျှောက်ထား နိုင်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုး မွေးမြူရေး နှင့် သယံဇာတ သာဘာဝ ပတ်ဝန်း ကျင် ထိမ်းသိမ်းရေး ၀န်ကြီး ဦးဘဟိန်း က နိုဝင်ဘာလ ၁၇ ရက်နေ့ က ကျင်းပ ပြုလုပ်သည့်
ဒုတိယ အကြိမ် ဧရာဝတီတိုင်း ဒေသကြီး လွှတ် တော် တတိယ ပုံမှန် အစည်းအစေး ပထမ နေ့ အစီအစဉ် တွင် ပြောကြားခဲ့ကြောင်း သိရသည်။
“စားကျက်မြေနဲ့ ပတ်သက်ပြိး တည်ဆဲ ဥပဒေ ၁၈၇၆ ခုနှစ် အောက်မြန်မာ
နိုင်ငံ မြေခွန် နှဲ့ အခွန် ဥပဒေ အခန်း ၁၁ နည်း ဥပဒေ ၆၆ မှ ၇၁ အထိပါနဲ့ အညီ အထွေထွေ အုပ် ချုပ်ရေး ဦးစီး ဌာနက ထိန်းသိမ်း ကြီး ကြပ် စီမံခွင့်
ရှိတဲ့ အတွက် ပုံစံ ၇ ရရှိလိုပါက စား ကျက်မြေ ပယ်ဖျက် ခွင့်ရရှိဖို့ လိုပါတယ်၊ ရရှိပါက လုပ်ကိုင်မယ့်မြေနေရာ မှန်ကန် ရေးအတွက် တိုင်း တာမှူတွေ
လုပ်ပြီး လျှောက်ထား လာရင် အခြားနည်းအသုံး ပြုနိုင်တဲ့ မြေများမှအပ စိုက်ပျိုးမြေ များအပေါ် ပုံ စံ ၇ ထုတ်ပေးပါတယ်” ဟု ၀န်ကြီး ဦးဘဟိန်း က ပြောသည်။
တောရိုင်းမြေ များ နှင့် မြေရိုင်းများ ကို လယ်ယာမဲ့ တောင်သူ လယ်သမား
များ ကိုခွဲ့ဝေ ချထား ပေးရေး နှင့်ပတ်သက်၍ မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ ၃ အရ စိုက်ပျိုး လုပ်ကိုင်လိုသူ များအနေဖြင့် ဧက
၅၀ နှင့်အောက် ဆိုပါက တိုင်းဒေသ ကြီး မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှူ အဖွဲ့ သို့ ခွင့်ပြုမိန့် ရယူ လျှောက်ထား နိုင်ကြသည်။
“ အချို့သော တောင်သူတွေက စားကျက်မြေ တွေပေါ်မှာ လယ်စိုက်နေတာ အနှစ် ၂၀ လောက် ရှိနေပါပြီ၊ သူတို့တွေကို ပုံစံ ၇ ထုတ်ပေး သင့် ပါတယ်၊
ပုံစံ ၇ ရရှိပါမှ လယ်ယာ စိုက်သူ အားလုံး စိုက်ဘဏ်ချေးငွေ ရရှိခံစားနိုင် မှာဖြစ်ပါတယ်၊ ငပုတော မြို့နယ်အတွင်းမှာ စားကျက်မြေ ၇၈၉၉ ဧက ၊တော ၇ိုင်းမြေ ၁၁၂၅၈၁ ဧက၊ မြေရိုင်း ၁၀၅၅၈ ဧက နှင့် စိုက်ပျိုးမြေ ၃၃၀၅ ဧက ရှိနေပါတယ် တောရိုင်းမြေတွေ စိုက်ပျိုးနိုင်တဲ့ မြေရိုင်းတွေ ၊ စားကျက် မြေ အဖြစ် ကျန်ရစ်နေတဲ့ မြေအားလုံးကို လယ်ယာမဲ့တွေကို ခွဲဝေပေးနိုင်မှသာ ကျေးလက်ဒေ သ ဖွံ့ဖြိုး တိုးတက်ရေး နဲ့ ဆင်းရဲမှူ လျှော့ချရေးကို အထောက် အကူ ပြုနိုင်မှာ ဖြစ်တယ် “ဟု ငပုတော မြို့နယ် မဲဆန္ဒနယ်မြေ ၁ မှ တိုင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးသိမ်း ကဆို သည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ စားကျက်မြေဧက ၃ သိန်းကျော်ရှိရာ မြေ ဧကပေါင်း ၁၉,၂၂၂၃ ဒသမ ၅၃ ဧကကို စားကျက်မြေ အဖြစ်မှ ပယ်ဖျက်
လိုက် ကြောင်းကို ပြည်ထဲရေးဝန်ကြီး ဌာနမှ ၂၀၁၆ ဇန်န၀ါရီလ ၈ ရက်နေ့
က ခွင့်ပြုခဲ့ပြီး စားကျက်မြေအဖြစ်မှ ပယ်ဖျက်မည့် မြေများတွင် ကျေးရွာပေါင်း ၉၅၃ ရွာ ပါဝင်နေကြောင်း ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်မှ စ၍ လက် ရှိ အချိန် ထိ စိုက်ပျိုးနေသည့် တောင်သူ ၃၄၀၃၀ ဦး မှာ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံ တင် ပုံစံ(၇) ကိုရရှိသွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး အတွင်း မြို့ နယ်ပေါင်း ၂၆ မြို့နယ်ရှိ သည့်အနက် သာပေါင်းမြို့နယ်မှာ စားကျက်မြေအဖြစ်
မှ ပယ်ဖျက်ခွင့် လျှောက်ထားမှုမရှိ ခဲ့ပဲ ကျန် ၂၅ မြို့နယ် မှ ကျေးရွာများနှင့်စိုက် ပျိုး လုပ်ကိုင် လျှက်ရှိ သော တောင်သူ လယ်သမား များ မှ စားကျက်မြေအဖြစ်
မှ ပယ်ဖျက်ပေး ရန်တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း ဧရာဝ တီတိုင်း ဒေသကြီး အစိုး ရအဖွဲ့ မှ သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်း ခရိုင် ၆ ခရိုင်ရှိသည့်အနက် စားကျက်မြေ အဖြစ်မှ ပယ်ဖျက်ခွင့်ရရှိသည့် ဧကအများဆုံး ခရိုင်မှာ ပုသိမ် ခရိုင်ဖြစ်ကာ
ဧက ၇၀၁၄၀ ဒသမ ၅၄ ဧကအထိ ပယ်ဖျက် ရမည် ဖြစ် ကြောင်း ကျေးရွာများ တည်ထောင်နေထိုင်မှု အများဆုံး လည်းဖြစ်ပြီး ရွာပေါင်း ၃၅၆ ရွာကို ကျေး ရွာမြေ အဖြစ် သတ်မှတ်ပေးရမည် ဖြစ်ကြောင်း ၊တောင်သူ ၃၄၅၅ ဦး လယ် ယာမြေ လုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇) ကိုရရှိသွားမည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ၏့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ စာရင်း မှတ်တမ်း များ တွင် ဖေါ်ပြပါ ရှိသည်။
“လယ်ယာမြေ လုပ်ကိုင်ခွင့် ပုံ ၇ နဲ့ မြေကြီးမြေပုံ ပုံစံ ၁၀၅ ရရှိပြီး ပေမဲ့ စိုက်
ပျိုး စရိတ် ချေးငွေ မရတဲ့ တောင်သူ တွေ ရှိနေသေး တယ်” ဟု မအူပင် မြို့ရှိ ပြည်သူ အင်အား ကွန်ရက် မှ သတင်းပြန်ကြား တာဝန်ခံ ဦးမင်းဇော်က The Voice သို့ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်း တွင်လွဲမှားခဲ့သော စီမံကိန်း လုပ်ငန်းများ ၊ ဌာနဆိုင်ရာဝန်ထမ်း အချို့ ၏ ကျင့်ဝတ်ချိုးဖေါက်မှူ များရှိ နေ ပြီး ၂၀၁၀ နောက်ပိုင်း တက်လာသည့် အစိုးရ နှစ်ဆက် မှာ လည်း ဥပဒေ များပြဌာန်း ဆောင်ရွက်လာပြီ ဖြစ်သော်လည်း လက်တွေ့ လုပ်ဆောင်မှူ မှာ ထိရောက်
သော တာဝန်ယူမှူ တာဝန်ခံမှူ အားနည်းနေဆဲ ဖြစ်သောကြောင့် တောင်သူ တို့ဘ၀ မှာ ဆင်းရဲတွင်း နက်နေမြဲ မြေယာအငြင်း အညှင်းပွား မှူပြသနာလည်း အမြစ်တွယ်နေဆဲ ဖြစ်သည်။
“ပြီးခဲ့တဲ့ ၂၀၁၀ အစိုးရတက်လာတော့ ၂၀၁၂ လယ်ယာမြေ ဥပဒေ အရ လယ်မြေတွေ ပြန်ပေးတယ် ဆိုပြီး လုပ်တယ် ဒါပေမဲ့ ၃ နှစ်ဆက်တိုက် လုပ်သူသာ လယ်ယာ မြေလုပ်ပိုင်ခွင့်ပေး တယ် ဆိုတော့ ဒိမတိုင်ခင် ၃နှစ် ဟိုဘက် ၁၈ နှစ်လောက် က အကြောင်းကြောင်း အမျိုးမျိုးပြပြီး မြေသိမ်းခံ ရသူတွေက ဘယ်လို နည်းနဲ့မှ ဆုံးရှူံးသွားတဲ့ လယ်မြေတွေကို ပြန်မရနိုင်ဘူး ဖြစ်နေတယ် “ဟု ပုသိမ်မြို့ အခြေစိုက် မြစ်ဝကျွှန်းပေါ် ကာကွယ်မြင့်တင်ရေး အဖွဲ့ ဥက္ကဌ ဦးထွန်းရွှေ က ဆိုသည်။
၂၀၁၆ ခုနှစ် တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရသစ် ၀န်ကြီး ချုပ် မန်းဂျော်နီ က မြေယာမရရှိသေးသူ များ မြေယာရှိရေး မြေယာ ရှိသူများ စိုက်ပျိုးစရိတ် ချေး ငွေ ရရှိရေး နှင့် အင်းအိုင် လုပ်ငန်း များ စနစ်ကျရေး နှင့် အခြေခံ ရေလုပ် သား ငယ်များ လုပ်ကိုင်ခွင့် ရရှိသေး အတွက် ဦးစားပေး ဆောင်ရွက်မည်ဟုထုတ်
ဖေါ်ပြော ဆို ခဲ့သော်လည်း အစိုးသစ် သက်တန်း တစ်နှစ်တာ ကာလ အတွင်း စိုက်ပျိုးစရိတ်ချေးငွေ အချိန်မီ ရရှိခြင်းသာ ဆောင်ရွက်ပေးနိုင်ပြီး မြေယာပြ သနာ များ အင်း အိုင်ပြသနာ များကိုမူ ထူးခြား ထိရောက်စွာ ဖြေရှင်းပေး နိုင်ခြင်းမျိုး မရှိသေး ကြောင်း ဝေဖန်မှူများ ရှိနေသည်။
မြေယာကိစ္စ အင်းအိုင်ကိစ္စ နှင့်ပတ်သက်၍ တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ညွှန်ကြား ချက် အ တိုင်း ဆောင်ရွက်ခြင်းမရှိသည့် သက်ဆိုင်ရာ အကျင့်ပျက် ၀န်ထမ်းများကို ထိရောက်စွာ အရေး ယူပေးရန် အတွက် ဆန္ဒဖေါ်ထုတ် ခြင်းများ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အသီးသီးတွင် မကြာခဏ ဖြစ်ပေါ်နေသော်လည်း ထိုအကျင့်ပျက် ၀န်ထမ်းများ ကို တိုင်းအစိုးရ က ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် နိုင်ခြင်းမရှိ သေးပေ။
“အစိုးရက မြေယာကိစ္စတွေ အင်းကိစ္စတွေ ကိုတရားမျှတ မှူအခြေခံပြီး အစီ အမံတွေ ကို လမ်းညွှန်ပါလျှက် ဌာနဆိုင်ရာ တွေကလိုက်နာဆောင်ရွက် ခြင်း
မရှိဘူး ဒိတော့ သွေးထွက်သံယိုမူ တွေ ဖြစ်ကုန်တယ်၊ နယ်မြေ အတွင်း တည် ငြိမ်အေး ချမ်းမှူကို ပျက်ပြားစေပါတယ်၊ သူတို့ကြောင့် ပြည်သူတွေစိတ်ချမ်းသာ မှူမရှိသလောက် ဖြစ်နေရတယ်၊ ဒါကြောင့် အကျင့်ပျက် ၀န်ထမ်း တွေကို ထိထိ ရောက်ရောက် အရေးယူပေးဖို့ လို နေပါတယ်”ဟု ပုသိမ်မြို့ အခြေစိုက်လူ့အခွင့်
အရေး တက်ကြွလှုပ်ရှား သူများ အဖွဲ့ မှ ဦးထွန်းထွန်းဦး ကဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး အတွင်း ၌ လယ်ယာလုပ်ငန်း ထက် လုပ်အားခ ပိုမို ရရှိသည့် စက်ရုံ အလုပ်ရုံ များ ၊ မြို့ပြများရှိ ဆောက်လုပ်ရေး လုပ် ငန်းများ၊ ပြည်ပ ရှိ လုပ်ငန်းများ သို့ ပြောင်းရွေ့ လုပ်ကိုင်သူ များပြား လာသောကြောင့် လယ်ယာလုပ်သား ရှားပါးမှူ ဖြစ်ပေါ်နေပြီး ၊ ဒေသ ကာလ ရာသီဥတု နှင့် ကိုက်ညီ သော အရည်အသွေးမြင့် ထွက်နှူန်းကောင်း မျိုးစပါး သီးနှံ ကာကွယ် ဆေး ၊ ဓါတ်မြေသြဇာ ၊လယ်ယာသုံး စက်ကိရိယာ များ စသည့် သွင်းအားစုများ အလွယ်တကူ ဈေးနှူန်း ချိုသာစွာ ရရှိရေး နှင့် စနစ်ကျသော လယ်ယာမြေ ပြုပြင်ရေး တို့အတွက် အစိုးရ အနေဖြင့် သက်သာသော နှူန်းထား များဖြင့် ဆောင်ရွက် ပေးရန် လိုအပ်မည် ဖြစ်ကြောင်း တောင်သူ များထံမှ သိရသည်။
“အရင်က လယ်သမား မိသားစု တစ်စု ဆိုတာမှာ အရွယ်ရောက်ပြီး ကလေး အရွယ် လောက်ကတည်း လယ်ယာ လုပ်ငန်း မှာဝင်လုပ်ကြတာပါ ခုတော့ သားသမီး ၅ယောက်ရှိရင် ၁ ဦးတောင် မှာလယ်ပြန်လုပ်တာ အနိုင်နိုင်ရယ်ပါ၊ လယ်တစ်ဧကကွက် ကိုကောက်စိုက်သမ ၁၅ ဦးလောက် နဲ့ လုပ်ရတယ် လယ် ယာလုပ် သား ရှားပါးလာ တော့ ကောက်သမ ရဖို့ တစ်ဦး ကို တစ်နေ့လုပ်အား
ခ ၅၀၀၀ ကျပ် အနည့်း ဆုံးပေးရတယ် စရိတ်ပိုတက်လာတာပေါ့ ကျန်ခဲ့တဲ့ နှစ်တွေက ကောက်စိုက်သမ တစ်ဦးမှ၂၀၀၀ကျပ် ပဲရှိတယ်၊ စားကျက် ပယ်ဖျက် တယ် ဆိုတော့ ကျွဲနွားတွေ အတွက် အစာလိုအပ် တယ် ကျွဲနွားသုံးတာ နည်း လာတယ် ဒါကြောင့် စက်ကရိ ယာတွေ ဈေးနှူန်း ချိုချိုသာသာ နဲ့ရရင်အဆင်ပြေ
နိုင်တယ်” ဟု ပုသိမ်မြို့နယ် ကိုးဆူ ကျေးရွာမှ တောင်သူ ဦးခင်လှိုင်ကဆိုသည်။
ထို့ကဲသို့သောအခက်အခဲများကိုဖြေရှင်းနိုင်ရန်အတွက်ဧရာဝတီတိုင်းဒေသကြီးအတွင်းမြို့နယ်၂၆မြို့နယ်၌၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွ င်တစ်မြို့ နယ်လျှင် ဧက ၁၀၀နှူန်း ဖြင့်ဧက၂၆၀၀ကို လည်းကောင်း ၊၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင်တစ်မြို့
နယ်လျှင်ဧက ၂၀၀နှူန်းဖြင့် ဧက၅၂၀၀ကို လည်း ကောင်း၊ စနစ်ကျ စံပြ လယ် ယာများအဖြစ်နိုင်ငံတော်မှစရိတ်ကျ ခံ၍ဖေါ်ထုတ် လျှက်ရှိ ပြီးနှစ်စဉ်ဧကတစ်ရာ
နှုန်း တိုးမြင့်ဆောင်ရွက် သွား မည်ဖြစ်ကြောင်း လိုအပ်သော လယ်ယာသုံးစက်
ကရိယာများလည်းအတိုးမရှိအရစ်ကျ ပေးချေ စနစ်ဖြင့် စက်မှူလယ်ယာဦးစီးဌာ နမှရောင်း ချပေး လျှက်ရှိပြီး မ၀ယ်နိုင်သူ များကိုလည်း ငှားရမ်းလာပါက အငှား လိုက်ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပုသိမ်မြို့ရှိ အမှတ်(၅၁) စက်မှူလယ်ယာ ဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးဇော်ထွန်း က The Voice သို့ပြောသည်။
ဧရာတီတိုင်း ဒေသကြီး လွှတ်တော် ပြည်သူတို့၏ အသနားခံစာ နှင့်တိုင်ကြား စာများစိစစ်ရေး ကော်မတီ သို့ လယ်ယာမြေ အငြင်းပွား မှူ၊ စိုက်ပျိုးစရိတ် ချေးငွေ မရရှိမှူ၊ လယ်ယာမြေ လုပ် ကိုင်ခွင့် ပုံစံ ၇ မရရှိမှူ ပြသနာ စသည်တို့ နှင့်ပတ်သက်၍ ဖြေရှင်း ဆောင်ရွက် ပေးရန် တောင်သူများ ပေးပို့တင်ပြ ထား သော တိုင်ကြားတင်ပြသည့် စာ ၅၀၀ ကျော် ရှိနေကြောင်း တိုင်းဒေသကြီး လွှတ်တော်ရုံးမှ သိရှိရသည်။
မြန်မာ တောင်သူ အများစု ၏ ဘ၀သည် မြေယာပြသနာများ သွင်းအားစု မပြည့်မိ မှူ ပြသနာ များဖြင့်သံသရာ လည်နေဆဲဖြစ်ပြီး စီးပွားရေး အားနည်း
ခြင်း အတန်း ပညာ အသိအမြင် အား နည်ခြင်းတို့ကြောင့် မြေတစ်ကွက် အောင်ရေ တစ်စက် အတွက် တုတ်တစ်ပြက် ဓါးတစ်ချက် ဖြစ်ကာ ဥပဒေ အမျိုးမျိုး ဖြင့် တရား ရင်ဆိုင် နေကြရသည်။
“ဥပဒေပါ အခွင့်အရေး တွေကို တောင်သူတွေ ပြည်သူတွေ အမြန်ဆုံး ခံစားစေချင်တယ် ။ ၂၀၁၂ လယ်ယာမြေ ဥပဒေ မှာ အားနည်းချက်တွေ ရှိနေတယ်၊ လိုအပ် ချက်တွေရှိနေတယ် ။ တစ်စုံ တစ်ခု အဖွဲ့အစည်းတွေ ရဲ့ အကျိုးစိးပွား ကို ကာကွယ်ပေးနေ သလိုဖြစ်နေတယ်၊၇၀ ရာခိုင် နှူန်းနှူံး လောက်ကပြင်ဆင် ပြောင်းလဲ ဖြည့်စွက် သင့်တယ် အစိုးရအနေ နဲ့ အမြန်ဆုံး ထိထိရောက်ရောက် အကောင်အထည် ဖေါ်ပေးစေ ချင် တယ်၊ ဥပဒေ တစ်ရပ်ကို ရေးဆွဲပြဌာန်း ပြီး အတည် နေဖြစ် ပါလျှက် နဲ့ အဲဒိ ဥပဒေက ပြည်သူ ကို အကျိုး မပြုဘူး ဆိုရင် အဲဒိ ဥပဒေ က ပြည်သူတွေ ကို အဆိပ်သင့် စေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးစံမင်းအောင် ကသုံးသပ် ပြောကြားသည်။
“တောင်သူလယ်သမား နေ့ဆိုတာ ဘယ်ရောက်မှန်းတောင် မသိဘူး စား ဖို့သောက်ဖို့အတွက် မနဲရုန်းကန် နေရတာ၊ ဒီဘက်မှာလည်းတောင်သူ လယ်သမားနေ့ ကျင်းပတယ် ဆိုတာမကြားမိဘူး” ဟု တိုက်ကြီးမြို့ လယ်သ
မား ဦးတင်ထွေးက ပြောသည်။
တောင်သူလယ်သမားများ ကတော့မိမိရွေးပေး ခဲ့သော အစိုးရလက်ထက် သူတို့ဘ၀ ပြောင်းလာမယ် ဆိုသည့် မျှော်လင့်ချက် ရှိနေဆဲဖြစ် သည်။
ထိုမျှော်လင့်ချက်က ကားစီးပြီး မြို့ပေါ်တက်လည် ဖို့မဟုတ်ပါ၊ သူတို့၏ စားဝတ်နေရေး ပြေလည်ရေး ၊ကြွေးမြီကင်းရှင်းရေး သာဖြစ်ပေသည်။
မင်းမင်းအောင် နှင့် မောင်မျိုးထက် ရေးသားသော
၂၀၁၇ မတ်လ ၂ ရက်နေ့ထုတ်
The Voice Daily မှ ကူးယူ ဖေါ်ပြပါသည်။

No comments:

Post a Comment