ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် အပိုင်း (၄)
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
ယခင်အပတ်မှအဆက်
ချီတက်ခြင်း
ကိုတင်မောင်ဦးကို နှုတ်ဆက်ပြီး ပြန်လည်ဆုံမည့် ဆုံချက် နေရာကို ပြောပြီးနောက် ကျွန်တော်နှင့် ရဲ မြင့်သိန်းတို့ နိုင်ငံခြားစာသင်သိပ္ပံသို့ ထွက်လာခဲ့ကြပါသည်။ ကျောင်း သို့ရောက်သောအခါ ဂျပန်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာ သာ အတန်းတက်ရောက်နေသော ကျောင်းသားများလည်း သူ့အစု နှင့်သူ တန်းစီနေသည်ကို တွေ့ရသည်။ ကျွန်တော့်အတန်းမှ ခင်မောင် အေး၊ ဂျော့၊ အေးအေးမူ စသည်တို့နှင့်အတူ ပူးပေါင်း၍ ကျိုက္ကဆံ ကွင်းသို့ ချီတက်ခဲ့ကြပါတော့သည်။
ကျွန်တော်တို့၏နောက်တွင် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား များ၊ စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားများကလည်း ချီတက်လာ ကြသဖြင့် ရှည်လျားသော လူတန်းကြီးမှာ အားရစရာ ကောင်းလှပါ သည်။ ကျောင်းသားများနည်းတူ ပြည်သူများ၊ ရဟန်း၊ သံဃာများ ကလည်း ကိုယ့်အသိစိတ်နှင့်ကိုယ် ကျိုက္ကဆံကွင်းသို့ သွားနေကြသဖြင့် ကွင်းနှင့် နီးလာလေလေ လူထုကြီးက များလာလေလေ ဖြစ်လာသည်။ ကျိုက္ကဆံကွင်းရောက်သည့်အခါ ၁၁နာရီခန့် ရှိပြီဖြစ်သည်။ ကျိုက္ကဆံ ကွင်းထဲသို့ ရောက်သည့်အခါ ကျွန်တော်နှင့် ရဲမြင့်သိန်းတို့ လူစုခွဲပြီး တင်မောင်ဦးတို့နှင့်ချိန်းထားသည့် ဦးသန့်အလောင်းစင်၏ အရှေ့ ဘက်ကွင်းတွင် နေရာယူ စောင့်ဆိုင်းနေခဲ့သည်။ ကျောင်းသားအုပ်စု ပေါင်း ၂ဝခန့် ရှိပါသည်။
ဟန်ရှင်ဝင်းက ကျောင်းသားရေးရာဌာနမှ လော်စပီကာနှင့် အသံချဲ့စက်ကိုယူပြီး ဒေါ့ဂျစ်ကားပေါ်တင်သည်။ သင်္ချာဌာနရှေ့ တွင် ဘတ်စ်ကားများ ရပ်ထားစေသည်။ အဓိပတိလမ်းမကြီးပေါ် တွင်လည်း ဘတ်စ်ကားများ တန်းစီရပ်စေသည်။ ဟန်ရှင်ဝင်းတစ် ယောက် သိပ္ပံဌာနနှင့် တက္ကသိုလ်ဓမ္မာရုံအကြား လူးလားခေါက်တုံ ပြေးနေရသည်။ မထင်မှတ်ဘဲ ကျောင်းသားများ စုဝေးလာသဖြင့် ပျော်ရွှင်လျက်ရှိသည်။ လူစုံစေရန် ကားဆရာများကို ၁၂ နာရီတွင် မထွက်ဘဲ ၁နာရီခန့်တွင် ထွက်ရန်ပြောရသည်။ ကားဆရာ အချို့ ကလည်း အခြားအော်ဒါရှိသဖြင့် ငွေပိုပေးသော်လည်း မစောင့်နိုင် ဟု ပြောသည်။ ကျောင်းသားများကလည်း မစောင့်တော့ဘဲ ထွက်ချင် ကြသည်။ ၉ နာရီ ၁ဝ နာရီခန့်တွင် ကျောင်းသားအုပ်စုများ လမ်း လျှောက်၍ ထွက်သူက ထွက်သွားကြပြီဖြစ်သည်။ စီးပွားရေးတက္က သိုလ်မှ ကျောင်းသားများကလည်း ¤င်းတို့၏ ဘတ်စ်ကားများကို ပြန်လွှတ်ပြီး လမ်းလျှောက်ချီတက်သွားကြပြီဖြစ်သည်။ ကျောင်းသို့ ကျောင်းသားများ တဖွဲဖွဲရောက်လာနေဆဲဖြစ်သဖြင့် ပထမအသုတ် လမ်းလျှောက်ချီတက်သွားကြသူ များနေရာ အဓိပတိလမ်းမကြီးပေါ် တွင် နောက်ရောက်လာသော ကျောင်းသားများ ဘတ်စ်ကားများဖြင့် ပြည့်ကျပ်၍လာခဲ့သည်။
၁၂ နာရီခန့်တွင် မည်သို့မျှတားမရတော့ဘဲ ကျောင်းသားများ ပါဝင်သည့် ဘတ်စ်ကားကြီးများ ကျိုက္ကဆံကွင်းသို့ ထွက်သွားခဲ့ကြ သည်။ ဟန်ရှင်ဝင်းတို့တစ်သိုက်လည်း မည်သို့မျှ စီမံခန့်ခွဲရန် မတတ် နိုင်တော့ဘဲ ဒေါ့ဂျစ်ကားဖြင့် ကျိုက္ကဆံကွင်းသို့ ထွက်ခဲ့ရသည်။ မည် သို့ပင်ဖြစ်စေကာမူ ကျောင်းသားအများအပြား လိုက်ပါပို့ဆောင် သည်ကို တွေ့ရသဖြင့် ဟန်ရှင်ဝင်း ကျေနပ်သည်။ ပျော်သည်။ ဟန် ရှင်ဝင်းက ကားပေါ်တွင် လက်ကိုင်လော်စပီကာကိုင်ပြီး ကျိုက္ကဆံ ကွင်းသို့ တက်ြ<ွကစွာ ချီတက်လာခဲ့သည်။ ကျိုက္ကဆံကွင်းသို့ ၁နာရီ လောက် ရောက်သည်။ ကွင်းထဲတွင် ဦးသန့်အလောင်းစင် အရှေ့ ဘက်တွင် ကားကိုရပ်ပြီး စည်းကမ်းတကျ ပို့ဆောင်ဖို့ နှိုးဆော်နေ သည်။ ဟန်ရှင်ဝင်းတို့ကားနှင့် မလှမ်းမကမ်းတွင် စန်းအောင်ကြည်တို့ လမ်းစဉ်လူငယ်မှ မိုက်ခရိုဘတ်စ်တစ်စီးကလည်း စည်းကမ်းကျနစွာ သိုက်သိုက်ဝန်းဝန်း လိုက်ပို့ဖို့ ဆော်သြနေကြသည်။
ကျိုက္ကဆံကွင်းထဲမှာဆုံကြပြီ
ဦးသန့်ဈာပနကို ပို့ဆောင်ကြမည့် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ ကျိုက္ကဆံကွင်းထဲ၌ ဆုံစည်းစုဝေးကြသည့်အချိန်သည် မွန်းလွဲ ၁နာရီခန့် ဖြစ်သည်။ ဦးသန့်အလောင်းစင် ရှေ့ဘက်တွင် ကိုတင်မောင်ဦးနှင့် ကျွန်တော်တို့တစ်သိုက်က နေရာယူကြပြီး ဦးသန့် အလောင်းစင်နှင့် ကိုတင်မောင်ဦးတို့အကြား ကွက်လပ်မှာတော့ ကိုဟန်ရှင်ဝင်းတို့အဖွဲ့က ကျောင်းသားရေးရာက စီစဉ်ငှားရမ်းပေး လိုက်သည့် ဒေါ့ဂျစ်ကားပေါ်တွင် လော်စပီကာနှင့် ရှိနေကြသည်။ ¤င်းတို့နှင့် မလှမ်းမကမ်းတွင် လမ်းစဉ်လူငယ်က စန်းအောင်ကြည်တို့ အုပ်စုကလည်း မိုက်ခရိုဘတ်စ်ကားတစ်စီးနှင့် ရှိနေပါသည်။ ကိုစိုး ညွန့်တို့ စီးပွားရေးအုပ်စုကလည်း သီးသန့်ပွဲစဉ်၏ မြောက်ဘက်နား တွင် နေရာယူထားပြီး အခြေအနေကို အကဲခတ်နေသည်။ ကျောင်း သားအများစုက ဦးသန့်ကို အစိုးရက မထီမဲ့မြင် မျက်ကွယ်ပြုပြီး နိုင်ငံတော်အခမ်းအနားနှင့် မချခြင်းကို ခံပြင်းနေကြပါသည်။ ယင်း အတွက်ကြောင့်လည်း ခံပြင်းစိတ်၊ မခံချင်စိတ်နှင့် ''သူတို့ဂရုမစိုက် ပေမယ့် ငါတို့ကတော့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုမယ်''ဆိုသည့်စိတ် နှင့် ကျိုက္ကဆံကွင်းထဲသို့ စိတ်ပါလက်ပါနှင့် လိုက်ပို့ကြခြင်းဖြစ်သည်။ ပထမ စစချင်းက ကျောင်းသားအများစုမှာ အစိုးရအပေါ် မကျေနပ် ဖြစ်ခြင်းကလွဲ၍ အစိုးရဆန့်ကျင်ရေးကို မစဉ်းစားခဲ့ကြပါ။ နိုင်ငံရေး အတွေ့အကြုံ နည်းပါးသည့်အပြင် နိုင်ငံရေးလုပ်သည့်ကျောင်းသား များ ကျောင်းဝင်းအတွင်းက ကြက်ပျောက် ငှက်ပျောက် ပျောက်သွား ခဲ့ခြင်းကို ကြားသိနေရသည့်အတွက် မကျေနပ်သော်လည်း ဦးဆောင် ပြီး ဆန့်ကျင်လိုသည့်စိတ် မရှိခဲ့ကြပါ။ သို့ရာတွင် ဦးဆောင်ပေးမည့် သူ ပေါ်လာသည့်အခါ ¤င်းတို့၏ငုပ်နေသည့် ''အာခံချင်စိတ် မီးခဲ လေးသည် လေအပင့်မှာ ဟုန်းခနဲ မီးတောက်အဖြစ် တောက်လောင် သွားခဲ့ခြင်း''ဖြစ်ပါသည်။
နိုင်ငံရေး တင်မောင်ဦး
တင်မောင်ဦးသည် ဒုတိယနှစ် သတ္တဗေဒတက်နေစဉ် နိုင်ငံရေး လှုပ်ရှားမှုဖြင့် ၁၉၇၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့တွင် အဖမ်းခံရသည်။ ထို့နောက် အင်းစိန်ထောင်တွင်း အချုပ်နှင့်နေရပြီး ၁၉၇၃ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် လွတ်လာသောအခါ ဒုတိယနှစ်တွင် ပြန်လည် ပညာသင်ကြားပြီး ဦးသန့်အရေးအခင်းဖြစ်စဉ် တတိယနှစ်တက်နေ သည့် ကျောင်းသားဖြစ်သည်။ ကိုပေါက်က မိတ်ဆက်ပေးသဖြင့် ကျွန်တော်နှင့် ရင်းနှီးခဲ့ရသည်။
ဦးသန့်ဈာပနတွင် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကို ကြိုးစား သင့်ကြောင်း၊ တောင်ငူတိုးချဲ့ဆောင်တွင် ဆွေးနွေးတင်ပြသည့်အခါ စိတ်ပညာကျောင်းသားများက ထောက်ခံဆွေးနွေးပြီး သင်္ချာအဓိက ကျောင်းသား ဟန်ရှင်ဝင်းနှင့်အဖွဲ့က နိုင်ငံရေး မပါသင့်ကြောင်း ကန့်ကွက်ပြီး အစည်းအဝေးမှ ထွက်ခွာသွားခဲ့သည်။
ရဲမြင့်သိန်းတို့နှင့် သစ်ပုတ်ပင်ကြီးရှေ့တွင် တစ်ဖန်တွေ့သည့် အခါ ပူးပေါင်းလုပ်ကြရန် သဘောတူညီချက်ရသည်။ ကျွန်တော့် မျက်နှာက တစ်ခုခုလုပ်ရန် ပိုင်းဖြတ်ထားပုံ မြင်ရသည့်အတွက် အားရ မိသည်ဟု ရဲမြင့်က ဆိုသည်။ ထို့ကြောင့် ဒီဇင်ဘာ ၅ ရက်တွင် အတူတကွ ဝိုင်းလုပ်ကြရန် ဆွေးနွေးဖြစ်သည်။
ဦးသန့်အလောင်းစင်ထားရာ ရှေ့ဘက်ကွက်လပ်တွင် စုရပ် အဖြစ်တွေ့ရန် သတ်မှတ်ခဲ့ကြသည်။ သတ္တဗေဒ၊ သင်္ချာနှင့် စိတ် ပညာကျောင်းသားများ၊ စိတ်ဓာတ်တူညီသူများ၊ ကျောင်းသားသမဂ္ဂ ပြန်လည်ဖော်ဆောင်ရေးကို ကြိုးပမ်းလိုသူများ အားလုံးကို လက်တို့ ၍ မနက် ၁ဝနာရီခန့်တွင် မိန်းမှ အဓိပတိလမ်းအတိုင်း လမ်းလျှောက် ချီတက်ခဲ့ကြသည်။ ကျိုက္ကဆံကွင်းသို့ နေ့လယ်ခန့်တွင် ရောက်သည်။ ကျောင်းသား ပြည်သူများ၊ ရဟန်းသံဃာတော်များ ကွင်းလုံးပြည့် ရောက်ရှိလာကြသည်။ ¤င်းတို့၏မျက်နှာများက တစ်စုံတစ်ခုကို မျှော် လင့်နေပုံ ရသည်။ ဦးသန့်အား လူသာမန်တို့မြှုပ်ရာ နေရာဖြစ်သည့် ကြံတောသုသာန်တွင် မြှုပ်နှံစေခြင်းကို လာရောက်သူများအားလုံး ကျေနပ်ပုံမရ။ အားလုံးမျက်နှာထားများက ထိုမကျေနပ်ချက်ကို ဖော် ပြနေကြသည်။
တင်မောင်ဦးက ထိုအချက်သည် ဖောက်ခွဲရန်အချက်ဖြစ်သည် ဟု ဆိုသည်။ အားလုံးမကျေနပ်ချက်ကို သူ့အနေနှင့် ရဲရဲဝံ့ဝံ့ထုတ် ဖော်ပြောဆို၍ စည်းရုံးလျှင် ပေါက်နိုင်သည်ဟု ယုံကြည်နေခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့အုပ်စုနှင့် တွေ့သည်နှင့် မိမိက စ၍ပြော မည်ကို တင်ပြသည်။ ကျွန်တော်က ပြတ်ပြတ်သားသား ထောက်ခံ လိုက်သည်။
မကြာခင် ကိုတင်မောင်ဦးနဲ့အဖွဲ့ ရောက်လာသည်။ သူနှင့်အတူ လူ ၃ဝ ခန့် ရှိသည်။ အားလုံး မြက်ခင်းပြင်တွင် ထိုင်အနားယူပြီး ဈာပနချမည့်အချိန်ကို စောင့်နေကြသည်။ အနောက်ဘက်ပွဲကြည့်စင် ဘယ်ဘက်ထောင့်တွင် အဝါရောင်လွှမ်းနေသည်ကို တွေ့ရ၍ ဘုန်း ကြီးတွေ အများသားကလားဟု ကျွန်တော်က ပြောလိုက်သည်။ ကျွန် တော်တို့နှင့် မလှမ်းမကမ်းတွင် ဒေါ့ဂျစ်တစ်စီးရှိပြီး ¤င်းဒေါ့ဂျစ်ပေါ် တွင် လော်စပီကာနှင့် လမ်းစဉ်လူငယ်များ ရှိပါသည်။ ¤င်းတို့ထဲတွင် ဟိုက်စကူးတက်စဉ်က ကျွန်တော့်အောက် နှစ်တန်းငယ်သော ဌေး အောင်ကြည်၊ စန်းအောင်ကြည်တို့ အမြွှာညီအစ်ကိုကိုလည်း တွေ့ ရပါသည်။
သူတို့လည်း တက္ကသိုလ်ရောက်ပြီး လမ်းစဉ်လူငယ်တွေ ဖြစ်နေပါပေါ့လားဟု တွေးလိုက်မိသည်။ ¤င်းတို့အဖေသည် မရမ်းကုန်းမြို့နယ် ပါတီယူနစ်ဥက္ကဋ္ဌဟု ကျွန်တော် ကြားဖူးသည်။ ထိုကားအပြင် စတေရှင်ဝက်ဂွန်ကားတစ်စီးတွင်လည်း လော် စပီကာ တပ်ထားပြီး စည်းကမ်းတကျရှိဖို့ ပြောကြားနေသည်ကို တွေ့ရပါသည်။ ¤င်းကားများပေါ်မှ ''ကျွန်တော်တို့ လေးစားအပ် တဲ့ ခေါင်းဆောင်ကြီး ဦးသန့်ကို စည်းကမ်းရှိရှိ စနစ်ကျစွာနဲ့ လိုက်ပါပို့ဆောင် သဂြုင်္ိဟ်မှာဖြစ်တာကြောင့် အားလုံး ငြိမ်းချမ်း စွာ ပို့ဆောင်ကြရန်နဲ့ ဂါရဝပြုကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း'' ပြောကြားနေသည်။
ကျွန်တော်တို့တစ်သိုက် ထိုအသံကြားလေ စိတ်အချဉ် ပေါက်လေ ဖြစ်လာပြီး ''ကဲ ငါတို့ ဘယ်လိုဆက်လုပ်ကြမလဲ၊ ဦးသန့်အလောင်းကို အခုလို တာဝန်မဲ့ သာမန်လူတွေမြှုပ်နေတဲ့ နေရာမှာ မြှုပ်တာဟာ လက်ခံလိုက်လို့မရဘူး ဘယ်သူစမလဲ'' ဟု ကျွန်တော်က မေးလိုက်သည်။
တင်မောင်ဦးက ''အေး ဟုတ်တယ်၊ ဒါကို ငါတို့ ညီညီ ညွတ်ညွတ်နဲ့ တိုက်ဖျက်ပစ်ရမယ်၊ ငါ စပြီး စကားပြောမယ်။ မင်းတို့က ဝိုင်းပြီးထောက်ခံကြ၊ အဲဒီအခါ လူတွေ ပါလာလိမ့် မယ်။ သဘောတူကြလား''ဟု အားလုံးကို မေးလိုက်သည်။
ကျွန်တော်က ''သဘောတူတယ်၊ လာ ငါတို့ ဝိုင်းထိုင်လိုက် ကြရအောင်၊ မင်းက အလယ်ကနေစကားပြော''ဟု ထောက်ခံ လိုက်ပြီးသည့်နောက် အားလုံး စက်ဝိုင်းပုံ ထိုင်လိုက်ကြသည်။
ကျွန်တော်တို့နားမှာလည်း လူများက ရပ်သူကရပ် ထိုင် သူက ထိုင်နှင့် သူတို့၏မျက်နှာတွင် မည်သို့မှ မကျေနပ်သည့် အရိပ်အယောင်များကို မြင်နေရပြီး ဘယ်သူလုပ်မလဲ၊ ဘယ်လို လုပ်ကြမလဲဆိုသည့် မျှော်လင့်ချက်နှင့် စောင့်နေကြပုံပေါ်သည်။
ကိုတင်မောင်ဦးက ဝိုင်းထိုင်နေသည့်အလယ်၌ မတ်တတ် ရပ်လိုက်ပြီး သူလက်ထဲမှာလည်း စက္ကူလိပ်တစ်ခုကိုလိပ်ပြီး ကိုင် ထားပါသည်။ သူ့အမူအရာသည် ကျားရဲများအလယ်က ခြင်္သေ့ ကြီးနှင့် တူပါသည်။
''ရဲဘော်တို့ ဦးသန့်ဟာ မြန်မာ့ဂုဏ်ထူးဆောင်ခေါင်းဆောင် တစ်ဦးဖြစ်သလို ကမ္ဘာ့ခေါင်းဆောင်ကြီးလည်း ဖြစ်ပါတယ်။ ဒီ လို ကမ္ဘာကအသိအမှတ်ပြုခံရတဲ့ ခေါင်းဆောင်တစ်ဦးကို နေဝင်း စစ်အစိုးရက သာမန်လူတွေမြှုပ်တဲ့နေရာမှာ မြှုပ်နှံခွင့်ပေးတာကို ငါတို့ ဒီအတိုင်းကြည့်နေမလား''ဟု ဆိုသည့်အခါ ကျွန်တော် တို့က ''ကြည့်မနေနိုင်ဘူး၊ ကြည့်မနေနိုင်ဘူး''ဟု ကြုံးအော်လိုက် ကြသည်။
ထိုအခါ အနီးအနားက လူများက တစ်ခုခုဖြစ်ပြီဆိုပြီး အသံကြားရာသို့ ပြေးလာကြပါတော့သည်။
''ဦးသန့်ကို ------ ခင်မေသန်းမြှုပ်တဲ့ ကြံတောသင်္ချိုင်း မှာ မြှုပ်တာကို ရဲဘော်တို့ သဘောတူပါသလား''
''မတူဘူး၊ မတူဘူး''
ဤအသံကြီးသည် ¤င်းတို့လူစုတွင်မဟုတ်ဘဲ အနီးအနား က ဝိုင်းအုံရောက်ရှိလာသည့် လူရာပေါင်းများစွာ၏အသံအဖြစ် ပဲ့တင်ထပ်၍ သွားပါတော့သည်။
ကျိုက္ကဆံကွင်းကြီးတစ်ခုလုံး ချက်ချင်း အသက်ဝင်လှုပ် ရှားသွားခဲ့ပါပြီ။ အားလုံး မျှော်လင့်နေသည့် လိုလားချက်ကို ရဲဝံ့စွာ ထုတ်ဖော်ပြောကြားလိုက်သည့် ကိုတင်မောင်ဦးကို အား ကိုးတကြီးနှင့် ဝန်းရံလိုက်ကြပါတော့သည်။ ဤရုပ်ဤရည်နှင့် ဤအသံရှင်သည် သူတို့လိုလားချက်ကို တိုက်ပွဲဝင်ပေးမည့်ခေါင်း ဆောင်ဆိုသည်ကို အားလုံးမျက်စိထဲ၌ စွဲထင်သွားခဲ့ပါပြီ။ ထို အချိန်တွင် ဒေါ့ဂျစ်ကားပေါ်မှ လမ်းစဉ်လူငယ်အဖွဲ့ဝင်မျာက ''ဦးသန့်ဈာပနကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပို့ဆောင်ဖို့ လုပ်ကြပါ၊ အနှောင့်အယှက်များ လုံးဝမပြုလုပ်ရန် သတိပေးပါတယ်''ဟု လော်စပီကာမှပြောကြားပြီး ''စည်းကမ်းရှိကြပါ၊ ဆူပူမှုမလုပ်ကြ ပါနဲ့၊ အစီအစဉ်အတိုင်း ငြိမ်းချမ်းစွာ လိုက်နာကြပါ'' စသည်ဖြင့် ပြောကြားနေစဉ် တင်မောင်ဦးက ''အဲဒီကားကို သိမ်းပိုက်''ဟု လက်ညှိုးထိုး၍ ပြတ်သားစွာ ပြောကြားလိုက်သည့် တစ်ခဏ လူအုပ်ကြီးက ထိုကားဆီသို့ တစ်ဟုန်ထိုးပြေးသွားပြီး ''အဲဒီကား ကို သိမ်းမယ်ဟေ့''ဟု အော်ဟစ်လိုက်သည့် ကျယ်လောင်လှ သော အသံကြီးက ထိုဒေါ့ဂျစ်ကားပေါ်မှလူများ ကြောက်လန့်၍ ခုန်ဆင်းပြေးရသည်အထိ တုန်လှုပ်ချောက်ချားသွားစေခဲ့ပေ သည်။ အကယ်၍များ ထိုလူများ ထွက်မပြေးပါက အသက်အန္တ ရာယ်ပင် ကြုံတွေ့ရနိုင်သည်ဟု ကျွန်တော် ယူဆမိပေသည်။
( နောက်တစ်ပတ် ဆက်လက်ဖော်ပြပါမည် )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment