Latest News

Saturday, March 4, 2017

ထေရ၀ါဒပိဋကတ်တော်နှင့် ဆန့်ကျင်သည့် သာသနာ့အန္တရာယ်များကို အချိန်မီပူးပေါင်းကာကွယ်မှ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု သူရဦးအောင်ကို လျှောက်ထား

ထေရ၀ါဒပိဋကတ်တော်နှင့် ဆန့်ကျင်သည့် သာသနာ့အန္တရာယ်များကို အချိန်မီပူးပေါင်းကာကွယ်မှ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု သူရဦးအောင်ကို လျှောက်ထား



ထေရ၀ါဒ ပိဋကတ် တော်နှင့်ဆန့်ကျင်သည့် အတွေး အခေါ် အယူအဆ အဓမ္မ၀ါဒများ ကိုဟောပြောမှု၊ ပြသမှု၊ ထုတ်ဝေ ဖြန့်ချိမှု၊ အင်တာနက် ၀က်ဘ် ဆိုက်တွင် လွှင့်တင်မှုများ ပြန် လည်သက်ဝင်လှုပ်ရှားနေသဖြင့် အဆိုပါ သာသနာ့အန္တရာယ်များ ကို သံဃာ့အဖွဲ့အစည်း အဆင့် ဆင့်နှင့် နိုင်ငံတော်အစိုးရတို့က အချိန်မီပူးပေါင်းကာကွယ်မှသာ လျှင် ထေရ၀ါဒဗုဒ္ဓသာသနာတော် မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွား မည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးသူရအောင်ကို  နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အား လျှောက်ထားခဲ့သည်။

သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ ပါး စုံညီတေရသမ အစည်းအဝေးကို မတ်လ ၃ ရက်နှင့် ၄ ရက်က ကျင်းပခဲ့သည်။

အစည်းအဝေးတွင်သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦး အောင်ကိုက မြတ်စွာဘုရားရှင် ၏ သာသနာတော်မြတ်ကြီးအ တွက် နိုင်ငံတော်သံဃမဟာနာ ယက ဆရာတော်ကြီးများက ဂန္ထ ဓုရ၊ ၀ိပဿနာဓုရ တာဝန်များကို ဦးဆောင် ကြိုးပမ်းဆောင်ရွက် တော်မူလျက် ရှိချိန်တွင် တစ် ဖက်မှလည်း သာသနာတော် ကွယ်ပျောက်ပျက်စီးနိုင်လောက် အောင် နှောင့်ယှက်ဖျက်ဆီးနေ ကြသည့် သာသနာ့အတွင်းရန်၊ သာသနာ့အန္တရာယ်၊ သာသနာ့ ၀န်စီးများက ထေရ၀ါဒ ပိဋကတ် တော်နှင့်ဆန့်ကျင်သည့် အတွေး အခေါ် အယူအဆ အဓမ္မ၀ါဒများ ကို ဟောပြောမှု၊ ပြသမှု၊ထုတ်ဝေ ဖြန့်ချိမှု၊ အင်တာနက်၊၀က်ဘ် ဆိုက်တွင် လွှင့်တင်မှုများ ပြန် လည် သက်ဝင်လှုပ်ရှားလျက်ရှိ နေသည်ကိုသိရ၍ အဆိုပါ သာ သနာ့အန္တရာယ်များကို သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်နှင့် နိုင်ငံတော်အစိုးရတို့က အချိန်မီ ပူးပေါင်းကာကွယ်မှသာလျှင် ထေရ၀ါဒ ဗုဒ္ဓသာသနာတော်မြတ် ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားမည် ဖြစ်ကြောင်း လျှောက်ထားခဲ့သည်။

ဒီမိုကရေစီသဘောတရား အရ လွတ်လပ်စွာဟောပြောခွင့်၊ ရေးသားခွင့်ရရှိသော ခေတ်ကာ လ၌ သာသနာရေးရာနှင့် ၀ိနိစ္ဆယ မှုခင်းများကို ဆုံးဖြတ်ရာတွင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် နှင့် သံဃ၀ိနိစ္ဆယအဖွဲ့အဆင့်ဆင့် ၏ ဟာကွက်၊ ပျော့ကွက်များကို အမှုရှုံးများက မီဒီယာလူမှုကွန် ရက်များမှတစ်ဆင့် ထောက်ပြ ဝေဖန်တိုက်ခိုက် ရေးသားမှုများ ရှိလာနိုင်၍ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် သံဃ၀ိနိစ္ဆယအဖွဲ့ အဆင့်ဆင့်တို့သည် သာသနာ ရေးရာနှင့် ၀ိနိစ္ဆယမှုခင်းတို့ကို ဆုံးဖြတ်ကြရာ၌ သက်သေ သာ ဓကအထောက်အထားများ  ပြည့် စုံစွာဖြင့် ဓမ္မ၀ိနယနှင့်အညီ မှန် ကန်တိကျစွာ ဆုံးဖြတ်ရမည့် အ ပြင် ပွင့်လင်းမြင်သာမှုနှင့်လိုက် နာအကောင်အထည်ဖော်ဆောင် ရွက်နိုင်မှုများကိုပါ ဒေသအခြေ အနေနှင့် လိုက်လျောညီထွေရှိရေး ထည့်သွင်းစဉ်းစား ဆုံးဖြတ်ရန် လိုအပ်မည်ဖြစ်ပါကြောင်း သူရ ဦးအောင်ကိုက လျှောက်ထားခဲ့ သည်။

သို့ဖြစ်၍ သာမဏသာရုပ္ပမ ဖြစ်သော အမှုကိစ္စကို ကျူးလွန် သော ရဟန်းသာမဏေများအား ထုတ်ပြန်ထားသည့်ညွှန်ကြားလွှာ အမှတ် (၇၂) နှင့်(၇၅) တို့ဖြင့် အ ရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ် နည်းများနှင့်အညီ ပုဂ္ဂိုလ်စွဲ၊ ဂဏ စွဲကင်းစွာဖြင့် ထိထိရောက် ရောက် အရေးယူဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြည် ထောင်စုဝန်ကြီးက လျှောက်ထား ခဲ့သည်။

‘‘သံဃနာယက အဖွဲ့က ထုတ်ထားတဲ့ ညွှန်ကြားလွှာ (၁) ကနေပြီး(၉၇)အထိ ရှိတယ်။ ညွှန် ကြားလွှာထဲမှာ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာရှိတယ်။ အဲဒီထဲကပါတဲ့ညွှန်ကြားလွှာပါ’’ ဟု သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက 7Day Daily သတင်းစာအား ပြောကြား သည်။

မဘသ(ဗဟို) ဥပဒေအကြံ ပေး ဦးအေးပိုင်ကမူ ‘‘၀န်ကြီးက ဘာကို ရည်ညွှန်းတယ်ဆိုတာ နားလည်သဘောပေါက်ပါတယ်။ ဗုဒ္ဓဘာသာ သံဃာတွေက အမုန်း စကားပြောတာ မဟုတ်ဘူး။ အမှန်တရားပြောတာ။ ထောက် ပြတာပဲ။ အမှန်တရားထောက်ပြ တာကို အမုန်းစကားပါလို့သတ် မှတ်ရင်တော့ သတ်မှတ်သူက အမှားပဲဖြစ်တယ်။ အရေးယူခဲ့ရင် အရေးယူတဲ့သူရဲ့ အပြစ်ပဲဖြစ် မယ်’’ဟု ပြောသည်။

နိုင်ငံတော် တည်ငြိမ်အေး ချမ်းမှုပျက်ပြားစေရန်နှင့် လူမျိုး ရေးပဋိပက္ခဖြစ်ပွားစေရန် ကျူး လွန်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း များကို ဓမ္မစက်ဖြင့် တားမြစ် ဆောင်ရွက်၍မရပါက အာဏာ စက်ဖြင့် အရေးယူဆောင်ရွက် မည်ဖြစ်ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦး အောင်ကိုက ၂၀၁၆ ဇူလိုင် ၁၄ ရက် ကျင်းပခဲ့သောသတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေး တွင် မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားထားသည်။

အစည်းအဝေး ဒုတိယနေ့ကို မတ်လ ၄ ရက်က ဆက်လက်ပြု လုပ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ကျောင်းတိုက်ဆရာတော်အမှူး ပြုသည့်ဆရာတော်ကြီးများ ကြွ ရောက်ခဲ့သည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ကြည်ညိုခဲ့ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။ အစည်း အဝေးတွင် ၀ိနိစ္ဆယရေးရာ၊ သာ သနာရေးရာနှင့် ပညာရေးရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း ၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။



7Day News Journal

No comments:

Post a Comment