သမ္မတ၏ တောင်သူလယ်သမားနေ့သ၀ဏ်လွှာတွင် လယ်သမားများအခက်အခဲကို ဖော်ပြ
တောင်သူလယ်သမား နေ့အခမ်းအနားသို့ ပေးပို့သော နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ သ၀ဏ်လွှာတွင် လယ်သမားများ ၀င်ငွေနိမ့်ကျပြီး လူမှုစီးပွားထိခိုက် မှုအခြေအနေကို ဖော်ပြထားသည်။သဘာဝဘေးအန္တရာယ် သစ်တောပြုန်းတီးမှုနှင့် မြေဆီလွှာ ထိန်းသိမ်းမှု လုပ်ငန်းများအား နည်းခြင်းကြောင့် တောင်သူလယ် သမားအများစုဝင်ငွေနိမ့်ကျပြီး လူမှုစီးပွားဘ၀အခြေအနေထိခိုက်မှု များကြုံတွေ့နေရသည်ဟု နိုင်ငံ တော်သမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသ တွင်နေထိုင်၍ အဓိကစီးပွားရေး သည် လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည်။ လယ်ယာကဏ္ဍသည် နိုင်ငံ့စီးပွားရေး (GDP) တွင် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်သော်လည်း လယ်သမားအများစုသည် အကျိုးခံစားခွင့်နည်းပါးပြီး လူမှုစီးပွား ရေးဘ၀နိမ့်ကျလျက်ရှိကြောင်း သမ္မတဦးထင်ကျော်က တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာ၌ ဖော်ပြထားသည်။
အစိုးရသစ် ၁၁ လအတွင်းရေရှည်တည်တံ့သည့် လယ်ယာ ထွက်ကုန်စနစ်ထွန်းကားစေရေး နိုင်ငံတကာနှင့် ယှဉ်ပြိုင်စွမ်းရှိ သည့် စိုက်ပျိုးမွေးမြူရေး ထုတ် ကုန်များကို တိုးတက်ထုတ်လုပ် ရန် ရည်မှန်းချက်ပန်းတိုင်များချမှတ် ဆောင်ရွက်နေသည်ဟု သ၀ဏ်လွှာတွင် ရေးသားထား သည်။
‘‘အစိုးရအဆက်ဆက် တောင်သူလယ်သမားတွေအတွက် လုပ် ပေးမယ်ဆိုပြီး ပြောခဲ့တာပဲ။ ဒါပေမဲ့ အခုအချိန်အထိ ဘာမှ မပြောင်းလဲနိုင်သေးဘူး’’ဟု မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း က ပြောသည်။
တောင်သူလယ်သမားများ ဘ၀သည် ထုတ်ကုန်စရိတ်မြင့် မားမှု၊ မျိုးစပါးပြဿနာ၊ အထွက် နှုန်းလျော့နည်းမှု၊ စိုက်ပျိုးရေး၊ နည်းစနစ်လိုအပ်ချက်များရှိနေမှု၊ ဈေးကွက်နှင့် အလှမ်းဝေးမှု၊ ဈေး ကွက်အခိုင်အမာမရှိမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ငွေကြေးအရင်းအ နှီးနည်းပါးမှုစသည့် အခက်အခဲ များနှင့် ရင်ဆိုင်နေရကြောင်း ဒေါက်တာ စိုးထွန်းက ဆက်လက် ပြောကြားသည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍ တွင် အဓိကပြဿနာသည် ထုတ် လုပ်မှုကုန်ကျစရိတ် မြင့်မားပြီး တစ်ဧကအထွက်နှုန်းနိမ့်ကျနေ ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆန် စပါးအသင်းချုပ် တာဝန်ရှိသူများက ပြောသည်။
မြန်မာနိုင်ငံတွင် လယ်တစ် ဧက၏ ပျမ်းမျှအထွက်နှုန်းသည် မိုးစပါးစိုက်ပျိုးရာသီ၌ စပါးတင်း၆၀ မှ ၇၀ ကြားသာ လယ်သမားများရရှိသည်။ တစ်ဧကအတွက် စိုက်ပျိုးစရိတ် ရင်းနှီးငွေစုစုပေါင်း သည် ကျပ်နှစ်သိန်းမှ နှစ်သိန်းခွဲအကြား ကုန်ကျသည်ဟု လယ်သမားများက ပြောကြားသည်။
ယခုနှစ်မိုးစပါးပေါ်ချိန်တွင် ဆန်ကြမ်းအမျိုးအစား စပါးတင်း တစ်ရာလျှင် ကျပ်သုံးသိန်းခန့်မှ ကျပ်လေးသိန်းအောက်သာ ဈေးရရှိသဖြင့် လယ်သမားများအခက်အခဲကြုံခဲ့ကြောင်း လွတ်လပ်သော တောင်သူလယ်သမားအသင်းချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောကြားသည်။
‘‘ဒီနေ့အထိ လယ်သမားထု ရဲ့ အဓိကလိုအပ်ချက်က အရင်း အနှီးပဲ’’ဟု ဦးသိန်းအောင်က ပြောကြားသည်။
လက်ရှိလယ်သမားများကြုံ တွေ့နေရသည့် အခက်အခဲသည် လယ်ယာလုပ်သား ရှားပါးမှု ကြောင့် စက်မှုလယ်ယာသို့ ကူး ပြောင်းရန် ငွေကြေးအရင်းအနှီး လိုအပ်ချက်များနေခြင်း၊ ရာသီ ဥတုဖောက်ပြန်မှုကြောင့် သီးနှံ အထွက်လျော့နည်းခြင်းနှင့် ဈေး ကွက်တွင် သီးနှံဈေးနှုန်းများ လျော့ကျနေခြင်းစသည့် အခက်အခဲများ ကြောင့် လယ်သမားများသည် အကြွေးများနှင့်သာ လုံးပန်းနေရ ကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ်သမားတစ်ဦးက ပြောကြားသည်။
လယ်သမားများသည် အ ကြွေးပြဿနာကြောင့် လယ်ပိုင်၊ ယာပိုင်များဘ၀မှ လယ်မဲ့ယာမဲ့ ဘ၀များသို့ ပြောင်းလဲပြီး ဘ၀ရပ် တည်ရေးအတွက် မြို့ပြစက်မှုဇုန် များ၌ သွားရောက်လုပ်ကိုင်စား သောက်ရသည့် အခြေအနေမျိုး ဖြစ်နေသည်ဟု လယ်သမားအချို့ က ပြောကြားသည်။
မိုးစပါးစိုက်ပျိုးချိန်တွင် ၂ နှစ်ဆက်တိုက် ရေကြီးနစ်မြုပ်မှုများ ကြုံတွေ့ရပြီး စပါးရိတ်သိမ်းချိန် ၌ အလုပ်သမားစရိတ်ကြီးမြင့်မှု အပါအ၀င် အခက်အခဲများစွာ ကြုံတွေ့ရသော်လည်း ရိတ်သိမ်းပြီး စပါးများရောင်းချချိန်၌ တင်းတစ် ရာလျှင် ကျပ် သုံးသိန်းခန့်ဈေး ရရှိပြီး လက်ရှိတွင် ၀ယ်သူမရှိ သည့် အခြေအနေဖြင့် ကြုံတွေ့ နေရခြင်းကြောင့် ခက်ခဲသောအ ခြေအနေမျိုးကြုံတွေ့နေရမှုကို အစိုးရအနေဖြင့် ကူညီပေးနိုင်ရန် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လယ်သမားများက ဖေဖော်ဝါရီ ၂၅ ရက်၌ မြို့တစ်ပတ်လှည့်လည် ၍ ဆန္ဒဖော်ထုတ်ခဲ့သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment