Latest News

Tuesday, March 28, 2017

အောင်လအန်ဆန်း ယခုနှစ်အတွင်း မြန်မာပြည်တွင် ၂ ပွဲ ထိုးသတ်မည်

အောင်လအန်ဆန်း ယခုနှစ်အတွင်း မြန်မာပြည်တွင် ၂ ပွဲ ထိုးသတ်မည်

သိုင်းပေါင်းစုံထိုးသတ်နည်း MMA တွင် မြန်မာစပါးအုံးဟုနာလူသိများသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းသည် ယခုနှစ်အတွင်း ပြည်တွင်း၌ ၂ ပွဲခန့် ထိုးသတ်ရန် အစီအစဉ်ရှိကြောင်း မတ်၂၈ ရက်က ပြောသည်။

“မြန်မာပြည်မှာလည်း ဒီနှစ်ထိုးဦးမယ်။ ရက်အတိအကျမသိသေးဘူး။ ဇူလိုင်လထဲလောက်ဖြစ်မယ်။ နှစ်ပွဲဆိုတော့ ဇူလိုင်နဲ့နိုဝင်ဘာလောက်ဖြစ်မယ်”ဟု Lion Energy Drink ကြော်ငြာရိုက်ကူးခြင်းအကြောင်း မိတ်ဆက်ပွဲ၌ အောင်လအန်ဆန်းက ပြောသည်။

အောင်လအန်ဆန်းနှင့် ရိုက်ကူးမည့်ကြော်ငြာအား မိုးမင်း(Rays)က ရိုက်ကူးထားပြီး မကြာမီပရိတ်သတ်ထံချပြမည်ဟု ဆိုသည်။

အောင်လအန်ဆန်းမှ"ကျွန်တော်တို့လို အားကစားသမားတွေကို ဒီလိုချီးမြောက်လို့ ကျေးဇူးတင်တယ်။ သူတို့ရဲ့အထောက်အပံ့ကိုယူပြီး အကောင်းဆုံးလေးကျင့်ရေးပစ္စည်း၊ အကောင်းဆုံးထရိမ်နာတွေသုံးပြီး ကျတော်ပွဲတွေယှဉ်ပြိုင်သွားမယ်။ ဒီနှစ်ထဲမှာ ကျွန်တော့်ပွဲနှစ်ပွဲရှိတယ်။ အရမ်းအရေးကြီးပါတယ်။ အရင်ပွဲက ကောင်းကောင်းလေ့ကျင့်ချိန်မရလို့ ရှုံးခဲ့ရတယ်"ဟု ပြောသည်။

ထို့ပြင် အောင်လအန်ဆန်းသည် ကချင် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် လှူဒါန်းရန် One Championship (One FC) ပွဲတွင် ၎င်းဝတ်ဆင်ခဲ့သည့် ရှပ်အင်္ကျီနှင့်ဘောင်းဘီများနှင့် ၂၀၁၄ ခုနှစ် ဗာဂျီးနီးယားပြည်နယ်တွင်ပြုလုပ်ခဲ့သည့် North American Grappling Association tournament တွင် အနိုင်ရရှိခဲ့သည့် ရွှေတံဆိပ်တို့ကို မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီမှ ၇ နာရီထိ အမှတ် ၃၁(A)၊ နဝဒေးလမ်း၊ ဒဂုံမြို့နယ်၌ လေလံတင် ရောင်းချမည်ဖြစ်သည်။

ကိုခက်( News Watch )

Photo - Victor

No comments:

Post a Comment