Latest News

Monday, March 13, 2017

သူနာပြု သင်တန်းကျောင်းသူတစ်ဦး အဆိပ်သောက်သေ

သူနာပြု သင်တန်းကျောင်းသူတစ်ဦး အဆိပ်သောက်သေ



မြစ်ကြီးနားမြို့ သူနာပြုသင်တန်းကျောင်းမှ နောက်ဆုံးနှစ်ကျောင်းသူတစ်ဦး မတ်လ ၁၃ ရက်နေ့ နံနက် ၁ နာရီခွဲက အဆိပ်သောက် သေဆုံးခဲ့ကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရသည်။

မြစ်ကြီးမြို့ သူနာပြုသင်တန်းကျောင်းတွင် နောက်ဆုံးနှစ်တက်ရောက်နေသည့် မဆွတ်ထိန်ခေါန် ၂၂ နှစ်သည် သရဖီ အမျိုးသမီးဆောင်တွင် ယင်းနေ့ည ၈ နာရီခန့်က သူငယ်ချင်းများနှင့်အတူ ညအိပ်ယာဝင်ခဲ့ကြောင်း၊ ထို့နောက်ည ၉ နာရီ ခွဲအချိန်ခန့်တွင် အတူအိပ်သည့် သူငယ်ချင်းများက ညည်းညူသံကြား၍ ထကြည့်ခဲ့ရာ မဆွတ်ထိန်ခေါန်၏ ပါးစပ်မှ အမြုပ်များ ထွက်နေသည်ကို တွေ့ရှိရသဖြင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ မတ်လ ၁၃ ရက် နံနက် ၁ နာရီက သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဆွတ်ထိန်ခေါန် သေဆုံးမူနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးရန် ဆောင်ရွက်လျက်ရှိကြောင်း မြစ်ကြီးနား မြို့မရဲစခန်းထံမှ သိရသည်။



The Voice

No comments:

Post a Comment