Latest News

Saturday, March 25, 2017

ကျားသစ်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်နေတဲ့ အမျိုးသမီး


လူသားတစ်ဦး ဟာ ကျားသစ်တစ်ကောင်နဲ့ လက်ပွန်းတစ်သီးရင်းနှီးစွာနေဖို့မဖြစ်နိုင်ပေမယ့် အသက် ၂၃ နှစ်အရွယ်သာရှီတဲ့ ဟီသာ တူကီးဆိုတဲ့ကောင်မလေးကတော့ ကျားသစ်နဲ့ ပွေဖွက်နှမ်းရှုပ်ပြီး ရင်းနှီးစွာနေထိုင်မှုအပေါ် လူအများအံအားသ့င်နေပါတယ်။

အဲဒီကောင်မလေး ဟာ ကျားသစ်တစ်ကောင်ကို မှောင်ခိုမုဆိုး တွေလက်ကနေ ကယ်တင်ခဲ့ပြီးနောက်မှာတော့ ကျားသစ်နဲ့ သူမတို့ရဲ့ ဆက်ဆံရေးဟာ မိတ်ဆွေကောင်း၊ သူငယ်ချင်း ကောင်းတွေအဆင့်အထိ ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ Heather ဟာ သူမနဲ့ ကျားသစ်တို့ရဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်မှာ မျှဝေခဲ့ပါတယ်။ ဓာတ်ပုံတွေထဲမှာ ကျားသစ်နဲ့ အတူတူ အိပ်မောကျနေတဲ့ ဟီသာ အပေါ် ကျားသစ်ကို ဖက်ထားတဲ့ပုံတွေ၊ ကျားသစ်ကို နမ်းရှိုက်နေတဲ့ပုံတွေဟာ အင်တာနက် ကနေတဆင့်မျှဝေတာတွေရှိခဲ့ချိန်မှာလူတွေအံအားသင့်စေခဲပါတယ်။

သူမ ဟာ ဒီကျားသစ်လေးကို အသက် 18 နှစ်အရွယ်ကတည်းက South Africa’s Cheetah Experience မှာ ၀ယ်ခဲ့တာဖြစ်ပြီး အဆိုပါဌာနမှာပင် ကျားသစ်ကောင်ရေ များစွာရှိနေပြီး၊ အကုန်လုံးကိုတော့ ဌာနက ပိုင်ဆိုင်တာ မဟုတ်ပါဘူး။ ပိုင်ရှင်က ကျားသစ်လေးကောင် ပိုင်ဆိုင်ပြီး ဒီအထဲမှာ Heather ရဲ့ ကျားသစ်လည်း အပါအ၀င်ပါ။ Heather က ” ကျွန်မသာ သူ့ကို မကယ်ခဲ့ရင် သူ အခု အသက်ဆက်ရှင်နေနိုင်ပါ့မလားဆိုတာ မသေချာပါဘူး သူတို့က ချစ်စရာကောင်းပါတယ်။ တစ်ခြားလူလက်ထဲ ရောက်သွားရင် ရက်ရက်စက်စက် အသတ်ခံရမှာဖြစ်လို့  ကျွန်မ သူတို့တွေ လေလံပွဲကိုမရောက်ခင်   ငွေ စုပြီး ၀ယ်လိုက်တာပါ “လို့ ပြောပါတယ်။
ref Thesun
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်

No comments:

Post a Comment