မြန်မာရေတပ်လေ့ကျင့်ရေးကဏ္ဍ ကူညီပံ့ပိုးရန် အိန္ဒိယလိုလားမှု ပြသ
လေ့ကျင့်ရေးကဏ္ဍအတွက် ပါဝင်ပံ့ပိုးရန် မြန်မာရေတပ်၏ အကူအညီတောင်းခံမှုကို အိန္ဒိယရေတပ်ဘက်က နွေးထွေးလိုလားသော တုံ့ပြန်မှုမျိုးပြုလုပ်ခဲ့ကြောင်း အိန္ဒိယသတင်းဌာနများက သတင်းဖော်ပြသည်။
မြန်မာရေတပ်အနေဖြင့် မည်သို့သော အကူအညီမျိုး လိုအပ်သည်ကို တိတိကျကျ အဆိုပြုဆွေးနွေးပေးရန် အိန္ဒိယဘက်က မတ်လ ၁ ရက်တွင် ပြန်ကြားခဲ့သည်။ မြန်မာရေတပ်မှ အဆင့်မြင့်အရာရှိကြီးများပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယရှိ ကိုချီမြို့သို့ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၂ ရက်အထိ လေးရက်ကြာတရားဝင်အလည်အပတ် ခရီးစဉ်သွားရောက်ခဲ့သည်။
ယခုခရီးစဉ်သည် မြန်မာရေတပ်အရာရှိများနှင့် အိန္ဒိယရေ တပ်၏ မိုးလေဝသနှင့် သမုဒ္ဒရာသိပ္ပံဆိုင်ရာဌာန၏ လုပ်ငန်း ဆောင်ရွက်မှု၊ လေ့ကျင့်မှုကဏ္ဍ များ ပိုမိုထိတွေ့နားလည်မှု ရှိစေရန် စီစဉ်ခဲ့ခြင်းဟုဆိုသည်။ မြန်မာရေတပ်၏ မိုးလေဝသနှင့်သမုဒ္ဒရာ သိပ္ပံလုပ်ငန်းများအ တွက် ကူညီလေ့ကျင့်ပေးရန်နှင့် လိုအပ်သော လေ့ကျင့်ရေးပစ္စည်း များ ဖြည့်တင်းပေးရန် အိန္ဒိယက အကူအညီပေးမည်ဟု အိန္ဒိယ တောင်ပိုင်းရေတပ် အကြီးအကဲ နောက်တန်းသေနာပတိ အာရ် ဂျေနက်ဒ်ကာနီက ကတိပြုထား ကြောင်း အိန္ဒိယရေတပ်ကြေညာ ချက်တွင် ပါရှိသည်။
‘‘အခုတော့ သေနာပတိက မြန်မာရေတပ်အနေနဲ့ အကူအညီ တောင်းခံချင်တာတွေကို အဆိုပြုချက်ပေးပို့ဖို့ အကြောင်းပြန်ထား ပါတယ်’’ဟု ရေတပ်၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ဗိုလ်မှူးသူရိန်ထွန်း၊ ဗိုလ်မှူးကျော်ဇေယျာဦးနှင့် ဗိုလ်ကြီးရဲဝင့်ထွန်းတို့ ပါဝင်သော မြန်မာရေတပ် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ ရေတပ်၏ မိုးလေဝသနှင့် ပိုင်း ခြားလေ့လာမှုဌာနကိုလည်း သွားရောက်လေ့လာခဲ့သကဲ့သို့ ကိုချီရှိ ရေတပ်သင်တန်းကျောင်း အချို့ သို့လည်း ရောက်ရှိခဲ့သည်။
မြန်မာရေတပ်နှင့် ပိုမိုပူးပေါင်းလိုသည့် ဆန္ဒသဘောထား မျိုး အိန္ဒိယက ပြသလာခြင်းသည် ဒေသတွင်းတွင် တရုတ်၏ လွှမ်းမိုးမှုကို တွန်းလှန်သည့် အရေးပါသော မဟာဗျူဟာခြေလှမ်းတစ်ရပ်ဟုလည်း ယူဆနိုင်သည်။ အိန္ဒိယက ဘင်္ဂလားပင်လယ်အော် တွင် တရုတ်၏ ဩဇာ သက်ရောက် ကျယ်ပြန့်လာမည်ကို မလိုလား ချေ။ လက်ရှိအခြေအနေအရ မြန်မာရေတပ်၏ အင်အားတည် ဆောက်မှုတွင် တရုတ်က အဓိက ထောက်ပံ့သည့် နိုင်ငံအဖြစ် ရပ် တည်နေဆဲဖြစ်သည်။
သို့သော်ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အိန္ဒိယနှင့် မြန်မာရေတပ်များကြား ပူးပေါင်းမှုများ ပိုမိုဖြစ်ထွန်းအားကောင်းလာသည်။ အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် တည် ဆောက်သည့် Damage Control Simulatorကို ပြီးခဲ့သည့်နှစ်က မြန်မာရေတပ်တွင် စတင်အသုံး ပြုနိုင်ခဲ့သည်။ ထို့အပြင် အိန္ဒိယ အကူအညီဖြင့် ပြည်တွင်းတွင် တည်ဆောက်သည့် အောင်ဇေယျ သင်္ဘော၌ အသုံးပြုရန် အိန္ဒိယလုပ်အာရုံခံစနစ်များကို ရွေးချယ်ခဲ့သည်။
တန် ၃၀၀၀ အလေးချိန်ရှိ ကျန်စစ်သားစံသတ်မှတ်ချက် စစ် သင်္ဘောများတွင် တပ်ဆင်မည့် ဆိုနာစနစ်အတွက် အိန္ဒိယကာ ကွယ်ရေးသုတေသနအေဂျင်စီ DRDO နှင့် ပူးပေါင်းလုပ်ဆောင် ရည် မြန်မာဘက်က စိတ်ဝင် စားနေသည်ဟုလည်း ဆိုသည်။ သင်္ဘောကိုယ်ထည်တွင် တပ်ဆင် သည့် HMS-X ဆိုနာစနစ်သည် အိန္ဒိယရေတပ်၏ အထင်ကရ စစ်သင်္ဘောကြီးများ၌ အသုံးပြု နေသည့် HUMSA-NG ဆိုနာ နည်းပညာကို အခြေခံထားသည့် ပြည်ပတင်ပို့သော ဗားရှင်းဟု လည်း သိရသည်။
—Ref:Hindustan Times
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment