လုံခြုံရေးအရာရှိ ၅ ဦးကို လေယာဉ်ပစ်သေနတ်နဲ့ မြောက်ကိုရီးယား
ကွပ်မျက်ခဲ့တယ်လို့ဆို
မတ် ၁ - မြောက်ကိုရီးယားအစိုးရအရာရှိ ၅ ဦး လေယာဉ်ပစ်သေနတ်တွေနဲ့ ပစ်သတ်ကွပ်မျက်ခံခဲ့ရတယ်လို့ တောင်ကိုရီးယားဥပဒေပြုအမတ်တွေက ပြောပါတယ်။ အသတ်ခံရသူတွေဟာ မကြာသေးခင်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံ့လုံခြုံရေးအကြီးအကဲ ကင်ဝမ်ဟုန် လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုဝန်ကြီးအဆင့်ရှိတဲ့ အရာရှိ ၂ ဦးလို့ ယုံကြည်ရပြီး နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအန်းထံ သတင်းမှားတွေဖန်တီးပေးပို့မှုကြောင့်လို့ ယူဆရကြောင်း တောင်ကိုရီးယားအမျိုးသား ထောက်လှမ်းရေးဌာန (NIS) က အစီရင်ခံခဲ့တယ်လို့ လွှတ်တော်အမတ် ၂ ဦးကပြောပါတယ်။
“နောက်ထပ်စုံစမ်းစစ်ဆေးမှုတွေပြီးရင် အစိုးရအရာရှိတွေ ထပ်မံကွပ်မျက်ခံရနိုင်တယ်”လို့ တောင်ကိုရီးယားဥပဒေပြု အမတ် ကင်ဘွန်ကီက ပြောပါတယ်။
မြောက်ကိုရီးယား နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနဟာ သူတို့ရဲ့ထောက်လှမ်းရေးတပ်ဖွဲ့ကို တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်။ အကျဉ်းစခန်းတွေကိုလည်း ဦးစီးသလို၊ ပါတီဝန်ထမ်းတွေနဲ့အခြားနိုင်ငံသားတွေကို ပြည်တွင်းမှာ စောင့်ကြည့်တဲ့လုပ်ငန်းတွေကိုလည်း တာဝန်ယူထားပါတယ်။
မအေးသီမွန်
[Ref:CNN; 28 February 2017]
Kumudra
Wednesday, March 1, 2017
လုံခြုံရေးအရာရှိ ၅ ဦးကို လေယာဉ်ပစ်သေနတ်နဲ့ မြောက်ကိုရီးယား ကွပ်မျက်ခဲ့တယ်လို့ဆို
လုံခြုံရေးအရာရှိ ၅ ဦးကို လေယာဉ်ပစ်သေနတ်နဲ့ မြောက်ကိုရီးယား ကွပ်မျက်ခဲ့တယ်လို့ဆို
Reviewed by Ar Ti
on
8:24 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment