မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံကို ခန့်အပ်
မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံကို ခန့်အပ်တာဝန်ပေးဖို့ ဒီနေ့ မနက်လုပ်ခဲ့တဲ့ ပြည်နယ်လွှတ်တော်က သဘောတူလိုက်ပါတယ်။
မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်အမတ် ဦးမင်းထင်အောင်ဟန်က သမ္မတက ခန့်အပ်လိုတဲ့ ဒေါက်တာအေးဇံကို ပြည်နယ်လွှတ်တော်က သဘောတူလိုက်ပြီး နေ့ခင်းပိုင်း လွှတ်တော်ပြန်စတဲ့ အချိန်မှာ ၀န်ကြီးချုပ်သစ်က ကျမ်းသစ္စာကျိန်ဆိုမယ်လို့ ပြောပါတယ်။
“သမ္မတက အပွိုင့်လုပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်လွှတ်တော်ကနေပြီးတော့ အတည်ပြုတယ်။ အတည်ပြုပြီးလို့ရှိရင် အဲ့ဒီပုဂိုလ်ကို အတည်ပြုကြောင်း လွှတ်တော်ကနေ သမ္မတရုံး ကို အကြောင်းကြားစာ ပို့ရတယ်။ အကြောင်းကြားစာပို့တဲ့အခါ သမ္မတရုံးကနေ ခန့်အပ်စာ တခါ လွှတ်တော်ကို ပြန်ပို့တယ်။ နေ့ခင်း ၂ နာရီ လွှတ်တော်ပြန်စရင် ဒေါက်တာအေးဇံက ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်မယ်။”
မွန်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာမယ့် ဒေါက်တာအေးဇံဟာ ကျိုက်ထိုမြို့နယ် အမှတ် (၂ ) မဲဆန္ဒနယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ၀ါရင့် အန်အယ်လ်ဒီပါတီဝင်တဦးလည်း ဖြစ်ပါတယ်။
ဒေါက်တာအေးဇံဟာ ၁၉၉၀ ခု ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် တဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲ မ၀င်ခင် ကျိုက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ ပါတယ်။
ဒေါက်တာအေးဇံဟာ မွန်ပြည်နယ် မုဒုံမြို သင်္ဘောဦးရပ်မှာ အဘ ဦးကျော်ဇံ၊ အမိ ဒေါ်ရင်မြကနေ ၁၉၅၄ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
သူဟာဆေးတက္ကသိုလ်(၂) မင်္ဂလာဒုံမှာ အောင်မြင်ခဲ့ပြီး မုဒုံ ကျိုက်ထိုမြို့တွေမှာ ပြင်ပဆရာဝန်အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့သလို ၂၀၀၈ ကနေ ၂၀၁၀ အထိ ခွေးရူးပြန်ရောဂါ ကုသရေး အခမဲ့ကိုယ်စားလှယ်အနေနဲ့လုပ်ဆောင်ခဲပါတယ်။
DVB TV News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment