Wednesday, March 15, 2017
ပေးစာကဏ္ဍ(ဇလွန်လ၀က နဲ့ ကျမတူမလေးမှတ်ပုံတင် )
ဇလွန်လ၀က နဲ့ ကျမတူမလေးမှတ်ပုံတင်
ဒီကနေ့ ကျမ သမီးလေးရဲ့မှတ်ပုံတင်အတွက် ဇလွန်လ၀ကကိုသွားခဲ့ပါ
တယ်။သမီးဆိုတာက သူ့အဖေနဲ့အမေကွဲလို့ သူငါးလကထဲကကျမက မွေးစားခဲ့တဲ့တူမလေးပါ။အခုအသက်ပြည့်လို့ မှတ်ပုံတင်လုပ်ဖို့လ၀က ကိုသွားတော့
သူ့အဖေအမေမှတ်ပုံတင်ကိုတောင်းပါတယ်။အဖေမှတ်ပုံတင်က
လွယ်ပေမယ့် သူ့အမေရဲ့မှတ်ပုံတင်ရဖို့ကတော့ ကျမအတွက် က
ကောက်ရိုးပုံထဲအပ်ပျောက်ရှာရသလိုအဖြစ်ပါ။
သူ့အမေဆိုတာက ငါးလသမီးကထဲဒီသမီးကိုထားပြီး ဘယ်ရောက်လို့
ဘယ်ပေါက်မှန်းမသိ၊သေမှန်းရှင်မှန်းမသိထွက်သွားလိုက်တာ။
အခုအဲဒီအမေကိုလိုက်ရှာပြီး မှတ်ပုံတင်ရမှ ကျမတူမလေးကိုမှတ်ပုံတင်
လုပ်ပေးမယ်လို့ လ၀က လူကြီးက ဆိုလာပါတယ်။
အချက်အလက်မပြည့်စုံလို့ ကျမတူမလေးကို မှတ်ပုံတင်ထုတ်မပေးနိုင်ဘူးလို့ဇလွန်လ၀က လူကြီးကပြောပါတယ်။
အိမ်ပြန်လမ်းတစ်လျှောက်အတွေးမျိုးစုံနဲ့ ခေါင်းပူပြီး ပြန်ခဲ့ပါတယ်။
ဘယ်မှာမှန်းမသိတဲ့ သမီးရဲ့အမေကို ကျမဘယ်လိုလိုက်ရှာရမလဲ။
လမ်းမှာစွန့်ပစ်ထားတဲ့ကလေးလေးတွေ ဆိုရင် အဖေအမေမှတ်ပုံတင်မှ
သူတို့မှာ မရှိတာ။သူတို့တစ်သက်လုံးမှတ်ပုံတင်ရကြမှာမဟုတ်ဘူး။
ခုကျမတူမလေးလဲ
သူ့အမေကို ရှာမတွေ့မချင်း မှတ်ပုံတင်မရှိပဲ တစ်သက်လုံးနေသွားရတော့မှာလား။ လ၀က ဌာနမှာ အခုလိုကိစ္စမျိုးအတွက်ဖြေရှင်းစရာနည်းလမ်းမရှိဘူးလား......စသဖြင့်အမျိုးစုံအောင်တွေးပြီးခေါင်းပူပြီးပြန်ခဲ့ပါတယ်။
နောက်ဆုံးကြံရာမရလို့ ခုလိုစာရေးပြီး အွန်လိုင်းပေါ်
အကူအညီတောင်းရပါတယ်။
ခုလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး သိနားလည်တဲ့သူများရှိရင် ကျေးဇူးပြုပြီး ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပြောပြပေးကြပါရှင့်။
ကျေးဇူးတင်ပါတယ်
သမီးမှတ်ပုံတင်အတွက် စိတ်ညစ်နေရတဲ့ဇလွန်သူ
ပေးစာကဏ္ဍ(ဇလွန်လ၀က နဲ့ ကျမတူမလေးမှတ်ပုံတင် )
Reviewed by timeayeyar
on
6:42 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment