ရဲနောင်အတွက် လုပ်ပေးတဲ့ ပရိသတ်တွေရဲ့ အလှူ
We Love အဖွဲ့တွေပေါင်းပြီး လုပ်တာလို့ သိရပါတယ်။
Myanmar Idol Season 2 မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ရဲနောင်အတွက် ပရိသတ်တွေက အလှူပြုလုပ်ပေးတယ်လို့ သိရပါတယ်။ ရဲနောင် ရဲ့ Fan တွေဟာ မတ်လ(၁)ရက်နေ့က သဲကုန်းမြို့နယ် ရေစုပ္ပင်ရွာ သာသနပါလ ပရဟိတကျောင်းမှာ ရဲနောင်အတွက် အလှူပြု လုပ်ပေးတာ ဖြစ်ပါတယ်။
ရဲနောင်ဟာ Myanmar Idol Season 2 မှာ ပါဝင်ယှဉ်ပြိုင်နေပြီး နောက်ဆုံးယှဉ်ပြိုင်သူ ငါးဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ ခါးနံပါတ်(၁)ရဲနောင်ဟာ ပရိသတ်အားပေးမှုများ ရရှိထားသူ တစ်ဦးဖြစ်ပြီး ဝေဖန်မှုများစွာကိုလည်း ခံရတဲ့ ပြိုင်ပွဲဝင်တစ်ဦး ဖြစ်ပါတယ်။
သူ့ရဲ့ပရိသတ်တွေကတော့ ဒီအလှူပြုလုပ်တာဟာ ရဲနောင်ကို ဝေဖန်ပြောနေတဲ့ သူတွေရှိတာကြောင့် အကုသိုလ်တွေမယူချင်သလို လူတိုင်းကိုမေတ္တာတရားနဲ့ အေးအေးဆေးဆေး ဖြစ်ချင်တာကြောင့် ယခုလိုအလှူပြုလုပ်ရခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ရဲနောင်ရဲ့ ပရိသတ်တွေထဲက တစ်ဦးဖြစ်သူ မြခွာညိုကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာလည်း အလှူနဲ့ ပတ်သက်ပြီး ယခုလိုရေးသားထားပါတယ်။
"We Love တို့ရဲ့ ရဲနောင် အတွက် အလှူလေးပါ။ လူတိုင်းအပေါ် ရိုးသား ဖြူ စင်တဲ့ ရဲရဲ သီချင်းတွေ အပေါ် ရိုးသားတဲ့ ရဲရဲ ဝေဖန် မှု တွေ ပြောဆိုနှိမ်ချ မှု တွေ အပေါ်မေတ္တာ တရားနဲ့သာ တုန့်ပြန် တတ်တဲ့ ရဲရဲ .သူ့ဘ၀ ကို သူ့ဂီတ ကြားထဲ မှာ နစ်မြုတ် ထားတဲ့ရဲရဲ.. ရဲရဲရေ ပြောနေကြစကားအတိုင်းပဲ မေတ္တာ ခြုံ ရင် လုံပါတယ်" ဆိုတဲ့စာသားကိုလည်း ရေးသားထားပါတယ်။
Myanmar Idol Season 2 ပြိုင်ပွဲကလည်း တစ်ပတ်ထက်တစ်ပတ်ပိုပိုပြီး စိတ်ဝင်စားစရာကောင်းလှတဲ့ ပြိုင်ပွဲတစ်ခုလည်း ဖြစ်လို့နေပါတယ်။
Sources & Photo : ရဲနောင်ရဲ့ ဖေ့စ်ဘွတ်: Duwun
Thursday, March 2, 2017
ရဲနောင်အတွက် လုပ်ပေးတဲ့ ပရိသတ်တွေရဲ့ အလှူ
ရဲနောင်အတွက် လုပ်ပေးတဲ့ ပရိသတ်တွေရဲ့ အလှူ
Reviewed by Ar Ti
on
8:32 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment