Saturday, March 4, 2017
တရုတ် နိုင်ငံ အနေနဲ့ စစ်ရေးအသုံးစရိတ်တိုးမြှင့်သွားမည်
တရုတ်နိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်အတွင်း စစ်ရေးအသုံးစရိတ် ၇ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ ကြေညာ
လိုက်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်မယ်လို့ကြေညာပြီး
မကြာမီမှာပဲ တရုတ်နိုင်ငံက အခုလိုမျိုးကြေညာလိုက်တာပါ၊
တရုတ်အစိုးရ ဟာ ဘေဂျင်းမြို့မှာ ကျင်းပမယ့် တရုတ် ပြည်သူကွန်ဂရက် ပါတီ အစည်းအဝေး မတိုင်မီ
စစ်ရေး အသုံးစရိတ်တိုးချဲ့ တာကိုကြေညာတာဖြစ်ပါတယ်။
တရုတ်နိုင်ငံ ဟာ ၄င်းတို့ ရဲ့ လက်နက်ကိုင်အဖွဲ့ ခေတ်စေဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ တရုတ်အစိုးရ တာဝန်ရှိသူတွေကပြောပါတယ်။
တရုတ် အစိုးရ က စစ်ရေး အသုံးတိုးချဲတာဟာအမေရိကန် နဲ့ နှိုင်းယှဉ်ရင် ပမာဏနည်းသေးတယ်
လို့ ပြောပါတယ်။
ဒါပေမယ့် တရုတ်အရေးလေ့လာသူတွေက တရုတ်နိုင်ငံရဲ့ စစ်ရေးအသုံးစရိတ်ဟာ တစ်နှစ်ထက်တစ်နှစ်တိုးမြင့်လာနေတယ်လို့ သုံးသပ်ပြောဆိုပါတယ်။
တရုတ်နိုင်ငံ ဟာ နှစ်ပေါင်းနှစ်ဆယ်ကျော် စစ်ရေးအသုံးစရိတ်ကို ၁၀ ရာခိုင်နှုန်းအောင်သာရှိခဲ့ပေမယ့်
၂ နှစ်ဆက်တိုက် စစ်ရေးအသုံးစရိတ် ဟာ ၁၀ ရာခိုင်နှုန်းအထိ ရှိလာနေတယ်လို့ သိရပါတယ်။
တရုတ်အစိုးရဟာ စစ်ရေးအသုံးစရိတ်ကို နိုင်ငံ ဂျီဒီပီ ရဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်း နဲ့ ညီမျှအောင် သုံးစွဲဖွယ်ရှိတယ်လို့ သိရပါတယ်။
ref bbc ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
တရုတ် နိုင်ငံ အနေနဲ့ စစ်ရေးအသုံးစရိတ်တိုးမြှင့်သွားမည်
Reviewed by timeayeyar
on
8:02 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment