ကလေးမြို့တွင် လေပြင်းကြောင့် နေအိမ် ၁၂ လုံးပြိုကျ အိမ်အချို့ပျက်စီး
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် လေပြင်းရုတ်တ ရက်ကျရောက်ခဲ့ပြီး နေအိမ် ၁၂ လုံးပြိုကျကာ အိမ်အချို့ပျက်စီး ကြောင်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဦးစီးဌာနမှ သတင်းရရှိသည်။
ကလေးမြို့ပေါ် အပါအ၀င် အနီးဝန်းကျင် ကျေးရွာအချို့ တွင် မတ်လ၂၅ ရက် နေ့လယ်၂ နာရီခန့်က ရုတ်တရက် လေ ပြင်းကျပြီး နန်းစောင်းပုကျေးရွာမှ မြေစိုက်အိမ် ၁၂ လုံး ပြိုကျသွား ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးစ၀ီလီယမ်ဖရန့်က ပြောသည်။
လေပြင်းကျရာနေရာများသို့ မြေပြင်ကွင်းဆင်းလေ့လာနေ သော ကလေးခရိုင် ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြတ်ဇော်ထွန်း က ‘‘ရုတ်တရက်လေကျတာ။ မြို့ ပေါ်တွေမှာတော့ ခရိုင်ရုံးရှေ့မှာ အပင်လဲတာနဲ့ အိမ်တချို့အမိုး လန်တာပါ။ နန်းစောင်းပုမှာတော့ မျောတိုင်တွေနဲ့ ဆောက်ထားတဲ့ အိမ် ၁၂ လုံးပြိုပါတယ်။ အဲဒီရွာ မှာ အိမ်တချို့လည်း အမိုးလန်ပါ တယ်’’ဟု ပြောသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှု တစ်စုံတစ်ရာမရှိကြောင်း သိရ သည်။လက်ရှိ ရာသီဥတုအခြေအ နေသည် လေထုမတည်မငြိမ်ဖြစ် နေ၍ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများအပါအ၀င် ဒေသအ များစုတွင် လေပြင်းနှင့် မိုးကြိုးပစ် ခြင်းအန္တရာယ်သတိပြုရန် မိုး/ ဇလဌာနကသတိပေးထားသည်။
မိုးလေ၀သပညာရှင်ဒေါက် တာထွန်းလွင်က စစ်ကိုင်းတိုင်းဒေ သကြီးအထက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် လေထုမ တည်မငြိမ်ဖြစ်နေ၍ နေရာကွက် ၍ မိုးရွာပြီး လေပြင်းတိုက်ခတ်နိုင် ကြောင်း သတိပေးထားသည်။( 7Day )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment