အင်ဂျင်ပါဝါ ၄၀၀၁ စီစီအထက်ကားများ အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၅၀ ကောက်ခံမည်ဟု ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၌ ပါဝင်ပြီး ၄၀၀၁ စီစီနှင့် ၅၀၀၀ စီစီကြား ကားများအတွက် ယခင်သတင်းထွက်ပေါ်မှုထက် အခွန်ရာခိုင်နှုန်း ၂၀ ပိုများ
အင်ဂျင်ပါဝါ ၄၀၀၁ စီစီအထက်ကားများ အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၅၀ ကောက်ခံမည်ဟု ပြည်ထောင်စု အခွန်အကောက်ဥပဒေ၌ ပါဝင်လာပြီး ၄၀၀၁ စီစီနှင့် ၅၀၀၀ စီစီကြားကားများအတွက် ယခင်သတင်းထွက်ပေါ်မှုထက် အခွန်ရာခိုင်နှုန်း ၂၀ ပိုများကြောင်း သိရသည်။
မတ် ၁ ရက်တွင် အတည်ပြုပြဋ္ဌာန်းလိုက်သော ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၌ Double Cab 4 Door Pickup မှ အပ ၁၅၀၀ စီစီမှ ၂၀၀၀ စီစီအထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ၀က်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများကို အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၂၀၊ Double Cab 4 Door Pickup မှ အပ ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိ ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ၀က်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများကို အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၃၀၊ Double Cab 4 Door Pickup မှအပ ၄၀၀၁ စီစီ အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့် ၀က်ဂွန် (Estate Wagon) ကားများ၊ ကူပေး (Coupe) ကားများကို အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၅၀ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ယခင်ထွက်ပေါ်ခဲ့သော သတင်းများနှင့် နှိုင်းယှဉ်ပါက ၁၅၀၀ စီစီမှ ၂၀၀၀ စီစီ အထိကားများနှင့် ၂၀၀၁ စီစီမှ ၄၀၀၀ စီစီ အထိကားများတွင် အထူးကုန်စည်ခွန် သတ်မှတ်မှု တူညီခဲ့သော်လည်း ၄၀၀၁ စီစီမှ ၅၀၀၀ စီစီအထိ ကားများအတွက် အထူးကုန်စည်ခွန်နှုန်းထား ရာခိုင်နှုန်း ၂၀ ပိုမိုလာခြင်းဖြစ်သည်။ ယခင်ထွက်ပေါ်ခဲ့သော သတင်းများတွင် ၅၀၀၁ စီစီနှင့် အထက်ကားများကိုသာ အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၅၀ ကောက်ခံမည် ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယခုအခွန်အကောက် ဥပဒေအတည်ပြုချိန်တွင် ၄၀၀၁ စီစီနှင့် အထက်ကားများသည် အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၅၀ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကောက်ခံနေသော ကားတင်သွင်းမှုဆိုင်ရာ အထူးကုန်စည်ခွန်နှုန်းမှာ ၀ စီစီမှ ၁၈၀၀ စီစီအထိကို ကင်းလွတ်ခွင့်ပေးထားပြီး ၁၈၀၁ စီစီနှင့်အထက်ကို ၂၅ ရာခိုင်နှုန်း ကောက်ခံနေခြင်းဖြစ်သည်။ ပြီးခဲ့သော ဖေဖော်ဝါရီ လဆန်းတွင် ထွက်ရှိလာသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် ကားဝယ်ယူတင်သွင်းမှုဆိုင်ရာ အထူးကုန်စည်ခွန်နှုန်းကို ၂၀၀၀ စီစီအထိကို ရာခိုင်နှုန်း ၂၀၊ ၂၀၀၁ စီစီမှ ၃၀၀၀ စီစီအထိကို ၂၅ ရာခိုင်နှုန်း၊ ၃၀၀၁ စီစီမှ ၄၀၀၀ စီစီအထိကို ရာခိုင်နှုန်း ၃၀၊ ၄၀၀၀ စီစီအထက်ကို ၅၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ထည့်သွင်းထားပြီး ဖေဖော်ဝါရီ ၆ ရက် အစည်းအဝေးတွင် ပြန်လည်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ယင်းအစည်းအဝေးတွင် ပြင်ဆင်ခဲ့သော အထူးကုန်စည်ခွန်နှုန်းထားများအရ သုည စီစီမှ ၁၅၀၀ စီစီအထိကားများသည် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ရရှိခဲ့ပြီး ၁၅၀၁ စီစီမှ ၂၀၀၀ စီစီကားများကို အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၂၀ (အတည်ပြု ဥပဒေနှင့်တူ)၊ ၂၀၀၁ စီစီမှ ၃၀၀၀ စီစီအထိ ကားများကို ရာခိုင်နှုန်း ၃၀ (အတည်ပြု ဥပဒေနှင့်တူ)၊ ၃၀၀၁ စီစီမှ ၄၀၀၀ စီစီအထိကို ရာခိုင်နှုန်း ၃၀ (အတည်ပြုဥပဒေနှင့်တူ)၊ ၄၀၀၁ စီစီမှ ၅၀၀၀ စီစီအထိ ကားများကို ရာခိုင်နှုန်း ၃၀ (အတည်ပြုဥပဒေတွင် ရာခိုင်နှုန်း ၅၀ အဖြစ် ပြောင်းလဲသတ်မှတ်)၊ ၅၀၀၁ စီစီအထက်ကားများကို ရာခိုင်နှုန်း ၅၀ (အတည်ပြုဥပဒေနှင့်တူ) အဖြစ်သတ်မှတ်ရန် ဆွေးနွေးခဲ့ပြီး ဥပဒေ အတည်ပြုချိန်တွင် ၄၀၀၁ စီစီမှ ၅၀၀၀ စီစီကြား ကားများအတွက် အခွန်ရာခိုင်နှုန်း ၂၀ ပိုမိုလာခြင်း ဖြစ်သည်။
၂၀၁၆-၂၀၁၇ အထူးကုန်စည်ခွန်နှုန်းနှင့် ၂၀၁၇-၂၀၁၈ အထူးကုန်စည်ခွန်နှုန်း နှိုင်းယှဉ်ပါက သုညစီစီမှ ၁၅၀၀ စီစီအထိ ကားများ ယခင်နှစ်အတိုင်း အခွန်ကင်းလွတ်ခွင့် ရရှိခဲ့ပြီး ၁၅၀၁ စီစီမှ ၁၈၀၀ စီစီအထိကားများမှာ ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ ပိုမိုပေးဆောင်ရမည် ဖြစ်သည်။ ၁၈၀၁ စီစီမှ ၂၀၀၀ စီစီအထိ ကားများမှာ ယခင်နှစ်ကထက် ငါးရာခိုင်နှုန်း သက်သာပြီး ၂၀၀၁ စီစီမှ ၄၀၀၀ စီစီအထိကားများမှာ ယခင်နှစ်ကထက် ငါးရာခိုင်နှုန်း ပိုမိုကာ ၄၀၀၁ စီစီနှင့် အထက်ကားများသည် ယခင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း ပိုမိုပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
“မနေ့ကအထိ နားလည်ထားတာက အင်ဂျင် ၅၀၀၁ စီစီနဲ့အထက်မှ အခွန် ၅၀ ရာခိုင်နှုန်းကောက်မယ်လို့ နားလည်ထားတာပါ။ အခု ၄၀၀၀ စီစီနဲ့ ဖြတ်ချလိုက်တော့ Lexus LX 570၊ Mercedes GL450၊ Toyota Land Cruiser အစရှိတဲ့ကားတွေ နောက်ထပ် ထပ်မံသွင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ သွင်းမယ်ဆိုရင်လည်း ဈေးတွေက သိန်းရာပေါင်းများစွာ အဆမတန်ဈေးတွေ ဖြစ်ကုန်တော့မယ်” ဟု Distinct Trading Co.,Ltd. မန်းနေးဂျင်း ဒါရိုက်တာ ဦးထွဋ်ထိပ်က ပြောကြားသည်။
စည်သူအောင်
Eleven Media Group
Saturday, March 4, 2017
အင်ဂျင်ပါဝါ ၄၀၀၁ စီစီအထက်ကားများ အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၅၀ ကောက်ခံမည်ဟု ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၌ ပါဝင်ပြီး ၄၀၀၁ စီစီနှင့် ၅၀၀၀ စီစီကြား ကားများအတွက် ယခင်သတင်းထွက်ပေါ်မှုထက် အခွန်ရာခိုင်နှုန်း ၂၀ ပိုများ
အင်ဂျင်ပါဝါ ၄၀၀၁ စီစီအထက်ကားများ အထူးကုန်စည်ခွန် ရာခိုင်နှုန်း ၅၀ ကောက်ခံမည်ဟု ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၌ ပါဝင်ပြီး ၄၀၀၁ စီစီနှင့် ၅၀၀၀ စီစီကြား ကားများအတွက် ယခင်သတင်းထွက်ပေါ်မှုထက် အခွန်ရာခိုင်နှုန်း ၂၀ ပိုများ
Reviewed by Ar Ti
on
5:18 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment