ရှေ့နေဦးကိုနီအမှု တရားလိုကို စစ်ဆေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စနဲ့ ပက်သက်ပြီး တရားလိုဖြစ်တဲ့ လေဆိပ်တာဝန်ခံ ရဲအုပ်မိုးနိုင် ကို ဒီကနေ့ စစ်ဆေးတာဖြစ်ပါတယ်။ ဒီကနေ့ ရုံးထုတ်ဟာ တရားခံစစ်ဆေးတဲ့ အလှည့်မဟုတ်သေးတဲ့အတွက် တရားလိုတွေကို စတင်စစ်ဆေးတာဖြစ်ပါတယ်။
အခင်းဖြစ်ပွားချိန်က အသုံးပြုတဲ့ သေနတ် ကျည်ဆံနဲ့ လူသတ်တရားခံ ကြည်လင်း ဝတ်ဆင်ခဲ့တဲ့အကျီတွေကို ရဲအုပ်မိုးနိုင် က သက်သေခံ တင်ပြတာဖြစ်တယ်လို့ ဒီကနေ့ ရုံးထုတ်စစ်ဆေးတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တရားခံ အောင်ဝင်းဇော်ရဲ့ ရှေ့နေဖြစ်သူ ဦးအောင်ခိုင် က ပြောပါတယ်။
တရားခံ ၄ ဦးစလုံးကို ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ် ၃၄ အားပေးကူညီမှု၊ ပုဒ်မ ၂၁၂ ပြစ်မှုကျူးလွန်သူကို ကူညီမှုတို့နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အဲဒီအထဲက အောင်ဝင်းဇော်နဲ့ ကြည်လင်း တို့ကို လက်နက်မှုနဲ့ပါ တရားစွဲဆိုတာပါ။ ဒီကနေ့ ရုံးထုတ်မှာ သက်သေတယောက်ကို စစ်ဆေးပြီး နောက်တပတ်ရုံးချိန်မှာ နောက်ထပ်သက်သေတယောက်ကို ထပ်မံစစ်ဆေးမှာဖြစ်ပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အမှုနဲ့ ပက်သက်ပြီး သက်သေအယောက် ၈၀ လောက်ကို စစ်ဆေးသွားမှာဖြစ်ပါတယ်။
Photo: Kyaw Zaw Win/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment