မြို့ပြ၏ ဆူညံမှုများက အကြားအာရုံ ဆုံးရှုံးခြင်းနှင့် ဆက်နွှယ်နေ
မြို့ပြ၏ ဆူညံသံညစ်ညမ်းမှုနှင့် အကြားအာရုံ ဆုံးရှုံးမှုတို့သည် အနီးကပ် ဆက်နွှယ်လျက်ရှိကြောင်း မတ် ၃ ရက်တွင် ထုတ်ပြန်သော အမျိုးအစားနှစ်ရပ်လုံး၌ ပါဝင်သည့် မြို့ကြီးပေါင်း ၅၀ ၏ အဆင့်များအရ သိရသည်။
ကွမ်ကျိုး၊ နယူးဒေလီ၊ ကိုင်ရိုနှင့် အစ္စတန်ဘူလ်တို့ကဲ့သို့သော ဆူညံသံ ဒက်ဆီဘယ် မြင့်သည့် မြို့ပြဒေသများသည် အကြားအာရုံ အထိခိုက်ဆုံး မြို့ကြီးများစာရင်း၌ ထိပ်ဆုံးမှ ပါဝင်ကြောင်း သုတေသနပြုသူများက ပြောကြားခဲ့သည်။
ဆူညံသံညစ်ညမ်းမှု အနိမ့်ဆုံးဖြစ်သော ဇူးရစ်၊ ဗီယင်နာ၊ အော်စလိုနှင့် မြူးနစ်တို့ကဲ့သို့သော မြို့များသည် အကြားအာရုံ ထိခိုက်မှု အနည်းဆုံး အဆင့်၌ ရှိသည်။
ယခုစာရင်းဇယားအရ ဆက်နွှယ်မှုသည် မြို့ပြဘ၀၏ အဆက်မပြတ်ဆူညံမှုများသည် အကြားအာရုံဆုံးရှုံးမှုအတွက် အဓိက တွန်းအားတစ်ရပ်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အကြားအာရုံဆုံးရှုံးမှုသည် ရောဂါပိုးများ၊ မွေးရာပါ ချွတ်ယွင်းမှုများ၊ လမစေ့ဘဲ မွေးဖွားလာမှုများနှင့် အချို့သော ဆေးများသုံးစွဲမှုများနှင့်လည်း ပတ်သက်နေသည်။
ယခုတွေ့ရှိချက်များသည် အကြိုသဘောအဆင့်သာရှိသေးပြီး ယခုအထိ စာနယ်ဇင်းများ၌ ဖော်ပြရခြင်း မရှိသေးပေ။
“ဒါပေမဲ့ ဒါဟာ အားကောင်းတဲ့ ရလဒ်တစ်ခုပါ” ဟု ဆဲလ်ဖုန်းမှတစ်ဆင့် အကြားအာရုံ စမ်းသပ်မှုတစ်ရပ်ကို လူပေါင်း ၂၀၀,၀၀၀ အား ပြုလုပ်ခဲ့သည့် အချက်အလက်များကို စုစည်းသော ဂျာမနီကုမ္ပဏီဖြစ်သည့် Mini Hearing Technologies မှ မန်နေဂျင်းဒါရိုက်တာ ဟင်းနရစ်မက်သီးယက်က ပြောကြားခဲ့သည်။
“ဆူညံသံ ညစ်ညမ်းမှုနဲ့ အကြားအာရုံ ဆုံးရှုံးမှု အချက်အလက်ဟာ ရှုပ်ထွေးတဲ့ ဆက်နွှယ်မှုတစ်ရပ်နဲ့ဆိုင်တဲ့ ခိုင်မာတဲ့ ဆက်စပ်မှုမျိုး ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Miniကုမ္ပဏီနှင့် ဘာလင်ရှိရှာရိုက် တက္ကသိုလ်ဆေးရုံမှ သုတေသနပြုသူများက သီးခြား အချက်အလက် ဘဏ်နှစ်ရပ်ကို တည်ဆောက်ခြင်းဖြင့် ဆက်နွှယ်မှုကို ရှာဖွေ လေ့လာခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအနေဲဖင့် ကမ္ဘာတစ်လွှားရှိ မြို့ကြီးများ၏ ဆူညံသံ ညစ်ညမ်းမှုအဆင့်ကို သတ်မှတ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နော်ဝေအခြေစိုက် နည်းပညာသုတေသနအဖွဲ့ဖြစ်သော SINTEF တို့ထံမှ အချက်အလက်များကို ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။
Ref: AFP
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment