AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွား
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့အနီးမှာ အစိုးရတပ်မတော် နဲ့ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တို့ မတ်လ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး လက်ရှိမှာ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ပလက်ဝမြို့နယ် သမင်ရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အကြောင်း AA အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
"တိုက်ပွဲဖြစ်တဲ့နေရာကတော့ ပလက်ဝမြို့နယ် သမင်ရွာနားမှာဖြစ်တာ၊ နှစ်ဖက်တွေ့ဆုံပြီးတော့ တိုက်ပွဲဖြစ်တာဗျ၊ အဲဒီကျတော်တို့ရှိတဲ့နေရာတွေနဲ့ ဆက်စပ်တဲ့တပ်စခန်းရှိတဲ့နေရာတွေပေါ့ဗျာ၊ ကျနော်တို့ရဲ့ လှုပ်ရှားစစ်ကြောင်းတွေ လှုပ်ရှားသွားလာတဲ့နေရာပေါ့၊ မြန်မာ့တပ်မတော်ကလည်း ထိုးဖောက်ပြီးသွားလာတဲ့နေရာပေါ့’’
AA တပ်မဟာ (၃) လက်အောက်ခံ၊ အမှတ် (၃၀၁) တပ်ရင်းနဲ့ အစိုးရတပ်မတော် ဒကစ(စစ်တွေ) လက်အောက်ခံ၊ ခလရ (၃၄) တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲအတွင်း အစိုးရတပ်မတော်ဖက်က နှစ်ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ AA က သတင်းထုတ်ပြန် ထားပါတယ်။ အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်ဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
အဲဒီနေ့က တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း အစိုးရတပ်မတော်ဘက် က နောက်ထပ်အင်အားစုစည်းနေသလို၊ နောက်ထပ်လည်း အဲဒီနေရာကို အစိုးရတပ်မတော်ဘက်က ထိုးစစ်ဆင် လာနိုင်တဲ့အတွက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းကလည်း AA နဲ့ အစိုးရတပ်မတော်တို့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ် ပွားခဲ့တာကြောင့် ဒေသခံသုံးရာကျော်လောက် စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးခဲ့ကြရပါတယ်။
Photo: Photo: ရက္ခိုင့်တပ်မတော်၊ သတင်းနှင့် ပြန်ကြားရေးဌာန/ Facebook/RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment