Latest News

Wednesday, February 8, 2017

YBS နံပါတ် ၄ ယာဉ်လမ်းကြောင်းတိုးချဲ့ပြေးဆွဲ

YBS နံပါတ် ၄ ယာဉ်လမ်းကြောင်းတိုးချဲ့ပြေးဆွဲ


ယုဇနဥယျာဉ်မြို့တော်မှ   ရန်ကုန်မြို့တော်ခန်းမရှေ့ (ဆူးလေဘုရား)သို့ ပြေးဆွဲနေသော YBS  နံပါတ်  ၄ ယာဉ်လိုင်းမှာ ယနေ့မှစ၍ လမ်းကြောင်း(မှတ်တိုင်)တိုးချဲ့ ပြေးဆွဲကြောင်း သိရသည်။

''အရင်က ယုဇနကနေပြီး ခန်းမရှေ့ကို တိုက်ရိုက် ဝင်တယ်။ အခုက သိမ်ကြီးဈေးကနေ ဗိုလ်ချုပ်ဈေးကို ပတ်ပြီး ဆူးလေဘုရားလမ်းကနေ ခန်းမရှေ့ကိုဝင်တယ်။ လိုင်းမှာကားအစီးရေ ကိုးဆယ်ကျော်ရှိတယ်''ဟု YBS  ယာဉ်မောင်း ကိုဇော်မင်းက ပြောသည်။

အဆိုပါတိုးချဲ့ပြေးဆွဲခြင်းနှင့်ပတ်သက်၍ သာကေတ မြို့နယ်မှ   ကိုကျော်ဦးက   ''အခုလိုပြေးဆွဲပေးတော့ တော်တော် အဆင်ပြေပါတယ်။ ဗိုလ်ချုပ်ဈေးတို့၊ သိမ်ကြီး ဈေးတို့ကို အလုပ်သွားဆင်းတာပဲဖြစ်ဖြစ်၊ ဈေးဝယ်သွား တာပဲဖြစ်ဖြစ် အဆင်ပြေတာပေါ့။

ကားနှစ်ဆင့် စီးစရာမလို တော့ဘူး။ ပြီးတော့ အဲဒီဈေးနားမှာ ရန်ကုန်ဆေးရုံကြီး ရှိတယ်။ အခြားယာဉ်လိုင်းတွေကိုလည်း အခုလို အဆင် ပြေအောင်လုပ်ပေးစေချင်တယ်''ဟု ပြောသည်။

ထို့ပြင် လမ်းကြောင်းသစ် တိုးချဲ့ပြေးဆွဲခြင်းကြောင့် ဒဂုံဆိပ်ကမ်း၊ သာကေတ၊ ဒေါပုံမြို့နယ်နှင့် ယုဇနဥယျာဉ် မြို့တော်နေ ပြည်သူများအနေဖြင့် သွားလာရေးပိုမိုအဆင် ပြေကြောင်း ခရီးသည်များ၏ ပြောဆိုချက်များအရ သိရ သည်။

YBS နံပါတ် ၄ ယာဉ်လိုင်းကို ဇန်နဝါရီ ၁၆ ရက်မှ စ၍ ယခင်ပြေးဆွဲသော ၃၂၊ ၅၇၊ ၉ဝ၊၂၁ဝ အစရှိသည့် မထသ ယာဉ်လိုင်းများနေရာ၌ အစားထိုးပြေးဆွဲခြင်းဖြစ်သည်။

(ဇာနည်မောင်)
The Mirror Daily
8.2.17

No comments:

Post a Comment