Latest News

Thursday, February 9, 2017

YBS ၅၈ ယာဉ်လိုင်းက မီနီဘတ်စ်တွေကို ယာဉ်ကြီးတွေနဲ့ တဖြည်းဖြည်း အစားထိုး ပြေးဆွဲမယ်

YBS ၅၈ ယာဉ်လိုင်းက မီနီဘတ်စ်တွေကို ယာဉ်ကြီးတွေနဲ့

တဖြည်းဖြည်း အစားထိုးြေေပြေးဆွဲမယ်


မြို့တွင်းပတ် ယာဉ်လိုင်းဖြစ်တဲ့ YBS ၅၈ ယာဉ်လိုင်းက ခရီးသည်တွေ အဆင်ပြေစေဖို့ လက်ရှိပြေးဆွဲတဲ့ မီနီဘတ်စ်ယာဉ်တွေနေရာမှာ ကားအကြီးတွေနဲ့ တဖြည်းဖြည်း အစားထိုး ပြောင်းလဲပြေးဆွဲ သွားမယ် လို့ ယာဉ်လိုင်းကို တာဝန်ယူ ပြေးဆွဲနေတဲ့ YUPT အများပိုင် ကုမ္ပဏီရဲ့ အတွင်းရေးမှူး ဦးမောင်မောင်လွင် က ပြောပါတယ်။

လက်ရှိမှာလည်း ယာဉ်အစီးရေ ထပ်မံတိုးချဲ့ ပေးထားပြီး မီနီဘတ်စ် ၁၆ စီး၊ ယာဉ်ကြီး ၂၄ စီးနဲ့ ပြေးဆွဲပေးနေတယ် လို့ ဦးမောင်မောင်လွင် က ပြောပါတယ်။

ယာဉ်လိုင်းနံပါတ် ၅၈ ကို ညဘက် နောက်ဆုံးသိမ်းချိန် ည (၉) နာရီခွဲ အထိ ပြေးဆွဲပေးနေတယ် လို့လည်း ဦးမောင်မောင်လွင် က ပြောပါတယ်။ ရန်ကုန်မြို့တွင်း (၆) မြို့နယ်ကို ခရုပတ်ပြေးဆွဲတဲ့ မြို့တွင်းပတ် ခရီးစဉ်တွေ ကို ၅၈ ယာဉ်လိုင်း အပါအ၀င် မြို့တွင်းပတ် ယာဉ်လိုင်း ၃ ခုက ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ မြို့တွင်းပတ် ယာဉ်လိုင်းတွေကို စီးနင်းတဲ့ ခရီးသည်တွေ အနေနဲ့ ကားမလုံလောက်တာနဲ့ ညဘက်ကား မရှိတဲ့ အခက်အခဲတွေ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။
5 PlusNews

No comments:

Post a Comment