Latest News

Friday, February 17, 2017

YBS စနစ်သစ်တွင် ပိုက်ဆံရမည့်လမ်းကြောင်းကိုသာ ပြေးဆွဲလိုသည့် တစ်ဦးချင်းစီပိုင် ကားများသာ များပြားနေ၊ ဧပြီလအတွင်း အများပိုင်ကုမ္ပဏီစနစ်သို့ အဆင်မြှင့်တင်မည်

YBS စနစ်သစ်တွင် ပိုက်ဆံရမည့်လမ်းကြောင်းကိုသာ ပြေးဆွဲလိုသည့် တစ်ဦးချင်းစီပိုင် ကားများသာ များပြားနေ၊ ဧပြီလအတွင်း အများပိုင်ကုမ္ပဏီစနစ်သို့ အဆင်မြှင့်တင်မည်



YBS စနစ်သစ်တွင် ပိုက်ဆံရမည့်လမ်းကြောင်းကိုသာ ပြေးဆွဲလိုသည့် တစ်ဦးချင်းစီပိုင်ကားများ  များပြားနေခြင်းကြောင့် ဘတ်စ်ကားစနစ် အဆင့်မြှင့်တင်ရေးအတွက် ဧပြီလအတွင်း အများပိုင်ကုမ္ပဏီစနစ်ကို ပြောင်းလဲ သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော YBS စနစ်၏ (၁)လပြည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ဘတ်စ်ကားစနစ်ကို  အများပိုင်ကုမ္ပဏီစနစ်ဖြင့်  ပြောင်းလဲနေချိန်တွင် တစ်ဦးချင်းစီပိုင်ကားများအား ယင်းစနစ်တွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်ဆောက်ရွက်နေသော်လည်း အရှုံးပေါ်မည်စိုးရိမ်သည့်အတွက် မပါဝင်လိုသော ပြဿနာမှာ ရှိနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်ကပြောသည်။

"ယာဉ်လိုင်း ၁၀လိုင်းလောက်ကို ကုမ္ပဏီကကိုင်လိုက်တယ်ဆိုရင် (ဒါဥပမာပြောတာပါ) ၈လိုင်းလောက်က အကျိုးအမြတ် တော်တော်ရှိနေတယ်ဆိုရင် ၂လိုင်းမှာ ပေါ်က်ပေါက်တဲ့ အရှုံး ကို ခံနိုင်ပါတယ်။ အခုဟာက တစ်ဦးချင်းစီ ဖြစ်နေတဲ့အတွက်၊ အရှုံးဒဏ်ကို မခံနိုင်တဲ့အတွက် အမြဲတမ်း ယာဉ်လိုင်းဘက်က complain ရှိပါတယ်။ ပိုက်ဆံရတဲ့လမ်းကြောင်းကိုပဲ ပြေးခွင့်ပြုဖို့ တောက်လျှောက် ကျွန်တော်တို့ကို တွန်းအား ပေးနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ဖြေရှင်း ဆောင်ရွက်နေပါတယ်'' ဟု ဝန်ကြီးချုပ်ကပြောသည်။

ထိုပြင် ဘတ်စ်ကား စနစ်ကို ကုမ္ပဏီစနစ်ဖြင့် ဧပြီလတွင် ပြောင်းလဲ ပြေးဆွဲသွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

"ယဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ၊ ယာဉ်ပိုင်ရှင်တွေ အခုပြောင်းလဲမဲ့ ကုမ္ပဏီစနစ်ကို ပြည်သူကို မျက်နှာမူပြီး ပြည်သူ့အတွက်ဆိုတဲ့ အသိနဲ့ လိုက်ပါဖို့ ဖြစ်ပါတယ်။ မလိုက်ပါနိုင်ဘူးဆိုရင် ကျန်ခဲ့နိုင်ပါတယ်'' ဟု ဝန်ကြီးချုပ်ကေ သတိပေးပြောဆိုသည်။

လက်ရှိအချိန်တွင် ကားအစီးရေ ၃၅၀၀ ကျော်ပြေးဆွဲနေပြီး ကားအစီးရေ ၁၀၀၀ ကျော်ထပ်မံဝယ်ယူကာ အစီးရေ ၄၅၀၀ ဖြင့် ပြေးဆွဲ နိုင်ရေး မျှော်မှန်းထားကြောင်း ဝန်ကြီးချုပ် ကပြောသည်။

"ဧပြီလအတွင်းမှာပဲ ဆောင်ရွက်သွားမဲ့ အစီအစဉ် တွေကတော့ ကားတွေ အားလုံး GPS စတပ်ပြီး GPS စနစ်နဲ့ ချိတ်ဆက်ထားတဲ့ Bus Operation Team တွေ တစ်ခုကိုလည်း ဗဟိုမီးပွိုင့်ထိန်းချုပ်ရေး စင်တာမှာ ဖွင့်ထားပါတယ်။ အဲဒီကနေ တိုက်ရိုက် ထိန်းချုပ်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ယင်းအပြင် ယာဉ်စီးခကိုလည်း ကတ်စနစ်ဖြင့် ကျင့်သုံးနိုင်ရန်အတွက် Yangon Payment Service တစ်ခုကို တည်ထောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

လင်းလင်းအောင်

NewsWatch

No comments:

Post a Comment