YBS စနစ်တွင် ပြေးဆွဲနေသော ပုဂ္ဂလိကပိုင် ဘတ်စ်ကားများအား ဘတ်စ်ကားဟောင်းများ တန်ဖိုးဖြတ်ရေးနှင့် ၀ယ်ယူရေး ကော်မတီက တန်ဖိုးဖြတ်ပြီး ပြန်လည် ၀ယ်ယူမည်ဟု သိရ
YBS စနစ်တွင်ပြေးဆွဲနေသော ပုဂ္ဂလိကပိုင် ဘတ်စ်ကားများအား ဘတ်စ်ကားဟောင်းများ တန်ဖိုးဖြတ်ရေးနှင့် ၀ယ်ယူရေးကော်မတီက တန်ဖိုးဖြတ်ပြီး ပြန်လည် ၀ယ်ယူမှုများ ပြုလုပ်မည်ဟု အဆိုပါကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ ကော်မတီဖွဲ့ပြီးသွားပြီ။ ပထမဦးဆုံးအကြိမ် အစည်းအဝေးလုပ်တာပေါ့။ ဘတ်စ်ကား ဟောင်းတွေကို တန်ဖိုးဖြတ်ပြီး ပြန်ဝယ်ဖို့။ ကျွန်တော်တို့ကော်မတီက အဓိက အဲဒါ လုပ်ပေးရမှာ။ သူကတော့ ကားအဟောင်းတွေ တန်ဖိုးဖြတ်ပြီး ၀ယ်မယ့်ဟာပေါ့။ တန်ဖိုးအတိအကျတော့ ညှိနေတုန်းပါပဲ။ ကားအသစ်တွေ အစားထိုးဖို့ရှိတယ်။ ကားအသစ်ကတော့ ကျွန်တော်တို့နဲ့မဆိုင်ဘူးပေါ့။ ဒီယာဉ်ပိုင်ရှင်တွေ နစ်နာမှုမရှိအောင်၊ သင့်တင့်တဲ့ဈေးနဲ့ သူတို့ရအောင် အဲဒါကို တန်ဖိုးဖြတ်ဝယ်ပြီး သုံးလို့ရတာ သုံးမယ်။ ရှယ်ယာအဖြစ် ထည့်မယ်ဆိုလည်း ထည့်လို့ရတယ်။ မနစ်နာအောင် ဒါကို စဉ်းစားတဲ့သဘောပေါ့။ တန်ဖိုးဖြတ်တာတွေက စမလုပ်သေးဘူး။ ငွေချေဖို့ဟာကို စလုပ်နေတယ်။ အဲဒါကို ငွေဘယ်လိုချေမလဲ စဉ်းစားနေတယ်။ အဲဒါကို ဘယ်ကထုတ်မလဲ။ ပထမဦးဆုံးအကြိမ် အစည်းအဝေးပဲ ရှိသေးတယ်” ဟု ဘတ်စ်ကားဟောင်းများ တန်ဖိုးဖြတ်ရေးနှင့် ၀ယ်ယူရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဘတ်စ်ကားဟောင်းများ တန်ဖိုးဖြတ်ရေးနှင့် ၀ယ်ယူရေးကော်မတီ၏ ပထမဦးဆုံးအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဘတ်စ်ကားဟောင်းများ တန်ဖိုးဖြတ်ရေးနှင့် ၀ယ်ယူရေး ကော်မတီတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့စသည့် ပညာရှင်များ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် YBS အများပြည်သူ သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်းစနစ်တွင် ယာဉ်အစီးရေ ၄၀၀၀ ခန့်ဖြင့် ပြေးဆွဲနေပြီး ပြေးဆွဲနေသည့် ဘတ်စ်ကားများတွင် ဟောင်းနွမ်း ယာဉ်များလည်း ပါဝင်နေကာ မော်တော်ယာဉ် အသစ်များဖြင့် အမြန်ဆုံး အစားထိုးရမည့် ယာဉ် ရာခိုင်နှုန်း ၂၀ ခန့် ရှိနေကြောင်း သိရသည်။ YBS စနစ်တွင် ယာဉ်အစီးရေ ၁၀၀၀ ခန့် ၀ယ်ယူရန်ရှိပြီး လတ်တလောတွင် လက်ရှိတင်သွင်းပြီး ကုမ္ပဏီကလည်း ကားများ ထပ်ဝယ်ရန်ရှိကြောင်း၊ ၀ယ်ယူထားသည့် ယာဉ်များကို မလဲမနေရ ယာဉ်အို ယာဉ်ဟောင်း နေရာတွင် အစားထိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ရေရှည်အစီအစဉ်အဖြစ် ကားအစီးရေ အများစုကို ယာဉ်အသစ်များနှင့် ပြန်လဲသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ရှိုင်း
Eleven Media Group
Thursday, February 16, 2017
YBS စနစ်တွင် ပြေးဆွဲနေသော ပုဂ္ဂလိကပိုင် ဘတ်စ်ကားများအား ဘတ်စ်ကားဟောင်းများ တန်ဖိုးဖြတ်ရေးနှင့် ၀ယ်ယူရေး ကော်မတီက တန်ဖိုးဖြတ်ပြီး ပြန်လည် ၀ယ်ယူမည်ဟု သိရ
YBS စနစ်တွင် ပြေးဆွဲနေသော ပုဂ္ဂလိကပိုင် ဘတ်စ်ကားများအား ဘတ်စ်ကားဟောင်းများ တန်ဖိုးဖြတ်ရေးနှင့် ၀ယ်ယူရေး ကော်မတီက တန်ဖိုးဖြတ်ပြီး ပြန်လည် ၀ယ်ယူမည်ဟု သိရ
Reviewed by Ar Ti
on
6:05 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment