နိုင်ကျဉ်းများကို ကားတင်သွင်းခွင့်ပါမစ်ပေးသည်ဆိုသော ကိစ္စ နာမည်ဖျက်လိုသူများ၏ ပုံဖော်မှုဖြစ်နိုင်ဟုဝန်ကြီးချုပ်ပြောကြား YBS အတွက် ပေါချောင်ကောင်း ကားများကို G to G ၀ယ်ရန် စီစဉ်ထား
နိုင်ကျဉ်း( နိုင်ငံရေးအကျဉ်းသား)ဟောင်းများကို ကားတင်သွင်းခွင့်ပါမစ် ပေးလိုက်သည်ဆိုသော သတင်းမှာ နာမည်ဖျက်လိုသူများ၏ ပုံဖော်ဖန်တီးမှုသာဖြစ်ပြီး နိုင်ကျဉ်းအဖွဲ့ များသည် အလှုပေးရေးကိုသာ ကြိုးစားနေကြသူများဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
ပြီးခဲ့သော ရက်ပိုင်းက ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ကားတင်သွင်းခွင့်ပါမစ် ပေးလိုက်သည်ဟု ဖော်ပြမှုများရှိခဲ့ပြီး ယင်းမှာဝေဖန်စရာ တစ်ခုလည်းဖြစ်လာခဲ့ကြောင်းသိရသည်။
" နိုင်ကျဉ်းတွေ ကားဝယ်ခွင့်ရတယ်ဆိုတဲ့ ကိစ္စမှာ သူတို့ ကြားရင် တအားဝမ်းသာသွားမယ်။ သူတို့ မရရှာပါဘူး( ယင်းစကားကိုပြောချိန်၌ ရယ်မောလျှက်) သူတို့ ဘာမှ မရရှာပါဘူး။ သူတို့ ဟာ သူတို့ အလှုပေးဖို့ ပဲ လိုက်ကြိုးစားနေတဲ့သူတွေပါ။ ကားအစီး ၇၀၀ လောက်တင်သွင်းဖို့ ဆိုတဲ့ အခြေအနေက သူတို့ စဉ်းစားတဲ့အထဲမှာတောင် ရှိပုံမရပါဘူး။
တမင်နာမည်ဖျက်လိုတဲ့ အစုအဖွဲ့ တွေကနေ ဒီလိုမျိုး နိုင်ကျဉ်းတွေက
အကျိုးထူးအခွင့်ထူးတွေ ရနေတယ်ဆိုတဲ့ ပုံစံမျိုးပုံဖော်တာဖြစ်မှာပါ " ဟု ၀န်ကြီးချုပ်ကပြောသည်။
YBS စနစ်အတွက် ကားများကိုဝယ်ယူမှုတွင် ကားစီးရေ ၃၀၀၀ အထိမျှော်မှန်းထားကြောင်းလည်း ဆိုသည်။
" ကားတင်သွင်းခွင့်နဲ့ ပတ်သက်ပြီးတော့ ကားကို ၀ယ်ဖို့ အတွက် ကုမ္ပဏီတွေ အကုန်လုံးကို ခေါ်စစ်နေတယ်။
G to G ( Government to Government ) ၀ယ်မှာဖြစ်ပါတယ်။ ဈေးကလည်း အသက်သာဆုံးဖြစ်ရမယ်။
ပစ္စည်းကလည်း အကောင်းဆုံး ဖြစ်ရမယ်။ အာမခံကလည်း နှစ်နှစ်လောက်ပါရမယ်၊အကြွေးလည်းပေးနိုင်ရမယ်။ အဲဒီနည်းနဲ့ ဝယ်မှာပါ။ နောက်ဆုံးကျွန်တော့်နိုင်ငံအတွက် ၀ယ်မယ့် ပစ္စည်းဖြစ်ပါတယ်။ ပြည်သူ့ အတွက်ပါ။ အဲဒီကုမ္ပဏီ အဲဒီဈေးနဲ့ ဘယ်မှာလိုက်ရှာရှာ မရနိုင်ပါဘူး။ ဘာဖြစ်လို့ လဲ ဆိုတော့ အစိုးရချင်း ၀ယ်တာမို့ လို့ ။ ကျွန်တော်တို့ က ပြောပါတယ်။ ကျွန်တော်တို့ က အပြောင်းအလဲ လုပ်စမို့ လို့  ၀င်ကူညီပါပေါ့။
တစ်ခြားလူတစ်ယောက်က ဒီဈေးနဲ့ အဲဒီလိုသွားဝယ်ရင်ရောင်းမှာမဟုတ်ဘူး " ဟု ၀န်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ပါသည်။
Posted-Akon Thi FB Page
TRA
Saturday, February 18, 2017
နိုင်ကျဉ်းများကို ကားတင်သွင်းခွင့်ပါမစ်ပေးသည်ဆိုသော ကိစ္စ နာမည်ဖျက်လိုသူများ၏ ပုံဖော်မှုဖြစ်နိုင်ဟုဝန်ကြီးချုပ်ပြောကြား YBS အတွက် ပေါချောင်ကောင်း ကားများကို G to G ၀ယ်ရန် စီစဉ်ထား
နိုင်ကျဉ်းများကို ကားတင်သွင်းခွင့်ပါမစ်ပေးသည်ဆိုသော ကိစ္စ နာမည်ဖျက်လိုသူများ၏ ပုံဖော်မှုဖြစ်နိုင်ဟုဝန်ကြီးချုပ်ပြောကြား YBS အတွက် ပေါချောင်ကောင်း ကားများကို G to G ၀ယ်ရန် စီစဉ်ထား
Reviewed by Ar Ti
on
9:57 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment