Latest News

Sunday, February 19, 2017

YBS 37 ယာဉ်လိုင်းတွင် ပြေးဆွဲမည့် YBPC ကုမ္ပဏီ၏ ခရီးသည် တင် ယာဉ်များ ထပ်မံရောက်ရှိ

YBS 37 ယာဉ်လိုင်းတွင် ပြေးဆွဲမည့် YBPC ကုမ္ပဏီ၏ ခရီးသည်

တင် ယာဉ်များ ထပ်မံရောက်ရှိ


ရန်ကုန် ဖေဖော်ဝါရီ ၁၈

ရန်ကုန်မြို့၏ ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် YBS 37 ယာဉ်လိုင်းတွင် ဝင်ရောက်ပြေးဆွဲမည့် YBPC ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ၏ ခရီးသည်တင်ယာဉ်များ ထပ်မံရောက်ရှိနေပြီဖြစ်ပြီး ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ကာ မကြာမီ ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။

YBPC ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီသည် အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းပါဝင်မှု PPP စနစ်ဖြင့် ထူထောင်ထားသော အများပိုင်ဘတ်စ်ကားလိုင်း ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခင်က BRT Lite ယာဉ်လိုင်းအနေဖြင့် လမ်းကြောင်း သုံးခုကို ပြေးဆွဲခဲ့သည်။ လက်ရှိတွင် ၈၅ စီးဖြင့် ပြေးဆွဲလျက်ရှိပြီး အစီး ၁ဝဝ ခန့် ထပ်မံဖြည့်တင်းရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။ ထပ်မံရောက်ရှိလာသော ယာဉ်များကို ကတ်စနစ်ဖြင့် ငွေပေးချေနိုင်ရန် စက်များတပ်ဆင်နေခြင်း၊ ယာဉ်လိုင်းနံပါတ်နှင့် တံဆိပ်များတပ်ဆင်ခြင်းနှင့် လိုအပ်ချက်များကို ပြင်ဆင်နေကာ ခရီးသည်တင်ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေသည်ဟု သိရသည်။

''ယာဉ်လိုင်းအနေနဲ့ ယာဉ်အစီး ၁ဝဝ မှာယူထားတာ ပါ။ အစီး ၃ဝ ရောက်နေပါတယ်။ မြို့တွင်းယာဉ်လိုင်းတွေမှာ ပြေးဆွဲဖို့ စီစဉ်နေပါတယ်။''ဟု အဆိုပါ ကုမ္ပဏီမှ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ YBPC ကုမ္ပဏီကို အစိုးရ၏ ထည့်ဝင်ငွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးများ၏ ထည့်ဝင်ငွေနှင့် အများ ပြည်သူသို့ ရောင်းချထားသည့် အစုရှယ်ယာထည့်ဝင်ငွေများဖြင့် ထူထောင်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၆ နှစ်ဆန်းပိုင်းက စတင်ကာ BRT Lite ယာဉ်လိုင်းအမည်ဖြင့် လမ်းကြောင်းသုံးခု ပြေးဆွဲခဲ့သည်။ ယခု YBS ယာဉ်လိုင်း စနစ်ပြောင်းလဲခြင်းတွင် ယာဉ်လိုင်းအမှတ် ၃၇ ဖြင့် ထောက်ကြန့်-စံပြလမ်းကြောင်းကို ပြေးဆွဲလျက်ရှိသည်။ ယခင်က ယာဉ်စီးခ ပုံသေ ၃ဝဝ ကျပ်ဖြင့်ကောက်ခံခဲ့သော်လည်း ယခု ၂ဝဝ ကျပ်နှုန်းဖြင့်သာ ကောက်ခံပြေးဆွဲနေပြီး ယာဉ်နောက်လိုက်ပါဝင်ခြင်းမရှိသည့် ကတ်စနစ်သုံး ငွေပေးချေကတ်ကို အသုံးပြုနေသော ယာဉ်လိုင်းဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီကဲ့သို့ပင် အများပိုင်ယာဉ်လိုင်းကုမ္ပဏီ ဖွဲ့စည်းထူထောင်နိုင်ရန် ကျန်ယာဉ်လိုင်းများအား တွန်းအားပေးဆောင်ရွက်နေပြီး အစိုးရအနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီလုပ်ငန်းပုံစံဖြင့် ငွေကြေးအစုရှယ်ယာ ပါဝင်ပေးကာ ဆောင်ရွက်သည့်စနစ်ကို ကျင့်သုံးသွားမည်ဟု သိရသည်။

သတင်း - ဝဝ၁၊ ဓာတ်ပုံ- YBPC

ပြန် /ဆက်

No comments:

Post a Comment