Latest News

Saturday, February 18, 2017

ကင်မ်ဂျုံနမ်ကို လုပ်ကြံသည့် အမျိုးသမီးက TV အစီအစဉ် ရိုက် နေသည်ဟု ထင်မှတ်နေခဲ့မိကြောင်း ထွက်ဆို

ကင်မ်ဂျုံနမ်ကို လုပ်ကြံသည့် အမျိုးသမီးက TV အစီအစဉ် ရိုက်

နေသည်ဟု ထင်မှတ်နေခဲ့မိကြောင်း ထွက်ဆို

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ အစ်ကိုဖြစ်သူကို လုပ်ကြံမှုဖြင့် အဖမ်းခံထားရသည့် အမျိုးသမီးက သူမသည် လုပ်ကြံမှုမှန်း လုံးဝ မရိပ်မိဘဲ ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် ပါဝင်နေသည်ဟုသာ သိထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ယခုသီတင်းပတ်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်တွင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အစ်ကိုတော်စပ်သူ ကင်မ်ဂျုံနမ်မှာ အဆိပ်ဖြင့် တိုက်ခိုက်သည့် အခြေအနေတစ်ခုကြောင့် သေဆုံးခဲ့သည်။ မလေးရှား ရဲတပ်ဖွဲ့သည် အဆိုပါ အမှုနှင့် ပတ်သက်၍ စတုတ္ထမြောက် သံသယရှိသူအဖြစ် မြောက်ကိုရီးယား နိုင်ငံသား ရီဂျုံချိုလ် ဆိုသူကို ဖေဖော်ဝါရီ ၁၈ ရက်က ဖမ်းဆီးခဲ့သည်။ ယင်းမတိုင်မီက အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား တစ်ဦးကိုလည်း ဖမ်းဆီးထားသေးသည်။

ယင်းတို့အနက် အသက် ၂၅ နှစ်အရွယ် အင်ဒိုနီးရှား နိုင်ငံသူ ဆီတီ အိုင်စ်ယားက သူမသည် Prankခေါ် ကျီစယ်နောက်ပြောင်သည့် TV အစီအစဉ် တစ်ခုတွင် ပါဝင် ရိုက်ကူးနေသည်ဟုသာ သိရှိထားကြောင်း ထွက်ဆိုခဲ့သည်။ သူမ သိရှိထားသည်မှာ လေဆိပ်ရှိ လူအချို့ကို ရေပန်းဖြင့် ပက်ဖျန်းရပြီး ထိုကဲ့သို့ ကင်မ်ဂျုံနမ်ကို လုပ်ကြံသည့် အမျိုးသမီးက TV အစီအစဉ် ရိုက်နေသည်ဟု ထင်မှတ်နေခဲ့မိကြောင်း ထွက်ဆိုခဲ့သည်။

သူမသည် ထိုကဲ့သို့ လုပ်ဆောင်ရခြင်းအတွက် ဒေါ်လာ အနည်းငယ် အခကြေးငွေ ရရှိကြောင်း၊ ကင်မ်ဂျုံနမ်၏ အလှည့်တွင်မူ အဆိပ်ပါသော အရည်တစ်မျိုးကို လဲလှယ်ပြီး သူမလက်ထဲ ထည့်ပေးခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ဖွင့်ဟခဲ့သည်။ စစ်ဆေးမှုများအရ ဆီတီသည် လုပ်ကြံမှုနှင့် လုံးဝဥဿုံ ဆက်စပ်မှု မရှိဘဲ အဓိက တရားခံဘဝ ရောက်နေသည်ဟု ယုံကြည်ရသည်။

အဆိုပါ စစ်ဆေးမေးမြန်းမှုကို မလေးရှား ရဲတပ်ဖွဲ့က အင်ဒိုနီးရှား ရဲတပ်ဖွဲ့ထံ အသိပေးခဲ့ပြီး အင်ဒိုနီးရှား ရဲတပ်ဖွဲ့ အကြီးအကဲ တီတို ကန်နာဗီယန်က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဆီတီက သူမကို အခကြေးငွေပေး၍ မှာကြားလိုက်မှုအရ သတ်မှတ်ထားသူ၏ မျက်နှာကို ရေဖြင့် ပက်ဖျန်းချိန်တွင် သူမ၏ မျက်လုံးများကို မှိတ်ထားခဲ့ကြောင်း ဆိုသည်။ သူမသည် ကင်မ်ဂျုံနမ်နှင့် မတိုင်မီ အလားတူ အပြုအမူမျိုး သုံးလေးကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်းလည်း တီတိုက ပြောကြားခဲ့သည်။

“နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုက အေးဂျင့်တွေဟာ လုပ်ကြံမှု တစ်ခုအတွက် သူ့ကို စနစ်တကျ အသုံးချသွားမှန်း အမျိုးသမီးက လုံးဝ မရိပ်မိခဲ့ဘူး”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။ လေဆိပ် လုံခြုံရေး ကင်မရာများ၌ LoL စာတန်းပါ အဖြူရောင် တီရှပ်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးက ကင်မ်ဂျုံနမ်ကို အနီးကပ် လုပ်ကြံလိုက်ဟန် တွေ့မြင်ရပြီး ယင်းမှာ ဆီတီ ဖြစ်သည်။ သူမကို မလေးရှားတွင် ဆက်လက် စစ်ဆေးနေဆဲ ဖြစ်သည်။

ကင်မ်ဂျုံနမ်သည် ညီဖြစ်သူ မြောက်ကိုရီးယား အာဏာရှင်နှင့် စိမ်းကားပြတ်တောက်သော ဆက်ဆံရေးမျိုး ရှိနေပြီး ယခုလုပ်ကြံမှုကို ကင်မ်ဂျုံအန်းက စေခိုင်းခြင်းဟု စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ ယင်းနှင့်ပတ်သက်၍ မြောက်ကိုရီးယားဘက်မှ မည်သည့် ဖြေရှင်းမှုမျှ မပြုလုပ်သော်လည်း ၎င်းတို့ နိုင်ငံသား တစ်ဦးဖြစ်သည့် ကင်မ်ဂျုံနမ်၏ ရုပ်အလောင်းကို အမြန်ဆုံး ပြန်လည် လွှဲအပ်ပေးရန် မလေးရှား အစိုးရထံ တောင်းဆိုထားကြောင်း သိရသည်။

Ref: Guardian


7Day News Journal

No comments:

Post a Comment