တိုင်ကြားချက်များကြောင့် ကမာရွတ် TTC ကျောင်းအုပ် ဆရာမကြီးအား ပြောင်းရွှေ့
ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ကမာရွတ် TTC) ကျောင်း အုပ် ဒေါ်မြင့်မြင့်စန်းအား ပြောင်းရွှေ့ တာဝန်ပေးခဲ့ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ဖေဖော်ဝါရီ ၂ ရက်တွင် The Ladies သို့ အတည်ပြုပြောသည်။
“TTC ကျောင်းအုပ် ဒေါက်တာ မြင့်မြင့်စန်း ပြောင်းရွှေ့တာ ဟုတ်ပါတယ်။ ၃၁ ရက်နေ့ မနက်ကပဲ Offer ထွက်သွားပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းကပြောသည်။
ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ကမာရွတ် TTC) ကျောင်း အုပ် ဒေါက်တာမြင့်မြင့်စန်းကို စည်ပင်နယ်နမိတ် ပြင်ပရှိ တိုက်ကြီးမြို့ အထက်တန်းကျောင်း တစ်ကျောင်းသို့ ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ နေရာတွင် ဒေါက်တာမိုးသူကို အစားထိုးခန့်အပ်ခဲ့ကြောင်းလည်း ညွှန်ချုပ် ဦးသိန်းဝင်းကပြောသည်။
“တချို့နေရာတွေမှာ မိဘတွေနဲ့ မပြေလည်တဲ့ကိစ္စတွေ မိဘတွေက တိုင်တယ်။ တော်တော်များများ တိုင်တာပါ။ ပထမတော့ ဒီအတိုင်း PE ပဲ စစ်သေးတယ်။ နောက်ပိုင်းကျတော့ အချက်တွေများတော့ နောက် တစ်ကြိမ် သေချာအောင် ပြန်စစ်တယ် စစ်ပြီးမှ ကျွန်တော်တို့ ရွှေ့ပေး လိုက်တာပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းက ပြောသည်။
ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (ကမာရွတ် TTC) ကျောင်းအုပ် အပြောင်းအလဲကို ဇန်န၀ါရီ ၃၁ ရက်က အကြောင်းကြားစာ ထုတ်ပြန် ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် တာဝန်လွှဲပြောင်း လက်ခံမှုများ ပြု လုပ်ခဲ့ကြောင်းလည်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment