အီးမေးလ်ဟက်ခံရတဲ့ အခါ တခြားအကောင့်တွေကိုပါ ကူညီကာကွယ်ပေးမယ့် Tool
ရန်ကုန်၊ ဇန်နဝါရီ ၃၁
တိုက်ခိုက်သူတွေက မိမိရဲ့အီးမေးလ်ကို ထိုးဖောက်ဝင်ကြည့်တဲ့ အချိန်မှာ re-cover ပတ်စ်ဝပ်ခ်တွေနဲ့ မိမိရဲ့အကောင့်ကိုဝင် ကြည့်နိုင်တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲသည်လို အီးမေးလ်ကို ဟက်ကင်း သို့မဟုတ် recovery လုပ်တဲ့ ရန်ကနေကာကွယ်နိုင်မယ့် tool တစ်ခုပေါ်လာ ပါပြီ။ Delegated Recovery လို့ နာမည်ပေးထားပါတယ်။
သူကတော့ မိမိအနေနဲ့အကောင့် recovery ဒါမှမဟုတ် ဟက်ကင်းလုပ်ခံရတာတွေကို အဲသည် tool ကနေ report လှမ်းတင်လိုက်တာနဲ့ အဲသည်ဘ လော့ဂ်က မိမိအကောင့်ထဲဝင်ရောက်စစ်ဆေးပြီး အကောင့်ကို reset ချပေးမှာ ဖြစ်တယ်လို့သိရပါတယ်။
မိမိအနေနဲ့ အကောင့်ကို re-covery ဒါမှမဟုတ် ဟက်ကင်းလုပ်ခံလိုက်ရတာနဲ့ အထောက်အထားပြည့်ပြည့်စုံစုံကို သည်ဘလော့ဂ်မှာတင်ပြပါ။ https:// github.com/facebookincubator/Delegated Recovery/ ထဲဝင်ရမှာဖြစ်တယ်။ ဘယ်နေ့ဘယ် အချိန်မှာဟက်ကင်းလုပ်ခံရတယ်ဆိုတာကို အတိအကျ အီးမေးလ်လိပ်စာကို လှမ်းပို့ရုံနဲ့အဲသည်ဘလော့ဂ်က မိမိအကောင့်ထဲဝင်စစ်ပြီး ပတ်စ်ဝပ်ခ်ကို reset ချလိုက်မှာ ဖြစ်ပါတယ်။
ဖေ့စ်ဘုတ်ခ်မှ မဟုတ်ပါဘူး။ အီးမေးလ်၊ ဂျီမေးလ်နဲ့ချိတ်ဆက်ထားတဲ့ ဆိုရှယ်မီဒီယာနက်ဝပ်ခ်တိုင်းဟက်ကင်းလုပ်မယ်ဆိုရင် recovery လုပ်ကြတာ များပါတယ်။ Facebook/Twitter/ Yahooစတဲ့ လူမှုကွန်ရက် အကောင့်တိုင်းက အီးမေးလ်နဲ့ချိတ်ဆက်တာများပါတယ်။
မသမာသူက ဖေ့စ်ဘုတ်ခ်အကောင့်ကို recovery လုပ်ဖို့ အဲသည်အကောင့်ရဲ့ အီးမေးလ်အကောင့်ထဲဝင်ပါတယ်။ အဲသည်ကနေ တစ်ဆင့်နာမည်ကြီး ဝက်ဘ်ဆိုက်တွေထဲ ထိုးဖောက်ဝင်ရောက်မယ်။ အဲသည်မှာ recovery လုပ်ဖို့ အီးမေးလ်လိပ်စာကိုဝင်တဲ့အခါ forgot your password ဆိုတဲ့ နေရာကိုတွေ့ရပါလိမ့်မယ်။ အဲသည်မှာအကောင့်ပွင့်သွားတာမျိုးကို re-covery လုပ်တာလို့ခေါ်ပါတယ်။
သည် re-covery လုပ်တဲ့ပြဿနာကို ဖြေရှင်းဖို့ဖေ့စ်ဘုတ်ခ်က tool အသစ်ကို မနေ့ကကြေညာခဲ့ပါတယ်။ အဲသည် tool က ပုံမှန်ထက်ပိုတဲ့ လုံခြုံမှုရှိစေဖို့ အတွက် recovery ရန်ကိုကာကွယ်ပေးမှာဖြစ်ပါတယ်။
သည် tool က နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့အတွက် ဖေ့စ်ဘုတ်ခ်ရဲ့ ကြီးမားတဲ့အပိုင်းမှာ ပါဝင်တော့မှာဖြစ်ပြီး တိုက်ခိုက်သူတွေက မိမိရဲ့ အီးမေးလ်အကောင့်ထဲဝင်ဖို့ ပိုပြီးခက်ခဲသွားမှာဖြစ်ကြောင်း ကယ်လီဖိုးနီးယား မှာ ဇန် နဝါရီ ၃၀ ရက်နေ့က ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဖေ့စ် ဘုတ်ခ်အင်ဂျင်နီယာ ပိုင်းဆိုင်ရာတာဝန်ရှိသူ ဘရက်ဟေးလ်က ရှင်းလင်းပွဲမှာ ပြောပါတယ်။
သုံးစွဲသူတွေအနေနဲ့ tool ကိုသုံးမယ်ဆိုရင် မိမိတို့ရဲ့ ဖေ့စ်ဘုတ်ခ်၊ ဒါမှ မဟုတ်တွစ်တာစတဲ့အကောင့်တစ်ခုခုရဲ့setting ထဲဝင်ပြီး tool ကိုရှာနိုင်ပါတယ်။ ဒါမှမဟုတ်အပေါ်မှာ ဖော်ပြခဲ့တဲ့ဘလော့ဂ်ထဲ တန်းပြီး ဝင်ရောက်ကြည့်နိုင်ပါတယ်။
မေဘယ်လ် (ကုမုဒြာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment