Latest News

Sunday, February 5, 2017

“ကြားဖြတ်ရွေးကောက်ပွဲ အတွက်NLD ပါတီကိုယ်စားလှယ်လောင်းလက်ကမ်းစာစောင်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ပုံသုံးသင့်မသင့် ဆွေးနွေး”

“ကြားဖြတ်ရွေးကောက်ပွဲ အတွက်NLD ပါတီကိုယ်စားလှယ်လောင်းလက်ကမ်းစာစောင်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ပုံသုံးသင့်မသင့် ဆွေးနွေး”

နေပြည်တော် ဖေဖော်ဝါရီ ၅ရက်။ ။ အာဏာရပါတီဖြစ်တဲ့ NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ပုံမှန်အစည်းအဝေးကို နေပြည်တော်မှာပြုလုပ်ခဲ့ရာ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲကြောငြာစာတမ်းမထုတ်ပြန်တော့ဘဲ ကိုယ်စားလှယ်လောင်းရဲ့လက်ကမ်းစာစောင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ်ဒေါ်အောင်ဆန်းစုကြည်ပုံသုံးသင့်လားဆိုတဲ့ကိစ္စကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အစည်းအဝေးတက်ရောက်ခဲ့တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က “ကြားဖြတ်ရွေးကောက်ပွဲမျာ ပါဝင်မယ့် ၁၉ မြီု့နယ်ကိစ္စဆွေးနွေးရာမှာတော့ ၂၀၁၅ရွေးကောက်ပွဲတုန်းက လို ဆောင်ပုဒ်တွေ ရွေးကောက်ပွဲကြောငြာစာတမ်းတွေမထုတ်တော့ဘူး။

ကိုယ်စားလှယ်လောင်းတွေရဲ့ ပန်းဖလပ် မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါသင့်လား ပေါ့။ စဉ်းစားကြတော့ ၂၀၁၅မှာကြံ့ခိုင်ရေးကလည်းဦးသိန်းစိန်ပုံသုံးတယ်လို့ အဲ့ဒါတော့ရှိတယ်။သို့သော်လည်းသတိနဲ့လုပ်ကြလို့တော့မှာလိုက်တယ်။ပါတီအလံနဲ့ပါတီဆောင်ပုဒ်ကတော့ သုံးလို့ရတာပေါ့။ “အစည်းအဝေးအပြီးသတင်းထောက်တွေကိုပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပုံကို သုံး၊မသုံးမသေချာသေးဘူးလားမေးခွန်းကိုတော့ “ကိုယ့်ဟာကိုယ်ဆုံးဖြတ်ကြပေါ့”လို့ ဦးဝင်းထိန်ကပြောသွားပါတယ်။

ယနေ့အစည်းအဝေးကိုနေပြည်တော်ရှိစည်ပင်ဧည့်ရိပ်သာမှာသုံးနာရီခန့်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။လွှတ်တော်ဥက္ကဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြိးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊မကွေးတိုင်းဒေသကြီးဝန်ကြိးချုပ်ဒေါက်တာအောင်မိုးညိုနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။


ချိုဇင်မာဝင့် ( ကုမုဒြာ )


No comments:

Post a Comment