Latest News

Saturday, February 25, 2017

NCA လက်မှတ်ထိုး၊ မထိုးနှင့် ပတ်သက်၍ KIO/KIA မှ ဗိုလ်ချုပ်ဂွန်မော်ရှင်းလင်း

NCA လက်မှတ်ထိုး၊ မထိုးနှင့် ပတ်သက်၍ KIO/KIA မှ

ဗိုလ်ချုပ်ဂွန်မော်ရှင်းလင်း



တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA)တွင် လက်မှတ်ရေး ထိုး၊ မထိုးနှင့်ပတ်သက်၍ ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) ဗဟိုကော်မတီဝင် ဗိုလ်ချုပ်ဂွန် မော်သည် ဖေဖော်ဝါရီ ၂၄ ရက် က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် ရှင်းပြခဲ့သည်။ အစိုးရ နှင့် တိုင်းရင်းသားအဖွဲ့များညှိနှိုင်း သည့် NCA အတည်ပြုမူကြမ်း သည် ဆက်လက်ညှိနှိုင်းရန် လို အပ်နေသေး၍ လက်မှတ်မထိုးခဲ့ခြင်းဖြစ်ပြီး အစိုးရကိုယ်စားလှယ်များနှင့် ဆက်လက်ညှိနှိုင်းဆဲဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ဗိုလ်ချုပ်ဂွန်မော်သည် ၎င်း ၏ Gunmaw Sumlut ဖေ့စ် ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် နိုင်ငံရေး၊ စစ်ရေးဆိုင်ရာ အခြေ အနေများနှင့် သဘောထားအမြင် များ ဖော်ပြလေ့ရှိသည်။

NCA ဖြစ်ပေါ်ရေးကို တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်ကတောင်းဆိုခဲ့ပြီး တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ထိပ်သီး ညီလာခံက NCCT ဟုခေါ်သည့် လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များပါသည့် အဖွဲ့ ကို ဖွဲ့စည်းကာ အစိုးရ ကိုယ်စား လှယ်အဖွဲ့နှင့် ညှိနှိုင်းခဲ့သည်။ ၂၀၁၃ နှစ်တွင် စတင်ခဲ့သည့် ဆွေးနွေးညှိနှိုင်းမှုများအရ ၂၀၁၅ မတ်လ ၃၁ ရက်တွင် ပဉ္စမမူကြမ်း၊ တစ်နည်းအားဖြင့် အ တည်ပြုမူကြမ်းကို နှစ်ဖက်ကိုယ် စားလှယ်အဖွဲ့အကြား လက်မှတ် ရေးထိုးခဲ့သည်။

‘‘NCA ပဉ္စမမူကြမ်းကို အ တည်ပြုမူကြမ်းလို့ ခေါ်ဆိုသော် လည်း အတည်ပြုချက်မရှိသေး သော မူကြမ်း တစ်စောင်အဖြစ် ရှိနေဆဲပါ။ NCA အတည်ပြုမူ ကြမ်းကို လက်ခံနိုင်တဲ့ တချို့အဖွဲ့ များက အစိုးရနဲ့ လက်မှတ်ရေးထိုး ခဲ့ပြီး NCA အတည်ပြုမူကြမ်းကို ဆက်လက်ပြီးညှိနှိုင်းရန် လိုနေ သေးတယ်လို့ ယူဆတဲ့အဖွဲ့တွေ ကတော့ လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြပါဘူး’’ဟု ဗိုလ်ချုပ် ဂွန် မော်၏ လက်မှတ်ရေးထိုး၍ ဖေ့စ် ဘွတ်ခ်တွင် တင်ထားသောစာ၌ ပါရှိသည်။

NCA လက်မှတ်မရေးထိုးသူ များကို ငြိမ်းချမ်းရေးမလိုလားသူ များဟု မယူဆစေလိုကြောင်းနှင့် ခိုင်မာပြီး နိုင်ငံရေးအာမခံချက် ပေးနိုင်သည့် စာချုပ်ဖြစ်စေလို၍ သေချာအောင် ဆွေးနွေးနေ ကြောင်း ဖော်ပြထားသည်။

‘‘UNFC အဖွဲ့ဝင်များနဲ့ အစိုးရကိုယ်စားလှယ်များ ဆက် လက်ဆွေးနွေးနေကြဆဲဆိုတာကို အသိအမှတ်ပြုရင်းနဲ့ ထိုးမှာလား၊ မထိုးဘူးလားလို့ တိုက်ရိုက်မေး ခွန်းပေါ်မှာ အဖြေမထုတ်ကြစေ လိုပါခင်ဗျာ’’ဟုလည်း အဆိုပါစာ တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ဂွန်မော်၏ ရှင်း လင်းချက်သည် အချိန်ကာလအရ အနည်းငယ်ကွဲလွဲမှုဖြစ်လာခြင်း ဖြစ်ပြီး ယခင်က NCCT တွင် ပါ သည့်အဖွဲ့အားလုံး NCA စာချုပ် အပေါ် လက်ခံခဲ့ပြီးဖြစ်သည်ဟု NCA လက်မှတ်ရေးထိုးထားသည့် ပအိုဝ်းတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (PNLO) ဦးဆောင် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

‘‘ဦးသိန်းစိန်လက်ထက်မှာ ထိုးရင် ပိုအကျိုးရှိတယ်ဆိုတဲ့ အဖွဲ့တွေကတော့ ကျွန်တော်တို့ ရှစ်ဖွဲ့ ထိုးတာပေါ့ဗျာ။ ဦးသိန်းစိန်လွန်သွားတဲ့အချိန် နောက်အစိုးရ ဒီမိုကရေစီအစိုးရ လက်ထက်မှာထိုးရင် ပိုအကျိုးရှိတယ်ဆိုတဲ့အဖွဲ့တွေ အချိန်ကို စောင့်တာပေါ့။ ရှင်းရှင်းပြောရရင် အဲဒီအချိန် ပြဿနာပါပဲ။ ကျန်တဲ့စာရွက်စာတမ်းပြဿနာမဟုတ်ပါဘူး။ စာရွက်စာတမ်းပြဿနာ အခုပေါ်လာတာက အခုအချိန်ကို  စောင့်ရင်းနဲ့ အဆင်မပြေတာတွေ ပေါ်တဲ့အခါကျတော့ နောက်ထပ်စဉ်းစားလို့ရတာတွေက ပေါ်လာတာ’’ဟု ၎င်းက ပြောသည်။

အတည်ပြု မူကြမ်းကို NCCTအဆင့်တွင် လက်ခံပြီး မူချောရရှိရေး ၂၀၁၅ ဇွန်လက ကျင်းပသည့် လော်ခီးလာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံ၌ အဆင့်မြင့်ခေါင်းဆောင်များပါသည့် ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ SD ကို ဖွဲ့စည်းကာ ဆက်လက် ဆောင်ရွက်ခဲ့သည်ဟု NCA လက် မှတ်ရေးထိုးထားသည့် ကရင် လက်နက်ကိုင်အဖွဲ့ (KNU)အထွေထွေအတွင်းရေးမှူးချုပ် ဖဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

‘‘SD က သူတို့ လာညှိတယ်။ ပြီးသွားတယ်။ လက်မှတ်ထိုးဖို့ အ ဆင်သင့်ဖြစ်တဲ့အခါကျတော့ လက်မှတ်ထိုးတာ ပါဝင်သင့်၊ မပါဝင်သင့်တဲ့ ပြဿနာရှိလာတဲ့ အတွက်ကြောင့် နောက်ဆုံးကျ တော့ ထိပ်သီးခေါင်းဆောင်တွေ သမ္မတနဲ့ လာတွေ့တယ်။ လက် မှတ်ရေးထိုးတဲ့အဆင့်မှာ အားလုံး ပါနိုင်ဖို့အတွက် ကျွန်တော်တို့ ထိပ်သီးခေါင်းဆောင်ငါးဦးကို ရွေးတယ်။ တာဝန်ပေးလိုက် တယ်။ သွားညှိတယ်၊ ညှိလို့မရ ဘူး။ အားလုံးပါဝင်တဲ့ မူကို လက် မခံဘူး။ ပါဝင်သင့် ပါဝင်ထိုက်သူ ပါမယ်ဆိုတဲ့အပေါ်မှာ တိုင်းရင်း သားညီလာခံပြန်ခေါ်ပြီး အဆင် သင့်ဖြစ်တဲ့လက်မှတ်ရေးထိုးနိုင်တဲ့အဖွဲ့နဲ့ အဆင်သင့်မဖြစ်ဘဲ အားလုံးမပါတဲ့အတွက် မထိုးနိုင် တဲ့အဖွဲ့ရယ်လို့ဖြစ်သွားတယ်’’ဟု ဖဒိုစောကွယ်ထူးဝင်းက NCA လက်မှတ်ရေးထိုးမှုနှင့်ပတ်သက် ၍ ဆွေးနွေးခဲ့ရပုံ အဆင့်ဆင့်ကို ရှင်းပြသည်။

ဗိုလ်ချုပ်ဂွန်မော် အပါအ၀င် NCA မရေးထိုးရသေးသည့် လက် နက်ကိုင်အဖွဲ့များနှင့် စုဖွဲ့ထား သည့် UNFC ကိုယ်စားလှယ်များ က NCA လက်မှတ်မထိုးရသေး သည့် အဓိကအချက်မှာ NCA တွင် အားလုံးပါဝင်ရေးအပေါ် အစိုးရက သဘောမတူ၍ဖြစ် သည်ဟု ပြောကြားခဲ့သည်။ NCA မူကြမ်းအပေါ် ကျေနပ်မှုမရှိသော် လည်း အားလုံးပါဝင်ခွင့်ရပါက လက်မှတ်ရေးထိုးမည်ဟု ပြောဆို ခဲ့သည်။

‘‘ဒီအားလုံးပါဝင်ရေးတစ် ချက်ပဲ ကျန်ပါတယ်။ အခုအစိုးရ က လက်မှတ်ထိုးဖို့ ဖိတ်ခေါ် တယ်။ ကျွန်တော်တို့ တချို့အဖွဲ့ တွေက လက်မှတ်မရေးထိုးနိုင် သေးဘူးလို့ ပြောတာဖြစ်ပါတယ်။ ဒီ NCA Text ကို NCCT၊ ပြီးရင် အဆင့်မြင့်ခေါင်းဆောင်အဖွဲ့ များ၊ ပြီးလို့ရှိရင် ထိပ်သီးခေါင်း ဆောင်များက အကြိမ်ကြိမ်အ ဆင့်ဆင့် ဆွေးနွေးခဲ့ပြီးသားဖြစ် တယ်။ NCA တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် မူကြမ်းကို ကျွန်တော်တို့ လက်မခံတာမဟုတ် ဘူး။ သို့သော်လည်းပဲ အားလုံးပါ ၀င်မှ လက်မှတ်ထိုးမယ်လို့ ကျွန် တော်တို့ ပြောတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ် တမ်းဆိုရင် ဒီ NCA Text အပေါ် မှာ ကျွန်တော်တို့ EAOs ကနေ မျှော်လင့်သလောက် ကျွန်တော် တို့မရဘူး။ ကျွန်တော်တို့ ကျေနပ် နိုင်တဲ့အနေအထားမဟုတ်ပါဘူး။ သို့သော်လည်းပဲ အားလုံးပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲပေါ်ရောက် မယ်ဆိုရင် ကျွန်တော်တို့ဆွေးနွေး မှုအားကောင်းမယ်ဆိုတဲ့ မျှော် လင့်ချက်ပဲဖြစ်ပါတယ်’’ဟု ဗိုလ် ချုပ်ဂွန်မော်က ၂၀၁၅ အတွင်း DVB TV နှင့် တွေ့ဆုံမေးမြန်းခန်း တွင် ဖြေကြားထားသည်။

ဗိုလ်ချုပ်ဂွန်မော်နှင့် DVB TV တို့၏ တွေ့ဆုံမေးမြန်းမှုများကို UNFC က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ၂၀၁၅ အောက်တိုဘာ ၁၀ ရက် က ပြန်လည်ဖော်ပြခဲ့သည်

7Day News Journal

No comments:

Post a Comment