M-150 သုံးပြီး ဖောက်ခွဲခဲ့သူတွေဟာ မှတ်ပုံတင် မရလို့ ပြုလုပ်တာ
ဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းပြော
နိုင်ငံသားဖြစ်ပြီးတော့ မှတ်ပုံတင်မရဘူးဆိုပြီး ဒီလ၀ကရုံးတွေကို နည်းနည်းပစ်မှတ်ထားတဲ့သဘောဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
M-150 အချိုရည် ပုလင်းတွေနဲ့ အသေးစားဖောက်ခွဲမှုတွေ ကျူးလွန်သူဟာ မှတ်ပုံတင်မရရှိတာကြောင့် စိတ်ဆိုးကာပြုလုပ်ခဲ့တာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က ပြောထားပါတယ်။
ရန်ကုန်မြို့မှာ M-150 အချိုရည်ပုလင်းတွေနဲ့ ပေါက်ကွဲမှုတွေဖြစ်ပေါ်စေဖို့် ကျူးလွန်ခဲ့တယ်ဆိုတဲ့ တရားခံတွေကိုဖမ်းမိထားပြီး နောက်ဆက်တွဲ စစ်ဆေးမှုအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုအပေါ် ၀န်ကြီးချုပ်က ဖြေကြားခဲ့တာဖြစ်ပါတယ်။
M-150 အမှုဟာ မိသွားပြီဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်မှာ ဆက်ပြီးတော့ ဆောင်ရွက်နေပြီဖြစ်ပါတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောထားပါတယ်။
မှတ်ပုံတင်ရရှိရေးကိစ္စ ကြိုးပမ်းရာမှာ နိုင်ငံသားဖြစ်ပြီးတော့မှတ်ပုံတင်မရဘူးဆိုပြီး ဒီလ၀ကရုံးတွေကို နည်းနည်းပစ်မှတ်ထားတဲ့သဘောဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ပေါက်ကွဲမှုတွေဟာ၂၀၁၆ နိုဝင်ဘာ ၁၇ ရက်က မရမ်းကုန်းမြို့နယ်ရှိ Ocean စင်တာရှေ့၊ နိုဝင်ဘာ ၂၀ ရက်က ဒေါပုံမြို့နယ် Capital Hypermarket ၊ နိုဝင်ဘာ ၂၄ ရက်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လ၀က ဦးစီး မှူးရုံးနဲ့ လုံခြုံရေးတင်းကျပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးစိုက်ရာ လွှတ်တော်ရုံးတွေမှာ ဖြစ်ပွားခဲ့တာပါ။
Photos & Source: 7Day Daily, စိုင်းဇော် : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment