Latest News

Sunday, February 19, 2017

M 150 ရဲ့ brand Ambassador တစ်ဦး ဖြစ်လာတဲ့ မိစန္ဒီ

M 150 ရဲ့ brand Ambassador တစ်ဦး ဖြစ်လာတဲ့ မိစန္ဒီ

တစ်နှစ်စာချုပ်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။

လူငယ်ပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် မိစန္ဒီကတော့  M 150 ရဲ့  brand Ambassador တစ်ဦး ဖြစ်လာခဲ့ပါတယ်။  M 150နဲ့ တစ်နှစ်စာချုပ် ချုပ်ဆိုလိုက်တဲ့ သူမဟာ  M 150 နဲ့အတူ အနုပညာအလုပ်တွေအများကြီး လုပ်ဆောင်သွားရတော့မှာ ဖြစ်ပါတယ်။  M 150 နဲ့အတူ ဖျော်ဖြေပွဲများ ဆက်သွားရမှာ ဖြစ်ပြီး မြို့ကြီး (၇)မြို့မှာ  M 150နဲ့ ဖျော်ဖြေပွဲတွေ ကျင်းပဖို့ ရှိသလို သူမအနေနဲ့ (၆)ပွဲလောက် ပါဝင်သွားရမယ်လို့ သိရပါတယ်။  M 150 ရဲ့  brand Ambassador တွေကတော့ သူမနဲ့အတူ G fatt လည်း  ပါဝင်တယ်လို့ သိရပါတယ်။

M 150နဲ့ အတူ ဖျော်ဖြေပွဲ သွားရမယ့် မြို့များကတော့ ဘိတ်၊ ထားဝယ်၊ ကော့သောင်း၊ မကွေး၊ မုံရွာနဲ့ အခြားမြိုကတွေလည်း ပါဝင်တယ်လို့ သူမက ဆိုပါတယ်။

M 150 ရဲ့  brand Ambassador တစ်ဦး ဖြစ်သွားတဲ့ သူမရဲ့ ခံစားချက်ကလည်း " ပျော်ပါတယ်။ M 150 ဆိုတာကလည်း ထိုင်းနိုင်ငံရဲ့ နံပတ်တစ် ထုတ်ကုန် တစ်ခု ဖြစ်တယ်။ လွယ်(လ်)ဟိန်း ကုမ္မဏီ ဆိုတာကလည်း နာမည်ကြီး Drink တွေ ထုတ်တာ ဖြစ်တယ်။ Energy Drink ဖြစ်တဲ့ အတွက် မိစန္ဒီ တို့ကလည်း အဆိုတော် ဖြစ်တဲ့ အတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ဝမ်းလည်း ဝမ်းသာပါတယ်။

Brand Ambassador ဆိုတာကလည်း သူ့ဟာနဲ့သူတာဝန်ကြီးတယ် ဆိုပေမယ့် ဒီ Brand အတွက် Brand Ambassador ဖြစ်တဲ့ အတွက် တခြား Brand တွေနဲ့ အလုပ် မလုပ်ရတဲ့အပိုင်းတွေ ရှိတယ်။ဒါကတော့ Brand Ambassador တစ်ယောက် အနေနဲ့ထားသင့်တဲ့ စည်းကမ်းပါပဲ။ တခြား ထွေထွေထူးထူးကြီးတော့ မရှိပါဘူး။တာဝန်ပိ တယ်ဆိုတဲ့ အရာ မျိုးတော့ မရှိပါဘူး။"လို့လည်း သူမက ပြောပြခဲ့ပါတယ်။

သူအနေနဲ့   M 150 နဲ့အတူ ဆင်နွဲမယ့် ဖျော်ဖြေပွဲတွေကတော့ မတ်လလောက်မှာ စတင်မှာ ဖြစ်ပြီး သူမအနေနဲ့ မေလမှာ ထွက်မယ့် စီးရီးခွေအတွက်ကိုလည်း ပြင်ဆင်ရင်း ပါဝင်ဆင်နွဲသွားမယ်လို့ သိရပါတယ်။

Sources : Photo : မိစန္ဒီဖေ့စ်ဘွတ်: Duwun

No comments:

Post a Comment