Friday, February 3, 2017
Finger trap လက်ညှိုးတိုင်း အွန်လိုင်း အလှဗေဒ
လွန်ခဲ့တဲ့ ၃ နှစ်လောက်ကခေတ်စားနေတဲ့သတင်းလေးတခုပါ။ ဆိုရှယ်မီဒီယာပေါ်မှာ တရုပ်မလေးတွေက မျက်နှာအလှကို လက်ညှိုးနဲ့ အကဲဖြတ်ကြသတဲ့။ Finger trap test လက်ညှိုးထောင်ချောက်လို့ခေါ်တယ်။ Beauty and Ugliness Identification Method ရုပ်လှ-ရုပ်ဆိုး သတ်မှတ်နည်းလို့လဲခေါ်သေးတယ်။ လက်ညှိုးကို မေးကနေ နှာခေါင်းကို ထိတန်းလိုက်ပါ။ ပါးစပ်နှုတ်ခမ်းနဲ့ လက်ညှိုးထိနေပါရဲ့လား။ အဲတာဆို ၃့၁ မှတ်ရလို့ ပါဖက်ဖြစ်တယ်တဲ့။ Smile!
ပါဖက်ကျတဲ့ကိုယ်ခန္ဓာအလှဆိုတာ လာသေးတယ်။ Wiebo ဆိုတဲ့ တရုပ်လုပ် ဖေ့စ်ဘွတ်မှာခေတ်စားနေပါတယ်။ ဟော့ရဲ့လားလို့ တိုင်းတာတဲ့။ မတရုပ်မ ၂ သိန်းက အဲသည်အထဲမှာ ကိုယ့်ကိုယ်ကို ဓါတ်ပုံရိုက်ပြီး စမ်းသပ် ဆွေးနွေးခန်းထဲမှာ ပါနေကြပါသတဲ့။ ဒေါက်တာ မတ် ဟုမ်းကပြောတာကတော့ အရိုးကစကားပြောတာပါတဲ့။ Rickett’s E-line လို့ခေါ်တယ်။ ရှေးဟောင်းဂရိတွေကတည်းကသုံးခဲ့တဲ့ အလှဗေဒတိုင်းတာနည်းလို့ ဆိုပါတယ်။
လက်ညှိုးထောင်ချောက်နည်းကို ငြင်းချက်ထုတ်တာတွေလဲရှိတယ်။ အများသူငါက ချောပေ့ဆိုတဲ့ Jennifer Lawrence ဂျနီဖါ လောရင့်စ် နဲ့ Kate Moss ကိတ်မော့စ်တို့ ဒီစာမေးပွဲမှာကျရှုံးကြတယ်။
Thigh gap ပေါင်တံရှည်ကွာဟချက်ဆိုတာလဲ ရှိပြန်သေးပါတယ်။ (ကန်တော့ပါ) ပေါင်နှစ်လုံးကြား ကွာဟနေတာကို တိုင်းတာတဲ့။ မချောနဲ့ မရုပ်ဆိုး ဆိုပြီးခွဲတာဆိုပဲ။ မတ်တတ်ရပ် ခြေဆန့်ပြီး၊ ဒူးချင်း ထိထားချိန်မှာ ပေါင်အတွင်း နှစ်ဖက်က ကွာဟနေတာကို ကြည့်တယ်။ ထိနေရင် ဆွဲဆောင်မှုနည်းတယ်လို့ သတ်မှတ်တယ်။ ကွာနေတာကို မိန်းမပီသတယ်တဲ့။ ဒါပေမယ့် ကွဲကျေလွယ်တယ်လို့ အဓိပ္ပါယ်ဖွင့်တယ်။ No Smile!
ဒေါက်တာတင့်ဆွေ
၃-၂-၂ဝ၁၇
Finger trap လက်ညှိုးတိုင်း အွန်လိုင်း အလှဗေဒ
Reviewed by timeayeyar
on
3:19 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment