Latest News

Sunday, February 26, 2017

FBမှာ FRI လုပ်မယ်ဆိုဒီလူတွေကိုသတိထား

FBမှာ FRI လုပ်မယ်ဆိုဒီလူတွေကိုသတိထား

လူမှုကွန်ယက် Facebook မှာ တစ်ချို့ သူငယ်ချင်းတွေကို လက်ခံလိုက်မိတာနဲ့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေမှာ လက်မခံသင့်တဲ့သူကို လက်ခံမိတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ဒီတော့ သင် facebook မှာ သူငယ်ချင်းအဖြစ် လက်မခံသင့်တဲ့ လူ(8)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. မိဘ

ကိုယ် သူငယ်ချင်းစာရင်းထဲမှာ မိဘတွေက ပါနေပြီဆိုတော့ လူမှုကွန်ယက်မှာ သင့်ကို တစ်ခုခုနဲ့ ချုပ်နှောင်ထားသလို ဖြစ်စေမှာပါ။ ခေတ်ကို နားလည်လှပါပြီဆိုတဲ့ မိဘတွေတောင် သင့်ရဲ့ အမြင်မတော်စရာ Post တစ်ခုအောက်မှာ ကန့်ကွက်တဲ့Comment မျိုး ၀င်ရေးမှာမဟုတ်သော်လည်း အပြင်မှာ “ ဒီလို Post မျိုး မတင်ရဘူး … နောက်တင်ရင် တွေ့မယ် ”ဆိုတဲ့ခြိမ်းခြောက်မှုတွေ ခံရနိုင်ပါတယ်။

2. ရည်စားဟောင်း

ကိုယ်ကတော့ စိတ်ကောင်းနှလုံးကောင်းလေးနဲ့ ရည်းစားဟောင်းကို လက်ခံမိပါတယ်။ ဒါပေမယ့် ညောင်မြစ်တူးရင်း ပုတ်သင်ညိုဥလည်း ပေါ်တတ်ပါတယ်။ တစ်ခါတလေ tag တွဲပြီး သူနဲ့သင်ဟာ အရင်က ပတ်သက်ခဲ့ဖူးပါတယ်ဆိုပြီး ချေးခြောက်ရေနှူးလုပ်တာ ခံရနိုင်ပါတယ်

3. အမျိုးတွေ

အမျိုးတွေဆိုတာလည်း ဒီလိုပါဘဲ။ ကောင်းတဲ့ အမျိုးရှိသလို တို့မီးရှို့မိလုပ်ချင်တဲ့ သူတွေ ရှိပါတယ်။ သင် တင်သမျှကို ရပ်ကွက်ထဲ သန်းတုပ်ရင်း အတင်းပြန်ဖွတဲ့ သူတွေလည်း ရှိနိုင်ပါတယ်။ သင့်အားနည်းချက်ကို သူများတွေ ပြန်လည် ဖြန့်ဝေတဲ့သူလည်းရှိနိုင်ပါတယ်။ ဒါကြောင့် အမျိုးတွေကိုလည်း မထားပါနဲ့။

4. သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်း

သူငယ်ချင်းထဲမှာ သင့်ကို အရှက်ခွဲမယ့်သူဟာ သူငယ်ချင်းမဟုတ်တဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့ဟာ သင်နဲ့ တွေ့တဲ့အခါ ရင်းနီးသယောင်နဲ့ ရွှန်းရွှန်းဝေအောင် ပေါင်းပြသူများ ဖြစ်ပြီး သင့်ကွယ်ရာမှာ အားနည်းချက်တွေရှာပြီး ခေါင်းမဖော်နိုင်အောင် တိုက်ခိုက်တတ်သူများ ဖြစ်ပါတယ်။

READ  ဗီတာမင်ဒီက အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစက်ရောဂါခံစားရ နိုင်ခြေကို လျော့ကျစေနိုင်
5. ဆရာ

ဒါကလည်း ကြုံရနိုင်ပါတယ်။ ဆရာဆိုတာကြီး ကိုယ့် friend list ထဲမှာ ရှိနေရင် အနည်းဆုံး သြဇာပြတတ်တဲ့ ဆရာဆို Tagတွဲပြီး ဘာလို့ ကျောင်းမလာတာလဲ၊ ကျောင်းရောက်ရင် ဒဏ်ပေးမယ်-ဘာညာနဲ့ သင့်ကို မျက်နှာပူအောင်၊ လှုပ်မရအောင်လုပ်မဲ့သူတွေ ဖြစ်ပါတယ်။

6. သင့်ရင်သွေး

သင့်မှာ ကလေးရှိတယ်ဆိုရင်လည်း သူ့ကို သူငယ်ချင်းအဖြစ် လက်မခံပါနဲ့။ အကြောင်းကတော့ သင်ဟာ ကလေးမရှိဘူး၊အပျိုပါ-တို့ ဘာတို့ မြှုပ်ကွက်တွေ ရှိနေရင် ဘူးပေါ်သလို ပေါ်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးတွေအမြင့်မှာ ပုံတင်တဲ့အခါ ကလတ်တတ်တတ် ဖြစ်နေရင်လည်း သင်တို့ မိသားစုချင်း နောင်ဂျိန်ဆွဲရနိုင်ပါတယ်။

7. သူဌေး/လုပ်ဖော်ကိုင်ဘက်များ

ဒါကလည်း အများကြီးပါ။ သူတို့တစ်တွေရှိနေတော့ စောင့်ထိန်းနေရတာပဲ များပါလိ့မ်မယ်။ ဥပမာ အလုပ်ရှင် အလုပ်သမားအရေး ရင်ဖွင့်ချင်တာတောင် ရဲရဲ မဖွင့်ရဲတဲ့ အခြေအနေပေါ့။ သူဌေးက သင့် Fri list ထဲမှာ မရှိဘူးဆိုလည်း သင်နဲ့ လုပ်ဖော်ကိုင်ဘက်တွေက သူဌေးမကောင်းကြောင်း Post တင်မိတာကို ပြန်ဖွလို့ အချောင် အလုပ်ပြုတ်တတ်ပါတယ်။

8. သူစိမ်း

သူစိမ်းဆိုတာက သူ လာ Add ပြီဆိုကတည်းက Mutual Friend ရှိမရှိ စစ်ပါ။ နောက် Pro Picture အမှန်မတင်တဲ့သူတွေဆိုလည်း မယုံပါနဲ့။ သူတို့ဟာ သင့်ကို Check up လုပ်နေသူများ ဖြစ်နိုင်သလို၊ သင့်ကို တစ်ခုခု ပြဿနာရှာတဲ့အခါမျိုးမှာလည်း သင် ခြေရာခံဖို့ ခက်ခဲနိုင်ပါတယ်။

Credit to နတ်စည်တော်

No comments:

Post a Comment