DKBA မှ မြ၀တီဆက်ဆံရေးရုံး တာဝန်ခံအရာရှိ ဗိုလ်ကြီးဝါဆိုနှင့်
တွေ့ဆုံမေးမြန်းခြင်း
မြ၀တီမြို့နှင့် သုံးမိုင်ခန့်အကွာ မြ၀တီသင်္ဃန်းညီနောင်သွား အာရှလမ်းမကြီးနှင့် တစ်ဖာလုံခန့်နေရာတွင်ရှိ မြ၀တီအခြေစိုက်DKBAဆက်ဆံရေးရုံးသို့ ဖေဖော်ဝါရီ ၇ ရက် မွန်းတည့် ၁၂ နာရီက သွားရောက်ခဲ့ပြီး ဆက်ဆံရေးတာဝန်ခံအရာရှိ ဗိုလ်ကြီး "၀ါဆို"အား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။
+++++++++++++++++++++++++++++++++++++++++++++++++++
DKBA မှ မြ၀တီဆက်ဆံရေးရုံး တာဝန်ခံအရာရှိ ဗိုလ်ကြီးဝါဆိုနှင့်
တွေ့ဆုံမေးမြန်းခြင်း
+++++++++++++++++++++++++++++++++++++
""အောင်ဝင်းဇော်ဟာDKBA နဲ့ဘယ်လိုမှ ပတ်သက်ဆက်စပ်မှုမရှိပါဘူး
DKBA ကို တမင်သက်သက် မလိုမုန်းတီးလို့ပြောဆိုတာဖြစ်မယ်လို့ပဲ
ထင်ပါတယ်""
+++++++++++++++++++++++++++++++++++++
ကိုကိုသဲမောင်(မြ၀တီ) တွေ့ဆုံမေးမြန်းသည်။
+++++++++++++++++++++++++++++++
မေး-ဗိုလ်ကြီးရဲ့အမည်နဲ့ တာဝန်ကို သိချင်ပါတယ်။
ဖြေ- ဗိုလ်ကြီး ၀ါဆိုပါ။ DKBA ဆက်ဆံရေးရုံး တာဝန်ခံ အရာရှိဖြစ်ပါတယ်။
မေး- ဖေဖော်ဝါရီ ၄ ရက်က DKBA ရဲ့ သတင်းထုတ်ပြန်ရ တဲ့အကြောင်းရင်းကို ပြောပြပေးပါ။
ဖြေ- ဒါကတော့ဗျာ တချို့သောပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေက DKBA အမည်ခံပြီးတော့ မကောင်းမှုဒုစရိုက်တွေ လုပ်နေကြ တယ်။ မူးယစ်ဆေးဝါးတွေလုပ်ကြတယ်။ ပြီးတော့ DKBA ကဆိုပြီး ကာကွယ်ပြောဆိုကြတယ်။ ဒီတော့ ကျွန်တော်တို့ DKBA အတွက် နာမည်ပျက်တယ်၊ သိက္ခာကျဆင်းရတယ်။ ကျွန်တော် တို့က သန့်သန့်ရှင်းရှင်းနဲ့ စည်းကမ်းရှိရှိနေချင်တယ်။ နောက်ပြီး ငြိမ်းချမ်းရေးကိုအဓိကထားပြီး ဆောင်ရွက်သွားမယ်။ ဘယ်လို နည်းနဲ့မှ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးဆောင်ရွက်နေမှုကို အပျက်ခံမှာမဟုတ်ပါဘူး။
ဒီတော့ ကျွန်တော်တို့ရဲ့DKBA ရဲ့ သိက္ခာကျဆင်းစေတဲ့ ထင်ယောင်ထင်မှားကိစ္စတွေကို တာဝန် ရှိသူတွေနဲ့ ပြည်သူတွေသိရှိစေအောင် ဦးစီးချုပ်ဗိုလ်ချုပ်ကြီး စောမိုရှေးက ကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မေး- ဦးကိုနီကိုလုပ်ကြံဖို့ ကြည်လင်းကို ခိုင်းတယ်ဆိုတဲ့ အောင်ဝင်းဇော်ဟာ DKBA နဲ့ ဆက်စပ်မှုတွေရှိတယ်ဆိုပြီး သတင်း တွေထွက်ပေါ်နေတာနဲ့ပတ်သက်လို့ ဗိုလ်ကြီးအနေနဲ့ ပြောပြပါဦး။
ဖြေ- အောင်ဝင်းဇော်ဟာ DKBA နဲ့ ဘယ်လိုမှ ပတ်သက်ဆက် စပ်မှုမရှိပါဘူး။ ဒီလိုပြောဆိုမှုတွေဟာ ကျွန်တော်တို DKBA ကို တမင်သက်သက်မလိုမုန်းတီးလို့ပြောဆိုတာဖြစ်မယ်လို့ပဲ ထင်ပါတယ်။
မေး- ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ အောင်ဝင်းဇော်ရဲ့ အစ်ကိုဟာ DKBA ကအရာရှိဆိုပြီး ရေးသားနေကြတဲ့အပေါ်မှာ ဗိုလ်ကြီးအနေနဲ့ ဘာများပြောချင်ပါသလဲ။
ဖြေ- DKBA မှာက နှစ်မျိုးရှိတယ်ဗျ။ ကျွန်တော်တို့က ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကခွဲ ထွက်သွားတဲ့ ကိုဆန်းအောင်တို့(ခွဲထွက်- DKBA)က တိုးတက် သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ဖြစ်တယ်။ ဒီတော့ ကျွန်တော်တို့ဆီမှာတော့ အောင်ဝင်းဇော်ရဲ့အစ်ကိုဆိုတာ ကြား တောင်မကြားဖူးပါဘူး။ ရှိလည်းမရှိဘူး။ ဒါပေမဲ့ ခွဲထွက်DKBA မှာတော့ မပြောတတ်ဘူးပေါ့ဗျာ။
မေး- တရားလွှတ်တော်ရှေ့နေဦးကိုနီကို လူမြင်ကွင်းကြီးမှာ
သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်အပေါ် ဗိုလ်ကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ- အမှန်အတိုင်းပြောရရင်တော့ မလုပ်သင့်တဲ့လုပ်ရပ်ပါပဲ။ ဦးကိုနီဟာ ပညာတတ်တစ်ဦးပါ။ နောက်ပြီး NLD ပါတီရဲ့အရေးပါသူတစ်ဦး
လည်းဖြစ်ပါတယ်။ သူက အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သော်လည်း တိုင်းပြည်အတွက်တကယ်အလုပ်လုပ် မယ့်သူလို့ ကျွန်တော်ထင်ပါတယ်။
မေး- ဦးကိုနီကိုလုပ်ကြံမှုနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကြိုးပမ်း ဆောင်ရွက်နေမှု
ကို အဟန့်အတားဖြစ်စေနိုင်ပါသလား။
ဖြေ-မဆိုင်ဘူးလို့ထင်ပါတယ်။ ငြိမ်းချမ်းရေးဆောင်ရွက်နေ တာက စစ်ပွဲတွေလုံးဝမရှိစေချင်တော့တာရယ်၊ ပြဿနာမှန် သမျှကိုစစ်ရေးနဲ့
မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းစေချင် တာရယ်၊ တိုင်းပြည်ဖွံ့ဖြိုး
တိုးတက်ဖို့ရယ်၊ အမျိုးသားရင်ကြားစေ့ ရေးနဲ့ တန်းတူရည်တူအခွင့်အရေးရှိ
ဖို့ရယ်စတဲ့ရည်ရွယ်ချက်တွေနဲ့ နှစ်ဖက်သောတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်
ရွက်နေကြတာဖြစ်တာ ကြောင့် ဘယ်လိုမှအဟန့်အတားမဖြစ်စေနိုင်ပါ
ဘူးလို့ ပြောပါရစေ။
မေး- စစ်ပွဲတွေရပ်ပါလို့ဆန္ဒပြနေကြမှုအပေါ် ဗိုလ်ကြီးအနေနဲ့ ဘယ်လိုပြောချင်ပါသလဲ။
ဖြေ- စစ်ပွဲတွေကို ဘယ်သူမှမလိုလားကြဘူးဗျ။ ဘယ်သူမှ လည်း စစ်မတိုက်ချင်တော့ဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းရေးကိုကြိုးစားဆောင်ရွက်နေတာပေါ့။ ဒီ တော့ဗျာ စစ်ပွဲတွေ တကယ်ရပ်စေချင်တယ်ဆိုရင်တော့ လက်နက် ကိုင်တိုင်းရင်းသားများအားလုံး ငြိမ်းချမ်းရေးကိုကြိုးစားဆောင် ရွက်ကြပါလို့ပြောချင်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ကရင် ပြည်နယ်မှာ အရင်ကထက်စာရင် အများကြီးငြိမ်းချမ်းနေပါပြီ။
ဒီလိုငြိမ်းချမ်းလာတာနဲ့အမျှ ဒေသဖွံ့ဖြိုးရေးတွေလုပ်လာနိုင်သလို ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ လမ်းပန်း ဆက် သွယ်ရေးတွေကအစ တိုးတက်လာမှာဖြစ်ပါတယ်လို့ ပြောချင် ပါတယ်။
အခုပဲကြည့်လေ...ကျွန်တော်တို့ ကရင်ပြည်နယ်မှာ စစ်ပွဲတွေငြိမ်းနေတယ်။ ဘယ်သူမှလည်း စစ်ပွဲတွေရပ်ကြဖို့ဆန္ဒ လာမပြကြဘူး။ စစ်ပွဲမှမရှိတာဗျာ ဘယ်လာပြီးဆန္ဒပြမှာလဲ။ စစ်ပွဲမရှိအောင် ကရင်ပြည်နယ်က လက်နက်
ကိုင်တွေ စစ်မှ မတိုက်ကြတော့တာ ဟုတ်တယ်မို့လား။
အဲဒါဘာကြောင့်လဲလို့ခင်ဗျားထပ်မမေးနဲ့တော့ ကျွန်တော်ပဲဖြေပေး
လိုက်မယ်။ ငြိမ်းချမ်းရေးကို တကယ်လိုချင်လို့ဗျ၊ ငြိမ်းချမ်းရေးတကယ်လိုချင် တဲ့သူ ဟာ ဘယ်တော့မှစစ်မတိုက်ဘူး။ အဲဒီလိုပဲကျွန်တော်ပြော လိုက်ပါ့မယ်။
ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
Democracytoday
Subscribe to:
Post Comments (Atom)
No comments:
Post a Comment