Latest News

Tuesday, February 21, 2017

ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်အကြောင်း CNDJC သတင်းစာရှင်းလင်း

ချင်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမယ့်အကြောင်း CNDJC သတင်းစာရှင်းလင်း

ချင်းပြည်နယ်မှာ ကျင်းပမယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ပေးဖို့ ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ CNDJC အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး CNF ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံးက ပြောပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ CNDJC က သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပြီး  ပူးရမ်ကုလ်ကျုံးက အခုလိုပြောတာဖြစ်ပါတယ်။

၉ ကြိမ်မြောက်ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်အရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ကျင်းပခွင့်မပေးကြောင်း ဆုံးဖြတ်ခဲ့ရာကနေ ချင်းပြည်နယ်မှာ ပြန်လည်ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ကျင်းပခွင့် ပိတ်ပင်ခံခဲ့ရတာဟာ UPDJC အစည်းအဝေး ဆုံးဖြတ်ချက်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်ကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ထန်တလန်မြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပေမယ့် အချိန်အကန့် အသတ် ရှိတဲ့အတွက် ၃ ရက်သာ ကျင်းပခွင့်ရတယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA စာချုပ်မှာ အပစ်ရပ် လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှာ ချင်းအမျိုးသားတပ်ဦး CNF လည်း ပါဝင်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်အရ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား ဒေသတွေမှာ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့်ပေးရမှာ ဖြစ်ပါတယ်။

Photo: Aung Thain Kha/RFA

(  ချင်းပြည်နယ်မှာ ကျင်းပမယ့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ချင်းအမျိုးသား နိုင်ငံရေးဆွေးနွေးမှု ပူးတွဲကော်မတီ CNDJC အဖွဲ့ဝင်တွေ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းစဉ်  )

No comments:

Post a Comment