Latest News

Thursday, February 2, 2017

City Center Gmae ဆိုင် ဆိုင်ဝန်ထမ်း ၁၉ ဦးကို ရုံးထုတ်

City Center Gmae ဆိုင် ဆိုင်ဝန်ထမ်း ၁၉ ဦးကို ရုံးထုတ်

ဒီနေ့ နံနက်ပိုင်းက ပန်းဘဲတန်းတရားရုံးမှာ City Center Gmae ဆိုင် ဆိုင်ဝန်ထမ်း ၁၉ ဦးကို ရုံးထုတ်ခဲ့ပါတယ်။ ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ City Center game ဆိုင်ကို ၀င်ရောက်ဖမ်းဆီးရာ ဆိုင်ဝန်ထမ်းအပါအ၀င် ကစားသူ စုစုပေါင်း ၆၇ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးရမိသူတွေထဲကမှ လာရောက်ကစားသူ ၄၈ ဦးကို အာမခံပေးခဲ့ပြီး ကျန်ရှိတဲ့ ဆိုင်ဝန်ထမ်း ၁၉ ဦးကိုတော့ လောင်းကစားပုဒ်မ (၁၄-က)နဲ့ အမှုဖွင့်တရားစွဲဆိုထားပါတယ်။ အခုရုံးချိန်းနဲ့ဆိုရင် ၃ ချိန်းမြောက်ရှိပြီဖြစ်ပါတယ်။ ၀န်ထမ်းတွေရဲ့ မိဘတွေ မိသားစုဝင်တွေက ဆိုင်ဝန်ထမ်းတွေကို အခုလို အရေးယူတဲ့အတွက် မတရားဘူးလို့ ပြောထားပါတယ်။

Sources & Photo : Kaung Htet Kyaw/RFA

No comments:

Post a Comment