Latest News

Monday, February 27, 2017

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ နှစ်စဉ်ပြုလုပ်မြဲ ဧပြီ ၁၀ ရက်မွေးနေ့ဖျော်ဖြေပွဲ မန္တလေးမြို့တွင် ပြုလုပ်မည်

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ နှစ်စဉ်ပြုလုပ်မြဲ ဧပြီ ၁၀ ရက်မွေးနေ့ဖျော်ဖြေပွဲ မန္တလေးမြို့တွင် ပြုလုပ်မည်

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ ဧပြီ ၁၀ ရက်မွေးနေ့ဖျော်ဖြေပွဲကို ယခုနှစ်တွင်မန္တလေးမြို့၌ ပြုလုပ်သွားမည်ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် တရားဝင်ထုတ်ပြန်ထားသည်။ စိုင်းစိုင်းခမ်းလှိုင်၏ ဧပြီ ၁၀ ရက်တွင်ကျရောက်သည့် မွေးနေ့ဖျော်ဖြေပွဲကို နှစ်စဉ်ပြုလုပ်ခဲ့ရာ၌ ယခုနှစ်တွင်မူ မန္တလေးမြို့တွင် ပြုလုပ်ရန်စီစဉ်ထားခြင်း ဖြစ်သည်။ စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲကို မန္တလေးမြို့၌ တစ်ကြိမ်ကျင်းပခဲ့ဖူးပြီး ယခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပရန်စီစဉ်ထားခြင်း ဖြစ်သည်။

“ကျွန်တော့်ရဲ့ မွေးနေ့ဖျော်ဖြေပွဲအတွက်ကို ပြင်ဆင်နေပါပြီ။ ဘယ်လိုပုံစံနဲ့ကျင်းပမယ်၊ ဘယ်လိုအကောင်းဆုံး တင်ဆက်ကြမလဲဆိုတာ စတင်စီစဉ်နေတာပါ။ ဒီနှစ်ကိုတော့ မန္တလေးမြို့မှာပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို့လုပ်ခဲ့သလိုပဲ မွေးနေ့ဂီတဖျော်ဖြေပွဲကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်အောင်၊ အကောင်းဆုံးတင် ဆက်နိုင်အောင် ကြိုးစားသွားပါမယ်။ မန္တလေးကပရိသတ်တွေရော၊ မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်ကမြို့ကြီးတွေမှာနေကြတဲ့ ပရိသတ်တွေနဲ့ပါ အမှတ်တရပွဲလေးဖြစ်အောင် ဖန်တီးသွားမှာပါ” ဟု တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

တေးသံရှင်စိုင်းစိုင်းခမ်းလှိုင်၏ ဧပြီ ၁၀ ရက်တွင်ကျရောက်သည့် မွေးနေ့ဂီတဖျော်ဖြေပွဲတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် သူငယ်ချင်းအနုပညာရှင်များက တင်ဆက်မည်ဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင်၏ ထင်ရှားသည့် တေးသီချင်းများစွာကို သီဆိုဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်သည်။ တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့ဖျော်ဖြေပွဲနှင့် ပတ်သက်သည့် သတင်းအ ချက်အလက် အသေးစိတ်များကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်သည် ဧပြီ ၁၀ ရက်တွင် ကျရောက်သည့် မွေးနေ့ရက်တိုင်း၌ ဖျော်ဖြေပွဲများပြုလုပ်ကာ ပရိသတ်များနှင့်အတူ ဖြတ်သန်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

Eleven

No comments:

Post a Comment