ပြည်ထောင်စုအ တွက် ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးများ လုပ်ဆောင်ရာတွင် ကြုံ တွေ့ရသည့် စိန်ခေါ်မှုများသည် အရည်အချင်းမြှင့်တင်နိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
‘‘ကျွန်မတို့အားလုံး အတူတ ကွလက်တွဲပြီးတော့ ပြည်ထောင် စုကြီးအတွက် လုပ်သွားရမယ်။ ကျွန်မတို့မှာ စိန်ခေါ်စရာတွေက အများကြီးပါ။ စိန်ခေါ်မှုတွေရှိသ လောက်ကို ကျွန်မတို့အရည်အ ချင်းတွေလည်း မြှင့်တင်နိုင်မယ့် အခွင့်အရေးတွေ ရပါတယ်’’ဟု ဖေဖော်ဝါရီ ၅ ရက်က နေပြည် တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန် ဗင်းရှင်းစင်တာ-၂ (MICC-2)တွင် ကျင်းပသည့် (၇၀)ကြိမ် မြောက် မွန်အမျိုးသားနေ့အကြို အခမ်းအနား၌ ဒေါ်အောင်ဆန်းစု ကြည်က မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။
စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားသည့်အခါ မှန်မှန်ကန် ကန်ရင်ဆိုင်ကျော်လွှားခြင်းအား ဖြင့် ပြည်ထောင်စု၏ဂုဏ်သိက္ခာ ကို တက်စေခြင်းသာမကဘဲ တစ် ယောက်ချင်းစီ၏အရည်အချင်း ကိုလည်းတက်စေသည်ဟု ၎င်းက ပြောသည်။
‘‘ဘယ်လိုအခက်အခဲနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ကျွန်မတို့ပြည် ထောင်စုတိုင်းရင်းသားများအား လုံးဟာ သတ္တိရှိရှိ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုအပြည့်ဝနဲ့လက် တွဲပြီးတော့ ဆက်လက်ပြီး ချီတက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် ယခုကဲ့သို့ တိုင်း ရင်းသားများနှင့် တွေ့ဆုံရခြင်းကို အခွင့်အရေးတစ်ရပ်ဟု မြင် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြောကြားသည်။
‘‘အခွင့်အရေးက ဘာလဲဆို တော့ ကျွန်မတို့ရဲ့ တိုင်းရင်းသား များတစ်ယောက်နဲ့ တစ်ယောက် တွေ့တိုင်း တွေ့တိုင်း ကျွန်မတို့ ပြည်ထောင်စုကြီး ပိုပြီးတော့ ညီ ညွတ်ဖို့၊ ပိုပြီးတော့ ငြိမ်းချမ်းဖို့၊ ပိုပြီးတော့ တိုးတက်ဖို့၊ ပိုပြီးတော့ အင်အားရှိဖို့ အခွင့်အရေးတစ်ခုရ တယ်လို့ ကျွန်မအနေနဲ့ မှတ်ယူပါ တယ်’’ဟု ၎င်းက ပြောသည်။
ထို့နောက် မွန်အမျိုးသားနေ့ အခမ်းအနားနှင့်ပတ်သက်၍ ဒေါ် အောင်ဆန်းစုကြည်က ‘‘မွန်အ မျိုးသားနေ့ သမိုင်းကို အခြေခံတဲ့ သမိုင်းက ဖြစ်ရပ်တွေကို ဂုဏ်ယူ သောအားဖြင့် ကျွန်မတို့အားလုံး ဝိုင်းဝန်းပြီးတော့ ကျွန်မတို့ရဲ့မွန် တိုင်းရင်းသားများအတွက်၊ ပြည် ထောင်စုအတွက် အားဖြည့်တဲ့နေ့ မျိုးလို့ ကျွန်မမှတ်ယူပါတယ်’’ဟု လည်း ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၅ ရက်က နေ ပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂ (MICC-2)တွင် ကျင်းပသည့် မွန်အမျိုး သားနေ့ အကြိုအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတ(၁)၊ ပြည်ထောင်စုလွှတ် တော်နာယက၊ ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုအ စိုးရအဖွဲ့ဝန်ကြီးများ တက်ရောက် ခဲ့သည်။
7Day News Journal
No comments:
Post a Comment