Latest News

Thursday, February 9, 2017

မော်လမြိုင် - ချောင်းဆုံ သံလွင်တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား ဟု အမည်ပြောင်းလဲသတ်မှတ်

မော်လမြိုင် - ချောင်းဆုံ သံလွင်တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတား

ဟု အမည်ပြောင်းလဲသတ်မှတ်

မွန်ပြည်နယ် မော် လမြိုင်မြို့နှင့် ချောင်းဆုံမြို့ (ဘီ လူးကျွန်း)သို့ ဆက်သွယ်သည့် သံ လွင်တံတားအမည်ကို ဗိုလ်ချုပ် အောင်ဆန်းတံတားဟု ဖေဖော်ဝါ ရီ ၈ ရက်က အမည်ပြောင်းလဲခဲ့ ကြောင်း တံတားတည်ဆောက် ရေးအဖွဲ့မှ သတင်းရရှိသည်။

တံတားကို ၂၀၁၅ ဖေဖော် ဝါရီ ၈ ရက်က ပန္နက်ရိုက်ခဲ့ပြီး ချောင်းဆုံ သံလွင်တံတားဟု ယခင်အစိုးရလက်ထက်တွင် အမည်ပေးခဲ့ကာ ယခုအစိုးရသစ်လက်ထက်၌ ဗိုလ်ချုပ်အောင် ဆန်းတံတားဟု ပြောင်းလဲခဲ့ကြောင်း သံလွင်တံတား (ချောင်းဆုံ)စီမံကိန်းတာဝန်ခံဦးသိန်းမြင့်မွန်က ပြောသည်။

မော်လမြိုင်မြို့ဘက်ကမ်း မုပွန်နှင့် ချောင်းဆုံဘက်ကမ်း ကညှော်သို့ ဆက်သွယ်တည် ဆောက်လျက်ရှိသည့် သံလွင် တံတား (ချောင်းဆုံ)သည် ခန့် မှန်းတန်ဖိုး ကျပ်သန်း ၅၉,၈၀၀ ဖြင့် ၂၀၁၇ မတ်လအကုန်၌ ဖွင့် လှစ်ရန် လျာထားသည်။

ထိုတံတားနှင့်အတူ မော်လမြိုင်ဘက်ကမ်း တံတားအောက်တွင် တံတားတည်ဆောက်မှု မှတ်တမ်းများကို ခင်းကျင်းပြသထားမည့် တံတားပြတိုက်နှင့် အများပြည်သူ အပန်းဖြေနိုင်ရန် အပန်းဖြေ ဥယျာဉ်တို့ကိုလည်း တည်ဆောက်လျက်ရှိ သည်ဟုဦးသိန်းမြင့်မွန်က ပြောသည်။

‘‘နာမည် ဘာလို့ပြောင်းလဲ သွားလဲဆိုတော့ ပြည်နယ်အစိုးရ အဖွဲ့ရဲ့ လမ်းညွှန်ချက်ကြောင့် ပါ။ ကျွန်တော်က သေသေချာချာ မသိဘူး။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့မှာ နာမည်ဆိုင်းဘုတ်တင် မယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူး။ အခမ်းအနားဖြစ်ရုံပဲ။ လက်ရှိတံတားက ၈၃ ရာခိုင်နှုန်း ပြီးနေပြီ။ တံတားအလယ်မှာ အခင်းခင်းဖို့နဲ့ ကတ္တရာလောင်းဖို့ ကျန်သေးတယ်။ ကျန်တာ အကုန် ခင်းပြီးပြီ။ သတ်မှတ်ကာလမှာ ပြီးနိုင်ဖို့ လုပ်နေပါတယ်’’ ဟု ဦးသိန်းမြင့်မွန်က ဆိုသည်။

အရှည် ၅၂၀၃ ပေ၊ အ ကျယ် ၂၈ ပေရှိ နှစ်လမ်းသွား သံလွင်တံတား (ချောင်းဆုံ) သည် သံမဏိ သံပေါင် ခုံးတံတားဖြစ်ပြီး မော်လမြိုင်ဘက်ကမ်းပုမွန်ချဉ်းကပ်လမ်းက ပေ ၇၅၇ ခန့်ရှိပြီး ဘီလူးကျွန်းကညှော်ဘက် ချဉ်းကပ်လမ်းက အရှည် ၁၆,၉၈၀ ပေခန့်ရှိသည်။ ယင်းတံတားတည်ဆောက်မှုကို မော်လမြိုင်နှင့် ဘီလူးကျွန်းအကြား ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်၏ အကျဉ်းဆုံးနေရာကို ရွေးချယ်ထားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ တည်ဆောက်ရေးအဖွဲ့ (၄)နှင့် တည်ဆောက်ရေးအဖွဲ့ (၁)တို့က တာဝန်ယူ အကောင်အထည်ဖော် ဆောက်လုပ်နေခြင်းဖြစ်သည်။
7Day News Journal

No comments:

Post a Comment