Latest News

Sunday, February 19, 2017

ရန်ကုန်တွင် မြေဈေးကျအောင်လုပ်နေ၍ တဖြည်းဖြည်း ကျရန်သာရှိ ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြော

ရန်ကုန်တွင် မြေဈေးကျအောင်လုပ်နေ၍ တဖြည်းဖြည်း ကျရန်သာရှိ

ကြောင်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း ပြော

ရန်ကုန်တိုင်းအတွင်း မြေဈေးကျအောင် ဆောင်ရွက်နေခြင်းကြောင့် လုပ်ငန်းရှင်များက မြေတန်ဖိုးမြင့် တက်လာနိုင်ခြေရှိသည်ဆိုသော မျှော်လင့်ချက်များမထားရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒုသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲ၌ သတိပေးပြောကြားသည်။

‘‘မြေယာစီမံခန့်ခွဲမှုကို အစိုး ရက စနစ်တကျလုပ်ဆောင်နေပါ တယ်။ မြေတန်ဖိုးတွေကျသွား အောင် တိုင်းအစိုးရ လုပ်ဆောင် နေတယ်။ လုပ်ငန်းရှင်တွေ မြေအ ပေါ်မှာ မျှော်လင့်ချက်တွေရှိနေမှာ စိုးလို့ပြောပြတာပါ။ မြေတန်ဖိုးက ရန်ကုန်မှာ တဖြည်းဖြည်းကျဆင်း လာဖို့ပဲရှိတယ်’’ဟု ဦးဖြိုးမင်းသိန်း က ပြောသည်။

ရန်ကုန်မြို့ရှိ အိမ်ရာစီမံ ကိန်းအဟောင်းများကို အဆင့် မြှင့်တင်ရန် ဂျပန်အပါအ၀င် နိုင်ငံ ခြားကုမ္ပဏီများနှင့် ဆွေးနွေးနေ ခြင်း၊ ရန်ကုန်မြို့အနီးဝန်းကျင် တွင် အဆောက်အအုံတည် ဆောက်မှုမရှိဘဲ မြေကွက်လွတ် အတိုင်း ထားရှိသည့် အိမ်ရာစီမံ ကိန်းများကို အမြန်ဆုံးလုပ်ဆောင် ရန်ရှိနေသည်ဟု ၀န်ကြီးချုပ်က ပြောကြားသည်။

အိမ်ခြံမြေ ဈေးကွက်တွင် ၀င်ရောက်ဈေးကစားမှုများကို ထိန်းချုပ်ရန် လွှတ်တော်ကလည်း ပိုင်ဆိုင်မှုအခွန် ကောက်ခံရန် ဥပဒေကို စတင်ရေးဆွဲနေ ကြောင်း ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် (၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာသန်းဝင်းက ပြောသည်။

‘‘ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် ရောင်းသူတွေ အရမ်းများလာ မယ်။ ဈေးနှုန်းတွေ လည်း ထပ်ကျ လာနိုင်တယ်’’ဟု မဏ္ဍိုင်အိမ်ခြံ မြေ အကျိုးဆောင်ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ ဦးသန်းဦးကပြော ကြားသည်။
ပိုင်ဆိုင်မှုဆိုင်ရာ အခွန် ကောက်ခံမှုသည် ပြည်ပတိုင်း ပြည်များတွင် လူတစ်ဦးက နေ ထိုင်ရန် အိမ်တစ်လုံးထက် ပိုမိုပိုင် ဆိုင်ပါက ကောက်ခံသည့် အခွန် မျိုးဖြစ်ကြောင်း စီးပွားရေးလုပ် ငန်းရှင်အချို့က ပြောသည်။

လက်ရှိတွင် တန်ဖိုးကြီးအိမ် မြေများအပါအ၀င် အိမ်ခြံမြေ၌ ရင်းနှီးမြှုပ်နှံသူ များသည် ငွေကြေး အင်အားချမ်းသာသူများက အ များစုဖြစ်နေခြင်းကြောင့် အစိုးရ အနေဖြင့် ဥပဒေကို အတိအကျ အကောင်အထည်ဖော်နိုင်မည့် အခြေအနေကိုလည်း စီးပွားရေး လုပ်ငန်းရှင်အချို့က မျှော်လင့်နေ သည်။

အိမ်ခြံမြေအကျိုးဆောင်အ ချို့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က မကြာမီပြဋ္ဌာန်းခဲ့ သော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ဥပဒေကြမ်းအဆင့်အထိ ရေးဆွဲပြီးသည့် မြန်မာနိုင်ငံ ကုမ္ပဏီဥပဒေတို့ကြောင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများကို ပြည် တွင်း၌ စီးပွားရေးလုပ်ရန် ရင်းနှီး မြှုပ်နှံမှုများ ဆွဲဆောင်နိုင်ခြေရှိသ ဖြင့် ငြိမ်သက်နေသော အိမ်ခြံမြေ ဈေးကွက် အရှိန်အဟုန်ဖြင့် တိုး တက်လာမည်ဟု မျှော်မှန်းနေ သည်။
7Day News Journal

No comments:

Post a Comment