Latest News

Saturday, February 11, 2017

ရိုးမသစ္စာ ခရီးသည်တင်ကား တံတားဘောင်နှင့်တိုက်မိပြီး လမ်းဘေးထိုးကျ

ရိုးမသစ္စာ ခရီးသည်တင်ကား တံတားဘောင်နှင့်တိုက်မိပြီး လမ်းဘေးထိုးကျ

ရန်ကုန်မှ ကျောက်ဖြူမြို့ကို မောင်းနှင်းလာတဲ့ ခရီးသည်တင်ရိုးမသစ္စာ ကားတစီးဟာ တံတားဘောင်နဲ့တိုက်မိလို့ လမ်းဘေးကိုထိုးကျသွားပါတယ်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အုန်းတောကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၉ နာရီလောက်က ရိုးမသစ္စာခရီးသည်တင်ကားဟာ လမ်းဘေးတံတားဘောင်းကိုတိုက်မိပြီး ထိုး ကျသွားတာလို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်မောင်မောင်ထွန်းက ဒီဗွီဘီကိုပြောပါတယ်။

“ကားက အရှိန်လွန်ပြီးတော့ အရှိန်မထိန်းနိုင်လို့ လမ်းဘေးက တံတားဘောင်ကိုတိုက်ပြီးတော့ လမ်းဘေးကို ထိုးကျသွားတာခင်ဗျ၊ ခရီးသည်တွေဘာတွေ ဘာမှထိခိုက်ဒဏ်ရာရတာတွေမရှိဘူးခင်ဗျ။ ယာဉ်မဆင်မခြင်းမောင်းနှင်မှုနဲ့ ယာဉ်မောင်းကို အမှုဖွင့်ထားပါတယ်။”

ဘယ်လို့အကြောင်းကြောင့် တိုက်မိသွားတယ်ဆိုတာကို ယာဉ်မောင်း ဖြစ်သူ ဦးသန်းထွန်းကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ယာဉ်ထိန်းရဲက ဆက်လက်ပြောပါတယ်။

ရိုးမသစ္စာကားယာဉ်မောင်းဖြစ်သူ ဦးသန်းထွန်းကို ကျောက်ဖြုမြို့မြို့မရဲစခန်းက (ပ)၈ /၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ၂၇၉ အရ အမှုဖွင့်အရေး ယူထားတယ်လို့ပြောပါတယ်။

Sources : သတင်း - ဝဏ္ဏခွာညို ၊ဓာတ်ပုံ - ကျော်ဝင်း ( DVB )

No comments:

Post a Comment