Latest News

Friday, February 10, 2017

ဦးပိန်တံတားကို ယခင်မူရင်းကျွန်းတိုင် ၃၅ တိုင်ဖြင့် ပြန်လည်လဲလှယ်မည်

ဦးပိန်တံတားကို ယခင်မူရင်းကျွန်းတိုင် ၃၅ တိုင်ဖြင့် ပြန်လည်လဲလှယ်မည်

မန္တလေးတိုင်းဒေသကြီး တွင် ပြည်တွင်း၊ ပြည်ပခရီးသွား များ အမြဲလာရောက်သည့် ဦးပိန်တံတားကို ရေရှည်ထိန်းသိမ်းရန် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်ရာ တံတားရှိ ယခင်မူရင်းကျွန်းတိုင် ၃၅ တိုင်ကို ပြန်လည်အသုံးပြု လဲလှယ်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဦးပိန်တံတား ပြင်ဆင်မှုကို ဖေဖော်ဝါရီလလယ်တွင် စတင် ပြုလုပ်မည်ဖြစ်ကာ ပြည်တွင်း ကုမ္ပဏီတစ်ခုဖြစ်သည့် Myan-mar Teak Wood ကုမ္ပဏီနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန (မန္တလေးဌာနခွဲ) ညွှန်ကြား ရေးမှူး ဦးညိုမြင့်ထွန်းက ပြော ကြားသည်။

‘‘တံတားရေရှည်ထိန်းသိမ်း ဖို့အတွက် ပြင်ဆင်မှုအပိုင်းတွေ ကို လာမယ့်တစ်ပတ်မှာ စတင် လုပ်ဆောင်မှာဖြစ်တယ်။ ပြင်ဆင် မှုရဲ့ ပထမအဆင့်အနေနဲ့ကတော့ ၂၀၀၄ က ရေကြီးတဲ့အချိန် တံတားရဲ့ ကျွန်းတိုင်တွေက ပြုတ်ထွက် သွားတယ်။ ဒါကို ရေဦးဘုန်းကြီး ကျောင်းက ဆယ်ယူပြီး ဒါတွေကို ကျောင်းမှာ သုံးလိုက်တယ်။ အခု ကျွန်းတိုင်တွေကို ဘုန်းကြီး ကျောင်းက ပြန်ပေးတဲ့အတွက် ပြန်လည်အသုံးပြုတပ်ဆင်မှာပါ’’ ဟု ဦးညိုမြင့်ထွန်းက ပြောကြား သည်။

အဆိုပါ မူရင်းကျွန်းတိုင် ၃၅ တိုင်သည် ပျက်စီးမှုအနည်းငယ် သာရှိ၍ ပြန်လည်တပ်ဆင်အသုံး ပြုရန် စီစဉ်ခြင်းဖြစ်ကြောင်း ၎င်း က ဆိုသည်။

ဦးပိန်တံတား ရှေးမူမပျက် ပြုပြင်ခြင်းလုပ်ငန်းကို Myanmar Teak Wood ကုမ္ပဏီက အကုန် အကျခံ၍  ၂၀၁၆ မတ်လ ၂၃ ရက်က တံတားအနောက်ပိုင်း ကြံ့ခိုင်မှုအားနည်းနေသည့် ကျွန်းတိုင် များ လဲလှယ်ခြင်း၊ ကြမ်းခင်းများ၊ ချုပ်တန်းများ အစားထိုးလဲလှယ် ခြင်းများ ပြုလုပ်ခဲ့သည်။

ဦးပိန်တံတားကို ၁၉၄၆ တွင် ရေအလွန်ကြီးခြင်းကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် တံတားအခန်းများကို ပြုလုပ်ထိန်းသိမ်းခဲ့ ပြီး ခေတ်အဆက်ဆက် ပြုပြင် ထိန်းသိမ်းလာရာ ၂၀၁၄ တွင် ငွေ ကျပ်သိန်း ၁၃၀ ကျော် အသုံးပြု ၍ နောက်ဆုံးပြုပြင်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန  (မန္တလေး ဌာနခွဲ) မှတ်တမ်းအရ သိရသည်။

ဦးပိန်တံတားကို အမရပူရ ခေတ် ပုဂံမင်းလက်ထက်က မြို့ စားစာရေး ဦးပိန်က အင်းဝနန်း တော်ဟောင်းမှ သစ်သားတိုင်လုံး ကျွန်းတိုင် ၁,၀၈၆ လုံး၊ အခန်း ပေါင်း ၄၈၂၊ တံတားအရှည်၃,၉၆၇ ပေဖြင့် ခရစ်နှစ် ၁၈၄၉ တွင် ဆောက်လုပ်ခဲ့သည်။


Sources : 7Day News Journal

No comments:

Post a Comment