Latest News

Monday, February 27, 2017

ဖိလစ်ပိုင်ဝန်ကြီးရဲ့ စကားကို တရုတ်က အဓိပ္ဗယ်ကောက်လွဲတာပါလို့ ဒူတာတီ ဖြေရှင်း

ဖိလစ်ပိုင်ဝန်ကြီးရဲ့ စကားကို တရုတ်က အဓိပ္ဗယ်ကောက်လွဲတာပါလို့ ဒူတာတီြေေဖြေရှင်


သူ့အနေနဲ့ တရုတ်နဲ့ဆက်ဆံရေး ခိုင်မာစေချင်ကြောင်း ဒူတာတီက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ - ဖိလစ်ပိုင်ကိုလာရောက်မယ့် ခရီးစဉ်ကိုတရုတ်စီးပွားရေး ဝန်ကြီး ဘာကြောင့်ဖျက်သိမ်းခဲ့တာလဲဆိုတာကိုသူနားမလည်နိုင်ကြောင်း ဒူတာတီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ စစ်အင်အားတိုးချဲ့မှုနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကားကို ဘေဂျင်းက အဓိပ္ဗာယ်ကောက်မှားနေတာပါလို့ သူကဆိုပါတယ်။

သူအနေနဲ့ တရုတ်နဲ့ဆက်ဆံရေးခိုင်မာစေချင်ကြောင်း၊ မနီလာကို အသာပေးပြီး တရုတ်ကိုအမျက်ထွက်စေခဲ့တဲ့ မနှစ်က နိုင်ငံတကာခုံရုံးရဲ့ဆုံးဖြတ်ချက်ကို ဘေဂျင်းလက်ခံလာစေရေး အတင်းအကျပ်ဖိအားပေးဖို့ လောကြီးစရာအကြောင်း မရှိကြောင်း ဒူတာတီက ပြောပါတယ်။
စပရက်တလေကျွန်းစုတွေပေါ်မှာ တရုတ်ကလက်နက်တွေထားရှိတပ်ဆင်မှု နဲ့ ပတ်သက်ပြီး သည်ဒေသမှာ ဆိုးဆိုးရွားရွားစိုးရိမ်စရာတွေရှိနေပြီလို့ ဖိလစ်ပိုင်နိုင် ငံ ခြားရေးဝန်ကြီး ပါဖက်တိုယာဆေးက အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

ပြဿနာက ဝန်ကြီးယာဆေးကို တရုတ်အစိုးရကအထင်လွဲသွားခဲ့တာဖြစ်မယ်လို့ ထင်တယ်၊ တရုတ်နိုင်ငံအနေနဲ့ စိတ်ချနေစေချင်ပါတယ်၊ ကျွန်တော် အဲဒီကို ရောက်ခဲ့ချိန် ကျွန်တော်တို့မိတ်ဆွေအဖြစ် ဆွေးနွေးပြောဆိုခဲ့ချိန်က ကတိပေးခဲ့တဲ့ အတိုင်းပါပဲလို့ ဒူတာတီက မနှစ်ကသူ့ရဲ့တရုတ်ခရီးစဉ်ကို ရည်ညွှန်းပြီးပြောပါ တယ်။

တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးကောင်းဟူချန်းဟာ ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိ ပူးတွဲစီမံကိန်း အခု ၄၀ ခန့်ကို လက်မှတ်ရေးထိုးဖို့အတွက် ကြာသ ပတေးနေ့မှာ ဖိလစ်ပိုင်ကိုသွားရာက်မယ့် တရားဝင်ခရီးစဉ်ကိုသွားခါနီးမှ ဖျက် သိမ်းခဲ့တာ ဖြစ်ပါတယ်။ သည့်အတွက်အကြောင်းရင်းကို နှစ်ဖက်စလုံးက မထုတ်ပြန်ခဲ့ပါဘူး။

တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့က အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့လို အကြီးစားရင်းနှီးမြှုပ်နှံသူတွေကို ပြင်းပြင်းထန်ထန်ပုတ်ခတ်ခဲ့တဲ့ ဒူတာတီရဲ့ ရှုပ်ထွေးတဲ့ နိုင်ငံခြားရေးမူဝါဒမှာ အဓိက ဦးတည်ချက်တစ်ခု ဖြစ်ပါတယ်။

ဖိလစ်ပိုင် သမ္မတ ဒူတာတီဟာ ချေးငွေ၊ နိုင်ငံခြားဧည့်သည်နဲ့ အခြေခံအဆောက် အအုံကိစ္စရပ်တွေအတွက် တရုတ်ကို အသုံးချနိုင်ဖို့အလေးထားကြိုးပမ်းနေတာပါ။

ဖိလစ်ပိုင်ဟာအမေရိကန်နဲ့ ကာလရှည်ကြာမဟာမိတ်ဖြစ်ခဲ့တာနဲ့ပဲ ဝါရှင်တန် ရဲ့ နိုင်ငံခြားရေးမူဝါဒကိုလိုက်နာရမယ်ဆိုတဲ့ ဝတ္တရားမရှိသလိုဘေဂျင်းနဲ့မသင့် မြတ်အောင်နေဖို့ဆိုတာ ရွေးချယ်စရာမလိုကြောင်း ဒူတာတီက သောကြာနေ့  မှာ ပြောပါတယ်။

ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်တွေဟာအရမ်းကို မတည်မငြိမ်ဖြစ်နေတဲ့တည်ဆောက် မှုကိစ္စအတွက် တညီတညွတ်တည်းစိုးရိမ်မှုဖော်ပြနေကြကြောင်း ယာဆေးရဲ့ ပြောကြားချက်တွေကြောင့် ဆက်ဆံရေးကိုထိခိုက်စေနိုင်ပါတယ်။ သူက အာဆီယံ အဖွဲ့ဝင်တွေရှောင်ရှားလေ့ရှိကြတဲ့ တရုတ်ကို အမည်တပ်ပြောဆိုမှုကိုရွေးချယ် ပြုလုပ်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ကန်ရွှမ်းကတော့ ယာဆေးရဲ့ ပြောစကားတွေဟာ ရှုပ်ထွေးစေပြီး စိတ်မကောင်းစရာအသုံးအနှုန်းတွေဖြစ် တယ်လို့ ကြာသပတေးနေ့မှာပြောခဲ့သလို ယာဆေးအနေနဲ့ ပြောဆိုပြုမူမှုတွေမှာ သတိထားပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။

YSD

[ref: Reuters, Feb 24, 2017.]

Kumudra

No comments:

Post a Comment