Latest News

Wednesday, February 15, 2017

အမေရိကန်ဒေါ်လာဈေး ပြန်ကျ

အမေရိကန်ဒေါ်လာဈေး ပြန်ကျ


ဗဟိုဘဏ်၏ သတ်မှတ်ဒေါ်လာ လဲနှုန်းတက်ခြင်းကြောင့် မြင့်တက်ခဲ့သော အမေရိကန် ဒေါ်လာဈေးသည် ယခုအခါ ပြည်ပ၌ ဒေါ်လာတန်ဖိုး ကျဆင်းသဖြင့် ပြည်တွင်း ဒေါ်လာဈေးနှုန်းများလည်း ပြန်လည် ကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

တစ်ဒေါ်လာလျှင် ၁၀ ကျပ်ခန့် ပြန်လည်ကျဆင်းခြင်းဖြစ်ပြီး ဆက်လက် ကျဆင်းဖွယ်ရှိကြောင်း ငွေကြေးဈေးကွက် ကျွမ်းကျင်သူများက သုံးသပ်သည်။

သို့သော် ဗဟိုဘဏ်၏ ဒေါ်လာ သတ်မှတ်လဲနှုန်းမှာမူ ကျဆင်းခြင်း မရှိဘဲ ယခင်နှုန်းအတိုင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ငွေလဲနှုန်း ထုတ်ပြန်ချက်များအရ သိရသည်။

ပြင်ပ ဒေါ်လာဈေးကွက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက တစ်ဒေါ်လာလျှင် ၁၃၇၀ ကျပ်ခန့်မှ ယခုအခါ ၁၃၆၀ ကျပ်သို့ ပြန်လည်ကျဆင်းခြင်းဖြစ်ပြီး ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာလျှင် ၁၃၆၀ ကျပ်ဖြစ်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။


The Voice

No comments:

Post a Comment