ကျောက်တော် မဟာမုနိဘုရားရဲ့စလွယ်တော်နဲ့ မကိုဋ်တော်တွေကို ဒေသခံတွေရဲ့တောင်းဆိုမှုကြောင့် ဖြုတ်ချ
ရခိုင်ပြည်နယ် ကျောက်တော် မဟာမုနိဘုရားမှာ န၀တအစိုးရ လက်ထက်က ဆက်ကပ်ထားတဲ့စလွယ်တော်နဲ့ မကိုဋ်တော်တွေကို ဘုရားအင်္ဂါရပ်နဲ့ မကိုက်ညီဘူးလို့ဒေသခံတွေကတောင်းဆိုတာကြောင့် ပြန်လည်ဖြုတ်ချ
လိုက်ပြီလို့သိရပါတယ်။ ဖေဖော်ဝါရီလ ၅ရက်နေ့ က မြောက်ဦး၊ စစ်တွေစတဲ့ မြို့ နယ်တွေက တာဝန်ရှိသူတွေအပါအ၀င် မြို့ နယ်သံဃနာယကအဖွဲ့ နဲ့  ဂေါပက အဖွဲ တို့က ပြန်လည်ဖြုတ်ခဲ့တာဖြစ်ပါတယ်။
မနေ့ က ဖြုတ်လိုက်တာ။ စလွယ်တော်ဖြုတ်တယ်။ မကိုဋ်တော်ဖြုတ်တယ်။ ဒီနေ့ သွားဖူးတော့ စလွယ်နဲ့  မကိုဋ်တော်ကို ဖြုတ်ထားတာတွေ့ တယ်။
စလွယ်ဆိုတာ ဘုရားနဲ့ မလိုက်ဘူး။ ဘုရားမှာ မထားသင့်တော်ပါဘူး။ စလွယ်ဆိုတာ ရှင်ဘုရင်တို့ သုံးတာ။ဘုရားအင်္ဂါရပ်နဲ့  မကိုက်ညီဘူးဆိုပြီး ပြည်သူတွေက မနှစ်သက်ပါဘူး။” လို့ ကျောက်တော်မြို့ နယ်ဒေသခံ ဦးစံရွှေမောင်က ပြောပါတယ်။
န၀တအစိုးရလက်ထက် ၁၉၉၃ ခုနှစ်က မဟာမုနိဘုရားကိုယ်လုံးတော်ပေါ်မှာ စလွယ်တော်နဲ့  မကိုဋ်တော်ကို တပ်ဆင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွင်းရေးမှူးဦးစောအောင်က ”မူလပကတိအတိုင်း ပဲလိုချင်တာပါ။ ဒေသခံတွေရောပေါ့။ ကျွန်တော်တို့ မဟာမုနိဘုရားမှာ အရင်က မကိုဋ်တော်တို့ ၊ စလွယ်တော်တို့ မရှိဘူးလေ။
ကြာသင်္ကန်းပဲရှိတာပါ” လို့  ဆိုပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ က ကျောက်တော်မြို့ နယ်ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေက မဟာမုနိ ဘုရားစလွယ်တော်နဲ့ မကိုဋ်တော် စွန့် ပစ်ရေးအတွက် ဆန္ဒထုတ်ဖော်တောင်း ဆိုခဲ့ပါတယ်။
အဲသည်လိုဆန္ဒထုတ်ဖော်ပွဲမတိုင်မီမှာ မဟာမုနိဘုရားကိုယ်လုံးတော်ပေါ်က မကိုဋ်တော်နဲ့ စလွယ် တော်ဖြုတ်ချရေး အတွက် ဂေါပကအဖွဲ့ ၊ မြို့ မိမြို့ ဖတွေနဲအရပ်ဖက်အဖွဲ့ အစည်းတွေကြား ကာလကြာအောင် ညှိနှိုင်းမရဖြစ်နေခဲ့တယ်လို့ သိရပါတယ်။
======
မဇ္ဖိုမ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment