Latest News

Thursday, February 2, 2017

ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု

ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု

တစ်ယောက်ကို ၅၀၀၀ လဲမပေးပါဘူး။

ဒံပေါက်ထုပ်ဝေမယ်ဆိုပြီး မြှူဆွယ်မှာ မဟုတ်ပါဘူး။

နှစ် ၆၀ကျော်ကြာ ပြည်သူတွေအတွက် ကောင်းကျိုးတစ်စက်မှမရှိတဲ့ပြည်တွင်းစစ်ကို အမြစ်ပြတ်စေဖို့ နှလုံးသားတွေထဲက လာတဲ့အသံတွေနဲ့တောင်းဆိုကြဖို့နှိုးဆော်တာပါ။

စစ်ဆိုတာ တကယ်တိုက်နေကြတဲ ဘက်နှစ်ဖက်က အောက်ခြေ စစ်သားတွေရောကျွဲနှစ်ကောင်ခတ်တဲ့ကြားထဲက မြေဇာပင်ပြည်သူတွေအတွက်ရောကျနော် တို့လို ပြည်မ မှာနေနေတဲ့ အခွန်ထမ်းပြည်သူတွေအတွက်ပါ တစ်စက်ကလေးမှ မကောင်းတာအမှန်ပါ။

တကယ်တမ်းစစ်ပွဲကိုအခြေပြုပြီး ဆွေစဉ်မျိုးဆက်ကြီးပွားကောင်းစားသွားကြတာဘယ်သူတွေလဲဆိုတာ ဆင်ခြင်ထုံတရားရှိတဲ့
ပြည်သူတိုင်း သိကြပါတယ်။

ဒါကြောင့် ကျနော်တို့
ငြိမ်းချမ်းရေးအတွက်တောင်းဆိုကြပါမယ်။

ဖေဖော်ဝါရီလ ၄ရက်နေ့မှာပါ။

ငြိမ်းချမ်းရေးကို ကိုယ့်ထမင်းကိုယ်စားပြီး တောင်းဆိုခဲ့ကြတယ်။ တောင်းဆိုနေကြဆဲ။ ဆက်လက်လဲ မရမချင်း ပုံသဏ္ဌာန်မျိုးစုံနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး တောင်းဆိုနေကြဦးမှာပါ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ပြောခဲ့တဲ့ ဆရာကြီးမသေခင် ငြိမ်းချမ်းရေးကိုမြင်ခွင့်ရချင်တယ်ဆိုတဲ့စကား ဆရာကြီးမသေခင်မှာမဖြစ်ခဲ့ပေမဲ့ ကျနော်တို့ အခုအချိန်မှာတော့ ပြည့်ဝဖို့သင့်ပါပြီ။

ကလေးတွေရဲ့အနာဂတ်၊ နောင်မျိုးဆက်တွေအတွက်၊ တိုင်းပြည်အတွက် တကယ်ငဲ့ကြည့်မယ်ဆိုရင်.………

လူလူချင်း သတ်ဖြတ်နေတာကို စာနာတတ်တဲ့ လူသားစစ်စစ်ဆိုတာသေချာရင်…………

ငြိမ်းချမ်းရေးအတွက်

ခုပဲ
ထပါ…
ရပ်ပါ…
တတ်နိုင်သမျှ ငြိမ်းချမ်းရေးအတွက်ပါဝင်တောင်းဆိုကြပါ။

အမျိုးတို့​ရေ..မ​မေ့ကြနဲ့
®®®®®®

(၄.၂.၂၀၁၇)

Phyoe Dhana

ပိုးအိဖြူ

No comments:

Post a Comment