Latest News

Sunday, February 5, 2017

အမေရိကန်နိုင်ငံထဲ ဝင်လာသူတွေကို အသေအချာစိစစ်ဖို့ ထရမ့် ပြော

အမေရိကန်နိုင်ငံထဲ ဝင်လာသူတွေကို အသေအချာစိစစ်ဖို့ ထရမ့် ပြော

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံ လူတွေကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့ သူ့ရဲ့ ကန့်သတ်မိန့် ဆိုင်းငံ့ခံထားရဆဲမှာပဲ အမေရိကန်နိုင်ငံထဲ ဝင်လာသူတွေကို အသေအချာ စိစစ်ဖို့ နယ်စပ်ရေးရာတာဝန်ရှိ ပုဂ္ဂိုလ်တွေကို ညွှန်ကြားလိုက်ပါတယ်။

ပြည်ဝင်ခွင့် ကန့်သတ်မိန့်ကို ကန့်ကွက်တားဆီးခဲ့တဲ့ တရားရုံးတွေဟာ အမေရိကန်နိုင်ငံရဲ့ နယ်စပ်တွေ လုံခြုံမှု ရှိရေးကို ခက်ခဲအောင် လုပ်နေကြတာလို့ သမ္မတထရမ့်က ပြောကြားလိုက်ပြီး မူလ တရားရုံးဆုံးဖြတ်မိန့်ကို နောက်ကွယ်ကနေ စီစဉ်ခဲ့တဲ့ တရားသူကြီးတွေဟာ တိုင်းပြည် ဒုက္ခရောက်အောင် လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

တကယ်လို့ တခုခုသာ ဖြစ်ခဲ့မယ် ဆိုရင် အဲဒီ တရားသူကြီးတွေနဲ့ တရားရုံးတွေအပေါ် အပြစ်ပုံချရမယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။

သမ္မတရဲ့ ပြည်ဝင်ခွင့် ကန့်သတ်မိန့်ကို ချက်ချင်း ပြန် အတည်ပြုဖို့ အစိုးရရဲ့ ပန်ကြားချက်ကို ဖက်ဒရယ် အယူခံတရားရုံးက အစောပိုင်းမှာ ပယ်ချခဲ့ပါတယ်။

တရားရေး ဌာနအနေနဲ့ တနင်္လာနေ့ နေ့လည် မတိုင်ခင် တုံ့ပြန် အယူခံခွင့် ရှိမှာ ဖြစ်ပါတယ်။

ပြည်ဝင်ခွင့် ကန့်သတ်မိန့် အယူခံခွင့် နိုင်မယ်လို့ သမ္မတ ထရမ့်က ယုံကြည်နေပါတယ်။

ဘီဘီစီမြန်မာပိုင်း

No comments:

Post a Comment